Tuesday 26 August 2014

မဲဆောက်ရှိ Silver & Gold Garment အထည်ချုပ်စက်ရုံ မှ မြန်မာ လုပ်သား များ ခြိမ်းခြောက်ခံနေရ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ Silver & Gold Garment အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေ သည့် မြန်မာအလုပ်သမားများမှာ လုပ်အားခဖြတ်တောက်ခံရသည့်အပြင် အလုပ်ရှင်မှ ခြိမ်းခြောက် မှုများပြုလုပ်သဖြင့် အမျိုးသမီးများမှာ စက်ရုံအတွင်း မနေရဲဖြစ်နေကြောင်း မဲဆောက် အခြေစိုက် မြန်မာပြည် သားများ အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၂ဝ ရက်က  Silver & Gold Garment  အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေ သည့် မြန် မာအလုပ်သမားများအနေဖြင့် လုပ်အားခဖြတ်တောက်ခံရမှု၊ အထည်ချုပ်စက်ရုံတွင် ရေ မလုံလောက် မှု၊ လုပ်ငန်းခွင်တွင်း ရိုင်းပြစွာဆက်ဆံခံရမှုတို့ကြောင့် အလုပ်သမား ၁ဝဝ ခန့်သည် အလုပ် မဆင်းဘဲ ဆန္ဒပြခဲ့ကြောင်းလည်း သတင်းရရှိသည်။

ထို့နောက်  မဲဆောက်မြို့ရှိ အလုပ်သမားကာကွယ်ရေးရုံးသို့ သွားရောက်တိုင်ကြားခဲ့ပြီး အလုပ်သမား လက်မှတ် အသစ်ပြုလုပ်ရန် ဖြတ်တောက်ထားသည့် ဘတ် ၂ဝ၈ဝ ထဲမှ ဘတ် ၁ဝဝဝ အား ပြန်ပေး ရန်၊  ရေလုံလောက်စွာသုံးစွဲနိုင်ရန် ဆောင်ရွက်ပေးရန်၊ အလုပ်သမားများ နေမကောင်းဖြစ်ပါက အလုပ်ရှင်မှ တာဝန်ယူပို့ဆောင်ပေးရန်၊ လစဉ် ၁၃ ရက်နေ့တိုင်း လစာထုတ်ရန် စသည့် အချက်လေး ချက်ကို ခုနှစ်ရက်အတွင်း အကောင်အထည်ဖော်ရန် အလုပ်ရှင်နှင့် သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

“ အလုပ်ရှင်အနေနဲ့ စာချုပ်ချုပ်ထားတဲ့ အချက်လေးချက်ကို ၇ ရက်အတွင်း အကောင်အထည်မဖော်ပေးတဲ့ အပြင် အလုပ်ရှင်ရဲ့လူယုံတွေကနေ ခြိမ်းခြောက်တာတွေလုပ်တဲ့အတွက် အမျိုးသမီးအများစုက စက်ရုံထဲမှာ မနေရဲတော့ပါဘူး။ အခုနောက်ဆုံး သူတို့တွေ မနေရဲတော့တဲ့အတွက်  စက်ရုံပြင်ပ အသိအိမ်တွေမှာ ညသွားအိပ်နေရပါတယ်” ဟု မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဥက္ကဌဦးမိုးကြိုးက ဆိုသည်။

လက်ရှိ၌ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများသည် လုပ်အားခဖြတ်တောက် ခံရခြင်း ၊ လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရပါက လျော်ကြေးမရရှိခြင်း ၊ လုပ်ခလစာမရရှိခြင်းတို့ကို ကြုံတွေ့နေရကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment