Tuesday 26 August 2014

ရာထူးမှ ဆင်းပေးရမည် ဖြစ်သော်လည်း လုပ်ဆောင်ခဲ့သမျှ အတွက် ကျေ နပ်ကြောင်း အင်ဒို သမ္မတ ပြောကြား

Photo: ရာထူးမှ ဆင်းပေးရမည် ဖြစ်သော်လည်း လုပ်ဆောင်ခဲ့သမျှ အတွက် ကျေ နပ်ကြောင်း အင်ဒို သမ္မတ ပြောကြား
Tuesday, August 26, 2014
 
ရာထူးမှ ဆင်းပေးရမည် ဖြစ်သော်လည်း နိုင်ငံ၏ ဒီမိုကရေစီ စနစ်နှင့် စီးပွားရေး အင်အားကို မြှင့်တင် တည်ဆောက် ပေးနိုင်ခဲ့သဖြင့် အပြည့်အဝ ကျေနပ်မှု ရှိကြောင်း အင်ဒိုနီးရှား သမ္မတဆူဆီလိုဘမ်ဘန်း ယူဟွိုင်အိုနိုက ပြောကြား ခဲ့သည်။ စစ်ဗိုလ်ချုပ်ကြီး ဘဝမှ သမ္မတအဖြစ် ပြောင်းလဲ တာဝန်ယူခဲ့သူ ယူဟွိုင်အိုနိုသည် နိုင်ငံအာဏာကို ဆယ်စုနှစ် တစ်ခုမျှ ထိန်းသိမ်း ထားခဲ့ပြီးနောက် ဇူလိုင်လ ရွေးကောက်ပွဲတွင် ပြုပြင်ပြောင်းလဲရေး အမြင်ရှိသူ ဂျိုကို ဝီဒိုဒိုကို အရေးနိမ့်ခဲ့သည်။ ယူဟွိုင်အိုနိုသည် အောက်တိုဘာလတွင် သမ္မတသက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ဝီဒိုဒိုက ၎င်း၏ နေရာတွင် အစားထိုး ဝင်ရောက်မည် ဖြစ်သည်။

The Australian သတင်းစာနှင့် အင်တာဗျူးတွင် ယူဟွိုင်အိုနိုက သမ္မတ အနေဖြင့် မိမိ လုပ်သင့်သော အကြောင်းအရာများ ကျန်နေသေးသော်လည်း အများစုကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ “သမ္မတရုံးကို စွန့်ခွာရတဲ့ အချိန်မှာ ကျွန်တော် အပြည့်အဝ ကျေနပ်တဲ့ စိတ်မျိုး ဖြစ်ပေါ်နေပါလိမ့်မယ်။ နိုင်ငံကို အလုပ်အကျွေးပြုဖို့ စွမ်းသမျှ ကျွန်တော် လုပ်ပေးခဲ့တယ်။ သမ္မတရုံးမှာ (၁၀)နှစ်လုံးလုံး တာဝန်ယူခဲ့တဲ့ အတောအတွင်း အင်ဒိုနီးရှားဟာ ပိုပြီး တောင့်တင်းခိုင်မာတဲ့ နိုင်ငံတစ်ခု ဖြစ်လာတယ်။ ဒီမိုကရေစီ စနစ်နဲ့ စီးပွားရေး ကဏ္ဍတွေမှာလည်း ပိုပြီး အားကောင်းလာ ပါတယ်”ဟု ၎င်းက မှတ်ချက်ပေးခဲ့သည်။

ယူဟွိုင်အိုနိုသည် အဂတိ လိုက်စားမှု၊ သူပုန်ထကြွမှုများနှင့် မငြိမ်မသက် ဖြစ်နေသည့် အင်ဒိုနီးရှား နိုင်ငံကို သမ္မတအဖြစ် စတင်တာဝန်ယူခဲ့ရသူ ဖြစ်သည်။ “ကျွန်တော်တို့ စိန်ခေါ်မှုတွေ အများကြီး ကြုံခဲ့တယ်။ ဒါပေမဲ့ တစ်ခုချင်းစီ ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်”ဟု ယူဟွိုင်အိုနိုက ဆိုသည်။ “အာချေးမှာ ဖြစ်နေတဲ့ ခွဲထွက်ရေး ပြောက်ကျား ပြဿနာတွေကို ကျွန်တော်တို့ ရှင်းလင်းနိုင်ခဲ့တယ်။ ပါပူအာမှာ အခြေအနေတွေ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့တယ်။ (၂၀၀၄)ခုနှစ်၊ ဆူနာမီရေလှိုင်း ရိုက်ခတ်မှု ဖြစ်ရပ်ကြီး အပါအဝင် တခြား သဘာဝ ကပ်ဘေးတွေကနေ ပြန်နိုးထလာနိုင်ခဲ့တယ်။ ပြီးတော့ ခြစားမှုတွေကို ပြင်းပြင်းထန်ထန် ကြိုးစား တိုက်ဖျက်ခဲ့တယ်။ ဒါက အမြဲတမ်း အဆင်ပြေ အောင်မြင်နေဖို့တော့ မလွယ် ပါဘူး။ နိုင်ငံထဲက အကြမ်းဖက် လက်နက်ကိုင် အဖွဲ့တွေကို ကျွန်တော်တို့ ဖျက်ဆီးနိုင်ခဲ့တယ်။ တစ်ကမ္ဘာလုံးနဲ့ နိုင်ငံတကာ အဆင့် ဆက်ဆံရေးတွေကို ပိုပြီးတော့ တက်တက်ကြွကြွ အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်”ဟုလည်း ယူဟွိုင်အိုနိုက ပြောကြားသွားခဲ့သည်။ 

_Ref: Channelnewsasia
7Day DAILY
ရာထူးမှ ဆင်းပေးရမည် ဖြစ်သော်လည်း နိုင်ငံ၏ ဒီမိုကရေစီ စနစ်နှင့် စီးပွားရေး အင်အားကို မြှင့်တင် တည်ဆောက် ပေးနိုင်ခဲ့သဖြင့် အပြည့်အဝ ကျေနပ်မှု ရှိကြောင်း အင်ဒိုနီးရှား သမ္မတဆူဆီလိုဘမ်ဘန်း ယူဟွိုင်အိုနိုက ပြောကြား ခဲ့သည်။ စစ်ဗိုလ်ချုပ်ကြီး ဘဝမှ သမ္မတအဖြစ် ပြောင်းလဲ တာဝန်ယူခဲ့သူ ယူဟွိုင်အိုနို သည် နိုင်ငံအာဏာကို ဆယ်စုနှစ် တစ်ခုမျှ ထိန်းသိမ်း ထားခဲ့ပြီးနောက် ဇူလိုင်လ ရွေးကောက် ပွဲတွင် ပြုပြင်ပြောင်းလဲရေး အမြင်ရှိသူ ဂျိုကို ဝီဒိုဒိုကို အရေးနိမ့်ခဲ့သည်။ ယူဟွိုင်အိုနိုသည် အောက်တိုဘာ လတွင် သမ္မတသက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ဝီဒိုဒိုက ၎င်း၏ နေရာတွင် အစားထိုး ဝင်ရောက် မည် ဖြစ်သည်။
The Australian သတင်းစာနှင့် အင်တာဗျူးတွင် ယူဟွိုင်အိုနိုက သမ္မတ အနေဖြင့် မိမိ လုပ်သင့်သော အကြောင်း အရာများ ကျန်နေသေးသော်လည်း အများစုကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင် ခဲ့ကြောင်း ပြောကြားခဲ့သည်။ “သမ္မတရုံးကို စွန့်ခွာရတဲ့ အချိန်မှာ ကျွန်တော် အပြည့်အဝ ကျေနပ်တဲ့ စိတ်မျိုး ဖြစ်ပေါ်နေပါလိမ့်မယ်။ နိုင်ငံကို အလုပ်အကျွေးပြုဖို့ စွမ်းသမျှ ကျွန်တော် လုပ်ပေးခဲ့တယ်။ သမ္မတရုံး မှာ (၁၀)နှစ်လုံးလုံး တာဝန်ယူခဲ့တဲ့ အတောအတွင်း အင်ဒိုနီးရှားဟာ ပိုပြီး တောင့်တင်းခိုင်မာတဲ့ နိုင်ငံ တစ်ခု ဖြစ်လာတယ်။ ဒီမိုကရေစီ စနစ်နဲ့ စီးပွားရေး ကဏ္ဍတွေမှာလည်း ပိုပြီး အားကောင်းလာ ပါတယ်”ဟု ၎င်းက မှတ်ချက်ပေးခဲ့သည်။

ယူဟွိုင်အိုနိုသည် အဂတိ လိုက်စားမှု၊ သူပုန်ထကြွမှုများနှင့် မငြိမ်မသက် ဖြစ်နေသည့် အင်ဒိုနီးရှား နိုင်ငံကို သမ္မတအဖြစ် စတင်တာဝန်ယူခဲ့ရသူ ဖြစ်သည်။ “ကျွန်တော်တို့ စိန်ခေါ်မှုတွေ အများကြီး ကြုံခဲ့တယ်။ ဒါပေမဲ့ တစ်ခုချင်းစီ ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်”ဟု ယူဟွိုင်အိုနိုက ဆိုသည်။ “အာချေးမှာ ဖြစ်နေတဲ့ ခွဲထွက်ရေး ပြောက်ကျား ပြဿနာတွေကို ကျွန်တော်တို့ ရှင်းလင်းနိုင်ခဲ့တယ်။ ပါပူအာမှာ အခြေအနေတွေ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့တယ်။ (၂၀၀၄)ခုနှစ်၊ ဆူနာမီရေလှိုင်း ရိုက်ခတ်မှု ဖြစ်ရပ်ကြီး အပါအဝင် တခြား သဘာဝ ကပ်ဘေးတွေကနေ ပြန်နိုးထလာနိုင်ခဲ့တယ်။ ပြီးတော့ ခြစားမှုတွေကို ပြင်းပြင်းထန်ထန် ကြိုးစား တိုက်ဖျက်ခဲ့တယ်။ ဒါက အမြဲတမ်း အဆင်ပြေ အောင်မြင်နေဖို့တော့ မလွယ် ပါဘူး။ နိုင်ငံထဲက အကြမ်းဖက် လက်နက်ကိုင် အဖွဲ့တွေကို ကျွန်တော်တို့ ဖျက်ဆီးနိုင်ခဲ့တယ်။ တစ်ကမ္ဘာလုံးနဲ့ နိုင်ငံတကာ အဆင့် ဆက်ဆံရေးတွေကို ပိုပြီးတော့ တက်တက်ကြွကြွ အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်”ဟုလည်း ယူဟွိုင်အိုနိုက ပြောကြားသွားခဲ့သည်။

_Ref: Channelnewsasia
7Day DAILY

No comments:

Post a Comment