Tuesday 26 August 2014

လျှပ်စစ်ဖြန့်ဖြူးမှုတွင် ပုဂ္ဂလိကပါဝင် လုပ်ကိုင်ခွင့်ပြုမည်

မြန်မာနိုင်ငံ၏ လျှပ်စစ် ကဏ္ဍတွင် ထုတ်ဝေဖြန့်ဖြူးခြင်းနှင့် ထိန်းသိမ်းရေးအပိုင်းများကို အစိုး ရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းလုပ်ကိုင် သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုဝန်ကြီး ဦးမော်သာထွေး က ပြောသည်။
အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းပြီး သီးခြားအဖွဲ့ အစည်းတစ်ခုအဖြစ် လျှပ်စစ်စွမ်း အားဝန်ကြီး ဌာန လက်အောက် တွင် မဟုတ်ဘဲ လွတ်လပ်သော အဖွဲ့အစည်းတစ်ခုအဖြစ် လုပ် ဆောင်ရန် စီစဉ်နေကြောင်း ဒုဝန် ကြီး ဦးမော်သာထွေးက သြဂုတ်လ ၂၃ ရက်တွင် အထက်ပေါင်း လောင်းရေအား လျှပ်စစ်စီမံကိန်း ရှင်းလင်းပွဲတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသွားခြင်း ဖြစ်သည်။

‘‘မီတာခ ကောက်ခံတာတို့ ဓာတ်ကြိုးတွေလဲတာတို့ ပြုပြင် ထိန်းသိမ်းမယ့် အပိုင်းတွေမှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ လုပ် ကိုင်ခွင့်ရမယ့် သဘောပေါ့’’ ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ စနစ်ကို ရန်ကုန်တွင် စတင်လုပ်ဆောင်မည်ဖြစ်ပြီး နောက်ပိုင်း၌ တိုင်းနှင့် ပြည်နယ်ရှိ မြို့ကြီး များတွင် ဦးစားပေးလုပ် ဆောင်သွားမည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောကြား သည်။

အဆိုပါပုဂ္ဂလိကနှင့် အစိုးရ ပူးပေါင်းအကောင်အထည်ဖော် မည့် အစီအစဉ် စတင်နိုင်ပါက လျှပ်စစ် ဓာတ်အားပေးစနစ် ယခင်ကထက် ပိုမိုမြန်ဆန်လာနိုင်ပြီး လျှပ်စစ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးပါက တာဝန် ယူမှု တာဝန်ခံ မှုအပိုင်းတွင်လည်း အားကောင်း လာနိုင်ကြောင်း အထက်ပါတာ ၀န်ရှိသူက ဆိုသည်။

၎င်းအဖွဲ့အစည်းကို ဒီဇင် ဘာလတွင် နောက်ဆုံးထား ဖွဲ့စည်းသွားမည်ဖြစ်ပြီး အဖွဲ့အ စည်း ဖွဲ့စည်းခြင်း ကို နိုင်ငံတကာ အဖွဲ့အစည်း တစ်ခု၏ အကူအညီဖြင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

နိုင်ငံတကာနှင့် လျှပ်စစ်ဝန်ကြီးဌာနတို့မှ ပူးပေါင်းပြီး သီးခြားအဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းရန် စွမ်းအင် ၀န်ကြီးဌာနက ကော်ပိုရေးရှင်းတစ်ခု ဆောင်ရွက်၍ လုပ်ဆောင်ရန် စတင်နေပြီဖြစ်သည်။

7Day DAILY

No comments:

Post a Comment