Tuesday 26 August 2014

အာဆီယံစီးပွားရေးအသိုက်အ၀န်း သတ်မှတ်ချိန်အတွင်း အကောင်အထည်ဖော်ရန် သမ္မတဦးသိန်းစိန်တိုက်တွန်း

Photo: အာဆီယံစီးပွားရေးအသိုက်အ၀န်း သတ်မှတ်ချိန်အတွင်း အကောင်အထည်ဖော်ရန် သမ္မတဦးသိန်းစိန်တိုက်တွန်း
Tuesday, August 26, 2014

၂၀၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေးအသိုက်အ ၀န်းထူထောင်ရန် အချိန် နီးကပ် နေပြီဖြစ်သော်လည်း လုပ်ငန်းစဉ် များ ၂၀ ရာခိုင်နှုန်း နီးပါးကျန်ရှိ နေသေး ၍ အချိန်နှင့် တစ်ပြေးညီ    အပြည့်အ၀အကောင်အထည် ဖော်နိုင်ရေး ၀ိုင်းဝန်းကြိုး ပမ်း ကြ ရန် အာဆီယံနိုင်ငံများကို သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြော ကြားသည်။

အာဆီယံစီးပွားရေး အသိုက်အ၀န်း(AEC) ပုံစံအကောင်အ ထည်ဖော်မှုအနေဖြင့် ၈၂ ဒသမ ၁ ရာခိုင်နှုန်းသာ ပြီးစီးနေသေးသည်။

 ‘‘အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ဖို့နဲ့ AEC ပုံစံကို အပြည့်အ၀အကောင်အထည် ဖော်နိုင်ဖို့အတွက် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့ ထပ်လောင်းတိုက်တွန်းလိုပါတယ်’’ ဟု သမ္မတဦးသိန်းစိန်က (၄၆) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားအဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အာဆီယံစီးပွားရေး အ သိုက်အ၀န်းနှင့် ဆက်စပ်အစည်း အဝေးများဖွင့်ပွဲအခမ်းအနား အ ဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

အာဆီယံစီးပွားရေးအသိုက် အ၀န်းနှင့် ပတ်သက်၍ အာဆီယံ ဒေသတွင်းပြည်သူများနှင့် စီးပွား ရေးလုပ်ငန်းရှင်များ ပိုမိုသိရှိရေး နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကို အလေးပေးဆောင်ရွက်ရမည်ဖြစ်သည်။ အာဆီယံဒေသ တွင်း စီးပွားရေးပူးပေါင်းမှုအ တွက်  အာဆီယံစီးပွားရေး အသိုက်အ၀န်းပုံစံအရ ဒေသတွင်းကုန် စည်ကုန်သွယ်မှု၊ ၀န်ဆောင်မှု ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ ရွှေ့ပြောင်းနိုင်ရေးနှင့် ငွေကြေးအ ရင်းအနှီးများ ပိုမိုလွတ်လပ်စွာ စီးဆင်းနိုင်ရေး ရည်မှန်းချက်အတိုင်း အဖွဲ့ဝင်နိုင်ငံများ ဆောင်ရွက်ရန်လိုအပ်ကြောင်း သမ္မတက ပြော ကြားခဲ့သည်။

 အာဆီယံဆွေးနွေးဖက် နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ကိုရီးယား၊ အိန္ဒိယ၊ သြစတြေး လျ၊ နယူးဇီလန်နိုင်ငံတို့နှင့် အာ ဆီယံလွတ်လပ်သော ကုန်သွယ် မှုဒေသ(AFTA) ထူထောင်၍ ကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေပြီး အာဆီယံနှင့် ဟောင်ကောင်တို့အကြား လွတ် လပ်သော ကုန်သွယ်မှုဒေသထူ ထောင်ရန် ဆွေးနွေးမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

AEC ထူထောင်မှုကို အ ထောက်အကူပြုစေရန် ဦးစားပေးနယ်ပယ်သုံးခုဖြစ်သော ဒေသတွင်းအသေးစားနှင့် အလတ်စားဖွံ့ဖြိုးတိုးတက်ရေး၊ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု တိုး မြှင့်ရေး၊ အာဆီယံနှင့်အာဆီယံစီးပွားရေးအသိုက်အ၀န်း၏ ၂၀၁၅ အလွန်စသော ဦးစားပေးနယ်ပယ် သုံးခုကို ယခုနှစ်စီးပွားရေးမဏ္ဍိုင်၏ အဓိကလုပ်ငန်းစဉ်အဖြစ် အကောင်အထည်ဖော်နေသည်။

7Day DAILY 

သမ္မတဦးသိန်းစိန်မိန့်ခွန်းပြောကြားစဉ်(president-office.gov.mm)
သမ္မတဦးသိန်းစိန်မိန့်ခွန်းပြောကြားစဉ်(president-office.gov.mm)
၂၀၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေးအသိုက်အ ၀န်းထူထောင်ရန် အချိန်နီးကပ် နေပြီဖြစ်သော်လည်း လုပ်ငန်းစဉ်များ ၂၀ ရာခိုင်နှုန်းနီးပါးကျန်ရှိ နေသေး၍ အချိန်နှင့် တစ်ပြေးညီအပြည့်အ၀အကောင်  အထည် ဖော်နိုင်ရေး ၀ိုင်းဝန်းကြိုးပမ်းကြ ရန် အာဆီယံနိုင်ငံများကို သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြော ကြားသည်။
အာဆီယံစီးပွားရေး အသိုက်အ၀န်း(AEC) ပုံစံအကောင်အ ထည်ဖော်မှုအနေဖြင့် ၈၂ ဒသမ ၁ ရာခိုင်နှုန်း သာ ပြီးစီးနေသေးသည်။

 ‘‘အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ဖို့နဲ့ AEC ပုံစံကို အပြည့်အ၀အကောင်အထည် ဖော်နိုင်ဖို့အတွက် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့ ထပ်လောင်းတိုက်တွန်းလိုပါတယ်’’ ဟု သမ္မတဦးသိန်းစိန်က (၄၆) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်း အနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အာဆီယံစီးပွားရေး အ သိုက်အ၀န်းနှင့် ဆက်စပ်အစည်း အဝေးများဖွင့်ပွဲအခမ်းအနား အ ဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

အာဆီယံစီးပွားရေးအသိုက် အ၀န်းနှင့် ပတ်သက်၍ အာဆီယံ ဒေသတွင်းပြည်သူများနှင့် စီးပွား ရေး လုပ်ငန်းရှင်များ ပိုမိုသိရှိရေး နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကို အလေးပေးဆောင်ရွက် ရမည်ဖြစ် သည်။ အာဆီယံဒေသ တွင်း စီးပွားရေးပူးပေါင်းမှုအတွက်  အာဆီယံစီးပွားရေး အသိုက်အ၀န်း ပုံစံအရ ဒေသ တွင်းကုန် စည်ကုန်သွယ်မှု၊ ၀န်ဆောင်မှု ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကျွမ်းကျင်လုပ် သားများ လွတ်လပ်စွာ ရွှေ့ပြောင်းနိုင်ရေးနှင့် ငွေကြေးအ ရင်းအနှီးများ ပိုမိုလွတ်လပ်စွာ စီးဆင်းနိုင်ရေး ရည်မှန်းချက်အတိုင်း အဖွဲ့ဝင်နိုင်ငံများ ဆောင်ရွက်ရန်လိုအပ်ကြောင်း သမ္မတက ပြော ကြားခဲ့သည်။

 အာဆီယံဆွေးနွေးဖက် နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ကိုရီးယား၊ အိန္ဒိယ၊ သြစတြေး လျ၊ နယူး ဇီလန်နိုင်ငံတို့နှင့် အာ ဆီယံလွတ်လပ်သော ကုန်သွယ် မှုဒေသ(AFTA) ထူထောင်၍ ကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေပြီး အာဆီယံနှင့် ဟောင်ကောင်တို့အကြား လွတ် လပ်သော ကုန်သွယ် မှုဒေသ ထူ ထောင်ရန် ဆွေးနွေးမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

AEC ထူထောင်မှုကို အ ထောက်အကူပြုစေရန် ဦးစားပေးနယ်ပယ် သုံးခုဖြစ်သော ဒေသတွင်း အသေး စားနှင့် အလတ်စားဖွံ့ဖြိုးတိုးတက်ရေး၊ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု တိုး မြှင့်ရေး၊ အာဆီယံနှင့် အာဆီယံ စီးပွားရေးအသိုက်အ၀န်း၏ ၂၀၁၅ အလွန်စသော ဦးစားပေးနယ်ပယ် သုံးခုကို ယခုနှစ်စီးပွားရေး မဏ္ဍိုင်၏ အဓိကလုပ်ငန်းစဉ်အဖြစ် အကောင်အထည်ဖော်နေသည်။

7Day DAILY

No comments:

Post a Comment