Tuesday 26 August 2014

တရားရုံးရောက် မွေ့ယာနဲ့လိင်ဆက်ဆံမှု

Photo: တရားရုံးရောက် မွေ့ယာနဲ့လိင်ဆက်ဆံမှု
Tuesday, August 26, 2014

တရားရုံးတွေမှာ ထူးဆန်းတဲ့ အမှုတွေလည်း ရောက်လာတတ်ပါတယ်။ အဲဒီထဲက အမှုတခုကတော့ အမျိုးသား တဦးဟာ မွေ့ယာနဲ့ လိင်ဆက်ဆံလို့ လန်ဒန်က တရားရုံးတခုကို ရောက်လာခဲ့တာပါဘဲ။ 

လန်ဒန် Derry မှာရှိတဲ့ Magistrate’s Court ကို မွေ့ရာနဲ့ လိင်ဆက်ဆံလို့ဆိုတဲ့ အမှုနဲ့ ရောက်လာသူက အသက် ၅၂ နှစ်ရှိတဲ့ Martin Gregory Coll ဖြစ်ပါတယ်။ သူဟာ ဓမ္မတာ မဟုတ်တဲ့ လိင်ဆက်ဆံမှု၊ လူမြင် ကွင်းမှာ မတော် တရော်လုပ်မှု စတာတွေနဲ့တရားစွဲခံရတာလို့ The Mirror သတင်း တပုဒ်က ရေးပါတယ်။ 

တရားလို ရဲတပ်ကြပ်ကြီးပြောတာက လိင်နိုးဆွတဲ့ ဗွီဒီယိုကြည့်နေသူ အဝတ်ဗလာအဲဒီအမျိုးသားကို ပြီးခဲ့တဲ့ စနေနေ့က ကားရပ်နားတဲ့နေရာတခုမှာ မွေ့ယာတခုကို လိင်ဆက်ဆံနေတာတွေ့ရတယ်လို့ ဆိုထားပါ တယ်။ 

ခရိုင်တရားသူကြီး Peter King ကို ရဲက လျှောက်လဲရာမှာတော့ အဲဒီ အမျိုးသား ကို လွန်ခဲ့တဲ့ ၃ ပတ်က အလှူခံပုံး ၃ ပုံးကို ခိုးမှုနဲ့ လွန်ခဲ့တဲ့ သတင်းပတ်ကဘဲ ဆိုင်းငံ့ပြစ်ဒဏ်ပေးခဲ့ပါသေးတယ် တဲ့။ 

Martin Gregory Coll ဟာ အိမ်ခြေမဲ့ တဦးလည်းဖြစ်ပြီး မကြာခဏဆိုသလို ရာဇဝတ်မှုပုဒ်မငယ်တွေနဲ့ ဖမ်းဆီးခံရ၊ ထောင်ချခံရလေ့ရှိပါတယ်တဲ့။ 

အခုတော့ သူဟာ Sexual Offender’s Prevention Order ဆိုတဲ့ လိင်ဆိုင်ရာ ပုဒ်မနဲ့ တရားစွဲခံထား ရတာက ကြာသပတေးနေ့မှာ စတင်ကြားနာမယ်လို့ သတင်း က ဆိုပါတယ်။ 

ဧရာဝတီ BLOG
တရားရုံးတွေမှာ ထူးဆန်းတဲ့ အမှုတွေလည်း ရောက်လာတတ်ပါတယ်။ အဲဒီထဲက အမှုတခုကတော့ အမျိုးသား တဦးဟာ မွေ့ယာနဲ့ လိင်ဆက်ဆံလို့ လန်ဒန်က တရားရုံးတခုကို ရောက်လာခဲ့တာပါဘဲ။
လန်ဒန် Derry မှာရှိတဲ့ Magistrate’s Court ကို မွေ့ရာနဲ့ လိင်ဆက်ဆံလို့ဆိုတဲ့ အမှုနဲ့ ရောက်လာသူက အသက် ၅၂ နှစ်ရှိတဲ့ Martin Gregory Coll ဖြစ်ပါတယ်။ သူဟာ ဓမ္မတာ မဟုတ်တဲ့ လိင်ဆက်ဆံမှု၊ လူမြင် ကွင်းမှာ မတော် တရော်လုပ်မှု စတာတွေနဲ့တရားစွဲခံရတာလို့ The Mirror သတင်း တပုဒ်က ရေးပါတယ်။

တရားလို ရဲတပ်ကြပ်ကြီးပြောတာက လိင်နိုးဆွတဲ့ ဗွီဒီယိုကြည့်နေသူ အဝတ်ဗလာအဲဒီအမျိုးသားကို ပြီးခဲ့တဲ့ စနေနေ့က ကားရပ်နားတဲ့နေရာတခုမှာ မွေ့ယာတခုကို လိင်ဆက်ဆံနေတာတွေ့ရတယ်လို့ ဆိုထားပါ တယ်။

ခရိုင်တရားသူကြီး Peter King ကို ရဲက လျှောက်လဲရာမှာတော့ အဲဒီ အမျိုးသား ကို လွန်ခဲ့တဲ့ ၃ ပတ်က အလှူခံပုံး ၃ ပုံးကို ခိုးမှုနဲ့ လွန်ခဲ့တဲ့ သတင်းပတ်ကဘဲ ဆိုင်းငံ့ပြစ်ဒဏ်ပေးခဲ့ပါသေးတယ် တဲ့။

Martin Gregory Coll ဟာ အိမ်ခြေမဲ့ တဦးလည်းဖြစ်ပြီး မကြာခဏဆိုသလို ရာဇဝတ်မှုပုဒ်မငယ်တွေနဲ့ ဖမ်းဆီး ခံရ၊ ထောင်ချခံရလေ့ရှိပါတယ်တဲ့။

အခုတော့ သူဟာ Sexual Offender’s Prevention Order ဆိုတဲ့ လိင်ဆိုင်ရာပုဒ်မနဲ့ တရားစွဲခံထား ရတာက ကြာသပတေးနေ့မှာ စတင်ကြားနာမယ်လို့ သတင်း က ဆိုပါတယ်။

ဧရာဝတီ BLOG

No comments:

Post a Comment