Tuesday 26 August 2014

မောင်းနှင်လာသောယာဉ်ပေါ် မြန်မာ့ဆက်သွယ်ရေးဖုန်းတိုင်ကျိုးကျမှုကြောင့် တစ်ဦးဒဏ်ရာရ

Photo: မောင်းနှင်လာသောယာဉ်ပေါ် မြန်မာ့ဆက်သွယ်ရေးဖုန်းတိုင်ကျိုးကျမှုကြောင့် တစ်ဦးဒဏ်ရာရ
Tuesday, August 26, 2014

တာမွေမြို့နယ်တွင် မောင်းနှင်လာသောယာဉ်ပေါ် မြန်မာ့ဆက်သွယ်ရေးမှဖုန်းတိုင် ရုတ်တရက်ကျိုးကျမှုကြောင့် ယာဉ်မောင်းဒဏ်ရာရရှိမှု သြဂုတ် ၂၅ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။

တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် သီရိလင်္ကာရာမကျောင်းလမ်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူမှာ အဆိုပါမြို့နယ် ၁၆၄ လမ်းနေ ဦးတင်ဝင်းဆိုသူဖြစ်ကြောင်း သိရသည်။

"ကျွန်တော်ကားကို ပုံမှန်အတိုင်းမောင်းလာတုန်း မျက်စိထဲရိပ်ခနဲမြင်လိုက်တယ်။ ပထမတော့ ဓာတ်တိုင်ကျိုးကျတယ်လို့ထင်တာ။ နောက်တော့ ဖုန်းတိုင်ဖြစ်မှန်းသိတယ်။ ဆက်သွယ်ရေးကို အကြောင်းကြားလိုက်လို့  လာတော့ကြည့်သွားတယ်။ ဘာမှမပြောသွားဘူး" ဟု ဦးတင်ဝင်းကဆိုသည်။

ဖုန်းတိုင်သည် အဆိုပါကြက်ခြင်းများတင်ဆောင်လာသော ယာဉ်၏ယာဘက်ခြမ်းယာဉ်မောင်းနေရာ ခေါင်မိုးပေါ်သို့ကျိုးကျပြီး နောက်ယာဉ်ရှေ့မှန်ပေါ်သို့ ပိသွားခဲ့သည်။

ယာဉ်မောင်းဦးတင်ဝင်းတွင် ဖုန်းတိုင်ကျိုးကျပြီး ယာဉ်ပေါ်ပိသွားမှုကြောင့် ဦးခေါင်းနှင့်လက်တွင် ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဦးတင်ဝင်းက ယင်းဖုန်းတိုင်၏ ကွန်ကရစ်အတွင်း မြှုပ်နှံဖရိန်ချထားသော သံချောင်းများ၏အရွယ်အစားမှာ ရှိသင့်သောပမာဏထက် သေးလွန်းကြောင်း ၎င်း၏အမြင်ကို ပြောကြားသည်။     

Eleven Media Group 

ယာဉ်ပေါ်သို့ကျိုးကျသွားသော ဆက်သွယ်ရေးဖုန်းတိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ယာဉ်ပေါ်သို့ကျိုးကျသွားသော ဆက်သွယ်ရေးဖုန်းတိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
တာမွေမြို့နယ်တွင် မောင်းနှင်လာသောယာဉ်ပေါ် မြန်မာ့ဆက်သွယ်ရေးမှဖုန်းတိုင် ရုတ်တရက်ကျိုးကျ မှုေ ကြာင့် ယာဉ်မောင်း ဒဏ်ရာရရှိမှု သြဂုတ် ၂၅ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။
တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် သီရိလင်္ကာရာမကျောင်းလမ်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိ သူမှာ အဆိုပါမြို့နယ် ၁၆၄ လမ်းနေ ဦးတင်ဝင်းဆိုသူဖြစ်ကြောင်း သိရသည်။

"ကျွန်တော်ကားကို ပုံမှန်အတိုင်းမောင်းလာတုန်း မျက်စိထဲရိပ်ခနဲမြင်လိုက်တယ်။ ပထမတော့ ဓာတ်တိုင် ကျိုးကျတယ်လို့ထင်တာ။ နောက်တော့ ဖုန်းတိုင်ဖြစ်မှန်းသိတယ်။ ဆက်သွယ်ရေးကို အကြောင်းကြားလိုက် လို့  လာတော့ကြည့်သွားတယ်။ ဘာမှမပြောသွားဘူး" ဟု ဦးတင်ဝင်းကဆိုသည်။

ဖုန်းတိုင်သည် အဆိုပါကြက်ခြင်းများတင်ဆောင်လာသော ယာဉ်၏ယာဘက်ခြမ်းယာဉ်မောင်းနေရာ ခေါင် မိုးပေါ် သို့ ကျိုးကျပြီး နောက်ယာဉ်ရှေ့မှန်ပေါ်သို့ ပိသွားခဲ့သည်။

ယာဉ်မောင်းဦးတင်ဝင်းတွင် ဖုန်းတိုင်ကျိုးကျပြီး ယာဉ်ပေါ်ပိသွားမှုကြောင့် ဦးခေါင်းနှင့်လက်တွင် ပွန်းပဲ့ ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဦးတင်ဝင်းက ယင်းဖုန်းတိုင်၏ ကွန်ကရစ်အတွင်း မြှုပ်နှံဖရိန်ချထားသော သံချောင်းများ၏ အရွယ် အစားမှာ ရှိသင့်သောပမာဏထက် သေးလွန်းကြောင်း ၎င်း၏အမြင်ကို ပြောကြားသည်။    

Eleven Media Group

No comments:

Post a Comment