Tuesday 26 August 2014

သွေးနမူနာကို ကမ္ဘာ့ကျန်းမာရေးဓာတ်ခွဲခန်းသို့ မပို့ရသေး

 ဝေဘာဂီကူးစက်ဆေးရုံ တွင် စစ်ဆေးကုသမှုခံယူနေသော အီဘိုလာရောဂါသံသယရှိလူနာ၏ သွေးကို စစ်ဆေးရန်   ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO ဓာတ်ခွဲမှုဌာနရှိရာ အိန္ဒိယနိုင်ငံ၊ ပူးနေမြို့သို့ သြဂုတ်လ ၂၅ ရက် အထိ ပေးပို့ခြင်းမရှိသေးကြောင်း   ကျန်း မာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
မည်သည့် ကူးစက်မြန်ရော ဂါမဆို နိုင်ငံတကာရှိ ညွှန်းပို့ဓာတ် ခွဲခန်းများသို့ နမူနာပေးပို့ရန် ကန့်သတ် ချက်များရှိနေ၍ ပေးပို့ ရန်အခက်အခဲများရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သ တင်းထုတ်ပြန်ထား သည်။

‘‘သတ်မှတ်ထားတဲ့ဓာတ်ခွဲ ခန်းကို ပို့ဖို့စီစဉ်နေတုန်းပါ။ ပြီး တော့ ကျွန်တော်တို့ ဓာတ်ခွဲခန်းမှာ စစ်တုန်းက ငှက်ဖျားပိုးနှစ်ခုတွေ့ တော့ လက်ရှိမှာလည်း ငှက်ဖျားဆေးနဲ့ပဲကုနေတယ်။ လူနာလည်း ထမင်းတောင်စားနိုင်နေပါပြီ။ လေဆိပ်တွေမှာ စစ်တာတွေဘာတွေကတော့ WHOရဲ့ ညွှန်ကြားထားတဲ့ သတ်မှတ်ကာလအထိ လုပ်ဆောင်သွားမှာပါ’’ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါ ကာကွယ် နှိမ်နင်းရေး ဌာနမှ တွဲဖက်လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်ကပြော ကြားသည်။

အီဘိုလာသံသယရှိလူနာ အား လက်ရှိအချိန်ထိငှက်ဖျား ဆေးဖြင့် ကုသနေပြီး သြဂုတ်လ ၂၅ရက်အထိ   ကျန်းမာရေးအ ခြေအနေမှာ တိုးတက်ကောင်းမွန် နေပြီဖြစ်ပြီး ၎င်း၏သွေးနမူနာကို ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်း၌ ထားရှိထားကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ စုံစမ်းသိရှိရသည်။

သံသယရှိလူနာကျန်းမာ ရေးကောင်းမွန်လာသည်ဟု သတင်း ထုတ်ပြန်သောကြောင့် အဆို ပါသွေးကို ဆက်လက်ပို့ဆောင် သွားရန် အစီအစဉ်ရှိ၊မရှိကျန်းမာ ရေးဝန်ကြီးဌာနအားမေးမြန်းရာ ဖြေဆိုခြင်းမရှိပေ။

ဝေဘာဂီ ကူးစက်ဆေးရုံတွင် စစ်ဆေးကုသမှုခံယူနေသော အီဘိုလာရောဂါသံသယရှိလူနာသည် ရန်ကုန်မြို့ပြည်သူ့ကျန်းမာ ရေးဓာတ်ခွဲမှုဆိုင်ရာဌာနဓာတ်ခွဲ ခန်းအဖြေအရမည်သည့်ရောဂါမျှ မတွေ့ရှိဘဲ ငှက်ဖျားရောဂါပိုးနှစ် မျိုးဖြစ်သည့် ပလတ်စမိုဒီယမ်ဖတ် စီပရမ်နှင့် ပလတ်စမိုဒီယမ်ဗိုင်း ဘတ်ရောဂါပိုးနှစ်မျိုး ကူးစက်ခံ နေရခြင်းဖြစ်ကြောင်း  သတင်း ထုတ်ပြန်ထားသည်။

‘‘သူ့ကိုငှက်ဖျားရောဂါပဲလို့ သတ်မှတ်လိုက်ပြီလား။  သူ့အ တွက်ရော အားလုံးအတွက်ပါသေ ချာအောင်   မစစ်ဆေးတော့ဘူး လား။ ဘာပဲဖြစ်ဖြစ် ဒီသွေးကို တော့ ပေးပို့ပြီး စစ်ဆေးသင့်ပါ တယ်’’ဟု လှည်းတန်းပေ ၅၀လမ်း နေ ဦးစိန်လင်းကပြောသည်။

7Day DAILY

No comments:

Post a Comment