Tuesday 26 August 2014

နိုင်ငံကို မှန်ကန်သော လမ်းကြောင်းပေါ် ရောက်ရေး စာပေအနုပညာရှင်များ ၀ိုင်းဝန်းကူညီရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Photo: နိုင်ငံကို မှန်ကန်သော လမ်းကြောင်းပေါ် ရောက်ရေး စာပေအနုပညာရှင်များ ၀ိုင်းဝန်းကူညီရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Tuesday, August 26, 2014

စာပေအနုပညာရှင်များ ၏ သြဇာကြောင့် နိုင်ငံရေးအရ၊  ယဉ်ကျေးမှုအရ အပြောင်းအလဲ များစွာရှိနိုင်ပြီး အဆိုပါအပြောင်း အလဲများမှန်ကန်သည့် လမ်း ကြောင်းပေါ်ရောက်ရန် စာပေ အနုပညာရှင်များ အားလုံးတွင် တာဝန်ရှိသည်ဟု သြဂုတ် ၂၅ ရက်က တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သော စာပေအနုပညာရှင်များနှင့် တွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်ကပြောကြား လိုက်သည်။

သြဂုတ် ၂၅ ရက်တွင် ဒေါ် အောင်ဆန်းစုကြည်နှင့် မြန်မာစာ ပေလောကမှ စာပေအနုပညာရှင် ၉၀ ဦးခန့် တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး တက်ရောက်လာသူ စာပေပညာ ရှင်များအား ဒေါ်အောင်ဆန်းစု ကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘စိတ်ဓာတ်တော်လှန်ရေးပဲ ဖြစ်ဖြစ်၊ ယဉ်ကျေးမှုတစ်ခု ထူ ထောင်တာပဲဖြစ်ဖြစ် အဲဒီလိုကိစ္စ တွေမှာဆိုရင် စာပေအနုပညာရှင် များရဲ့ သြဇာက အင်မတန်မှ အ ရေးပါပါတယ်’’ ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ သည်။

ယနေ့အချိန်သည် နိုင်ငံအ တွက် အလွန်အရေးကြီးနေသော အချိန်ဖြစ်ပြီး ယခု ၂၀၁၄ ခုနှစ်တွင် မှန်ကန်သော လမ်းပေါ် ရောက်မှသာ ၂၀၁၅ ခုနှစ်တွင် လို ချင်သည့် ပန်းတိုင်သို့ရောက်ရှိ နိုင်သောကြောင့် အမှန်တကယ် ရောက်သင့်သည့် လမ်းပေါ် ရောက်ရန် ၀ိုင်းဝန်းကူညီ ပေးရန်လည်း ဒေါ်အောင်ဆန်းစု ကြည်က တွေ့ဆုံပွဲသို့တက်ရောက် လာသူ စာပေအနုပညာရှင်များအား မေတ္တာရပ်ခံခဲ့သည်။

စာပေအနုပညာရှင်များ အနေဖြင့် ၁၉၈၈ ခုနှစ် ကာလက ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမို ကရေစီ အင်အားစုများဘက်မှ ရပ်တည်ခဲ့ပြီး ယနေ့အချိန်တွင် လည်း မနီးမဝေးတွင်ရှိနေပါသည် ဟု စာပေပညာရှင်များ ကိုယ်စား ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ) က ပြောကြားသည်။

‘‘အခုတိုင်းပြည်မှာ အရေးပါ တဲ့ကိစ္စရော၊ အရေးမပါတဲ့ကိစ္စ ရော ရှုပ်ယှက်ခတ်နေတဲ့ ကိစ္စ တွေဖြစ်နေပါတယ်။ ဒါတွေကို စာပေအနုပညာရှင်များဘက်က လည်း သူ့အတတ်ပညာနဲ့ သူရှင်း လင်းနေတာတွေရှိနေပါတယ်’’ ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော် တက်ရောက်လာ သူ စာရေးဆရာများ အားလုံးက နိုင်ငံရေးသမားများနှင့် စာပေအနု ပညာရှင်များအနေဖြင့် ချိတ်ဆက် မှုလမ်းကြောင်းတစ်ခုဖြင့် ပို၍ နီး နီးကပ်ကပ် ဆက်ဆံရန် လိုအပ် သည်ဟု ထောက်ပြခဲ့ကြသည်။

ထို့အပြင်ပြည်သူများ၏ အ ခြေအနေသည် ဟောပြောပွဲများ ပြုလုပ်ရုံဖြင့် မလုံလောက်တော့ဘဲ အပြန်အလှန် ဆွေးနွေးနိုင်သည့် ဆွေးနွေးပွဲများ ပြုလုပ်ရန် လိုအပ်နေသည်ဟု စာရေးဆရာဖေမြင့်က ပြောကြားသည်။

တွေ့ဆုံပွဲတွင် အစိုးရနှင့် စာနယ်ဇင်းများကြား၊ ပုံနှိပ်လုပ် ငန်းရှင်များကြား ပဋိပက္ခများနှင့် ဥပဒေများ ကိစ္စကိုလည်း စာပေ အနုပညာရှင်များက တင်ပြခဲ့ပြီး တရားစွဲဆိုခံရသူများကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအထောက်အကူပြုအဖွဲ့အနေဖြင့် ကူညီပေးနိုင်ရန်လည်း စာရေးဆရာများသမဂ္ဂနှင့် စာရေးဆရာများက ပြောကြားခဲ့ကြသည်။

ဆွေးနွေးပွဲများ ပြုလုပ်ရာ တွင်လည်း အစဉ်တက်ရောက်နေကျသူများနှင့် တက်နေကျ အကြောင်း အရာများမှ ကွဲထွက်သော အကြောင်းအရာများကိုစဉ်းစားပေးရန် ကာတွန်းဆရာအော်ပီကျယ်က ပြောသည်။

စာရေးဆရာများက ပြော ကြားသော ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးတွင် ဖြစ်ခဲ့သော ပုံ နှိပ်ထုတ်ဝေသူများဥပဒေကို အ မျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထောက်ခံခဲ့သည်မှာ နားလည်မှု အလွဲများကြောင့်ဟု ဒေါ်အောင် ဆန်းစုကြည်က ၀န်ခံပြောကြားခဲ့ ပြီး အချက်အလက်များပိုမိုရရှိရန် သီးသန့်လမ်းကြောင်းများ စီစဉ် မည်ဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲများပြုလုပ်ရန်နှင့် တရားစွဲဆိုခံရသူများအတွက် ဥ ပဒေအထောက်အကူပြုအဖွဲ့ဖြင့် ကူညီရန်မှာလည်း ပါတီအနေဖြင့် အဆင်သင့်ရှိသည်ဟု ဒေါ်အောင် ဆန်းစုကြည်က ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ စာပေအနုပညာရှင် ၉၀ ဦးခန့်တက်ရောက်ခဲ့ပြီး မောင်လင်းယုန်(ရှမ်း ပြည်)၊ မင်းယုဝေ၊ ၀င်းဖေ၊ ဘိုးလှိုင်၊ သစ္စာနီ၊ မောင်သွေးသစ်၊ တက္ကသိုလ်စိန်တင်၊ မောင်ပေါ်ထွန်း၊ မသီတာ(စမ်းချောင်းစသည့် စာပေအသိုင်းအ၀ိုင်းမှ စာရေးဆရာများနှင့်အတူ ပန်းချီမျိုးမြင့်၊ ကာတွန်း အော်ပီကျယ်၊ ကာတွန်းမြေဇာ၊ ဆာသော်ဒိုး၊ ဒီဇိုင်း စိုးဝင်းငြိမ်းစသည့် ပန်းချီကာတွန်းနှင့် ဓာတ်ပုံဒီဇိုင်း ပညာရှင်များ တက်ရောက်ခဲ့ကြသည်။

7Day DAILY 

ဒေါ်အောင်ဆန်းစုကြည်နှင့် စာပေအနုပညာရှင်များ သြဂုတ် ၂၅ ရက် တွင် တွေ့ဆုံနေ စဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ဒေါ်အောင်ဆန်းစုကြည်နှင့် စာပေအနုပညာရှင်များ သြဂုတ် ၂၅ ရက်တွင် တွေ့ဆုံနေစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
စာပေအနုပညာရှင်များ ၏ သြဇာကြောင့် နိုင်ငံရေးအရ၊  ယဉ်ကျေးမှုအရ အပြောင်းအလဲ များစွာရှိနိုင်ပြီး အဆိုပါ အပြောင်း အလဲများမှန်ကန်သည့် လမ်း ကြောင်းပေါ်ရောက်ရန် စာပေ အနုပညာရှင်များ အားလုံး တွင် တာဝန်ရှိသည်ဟု သြဂုတ် ၂၅ ရက်က တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သော စာပေအနုပညာရှင် များနှင့် တွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်ကပြောကြား လိုက် သည်။
သြဂုတ် ၂၅ ရက်တွင် ဒေါ် အောင်ဆန်းစုကြည်နှင့် မြန်မာစာ ပေလောကမှ စာပေအနုပညာရှင် ၉၀ ဦးခန့် တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး တက်ရောက်လာသူ စာပေပညာ ရှင်များအား ဒေါ်အောင်ဆန်းစု ကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘စိတ်ဓာတ်တော်လှန်ရေးပဲ ဖြစ်ဖြစ်၊ ယဉ်ကျေးမှုတစ်ခု ထူ ထောင်တာပဲဖြစ်ဖြစ် အဲဒီလိုကိစ္စ တွေမှာဆိုရင် စာပေအနုပညာရှင် များရဲ့ သြဇာက အင်မတန်မှ အ ရေးပါပါတယ်’’ ဟု ဒေါ်အောင် ဆန်းစုကြည် က ပြော ကြားခဲ့ သည်။

ယနေ့အချိန်သည် နိုင်ငံအ တွက် အလွန်အရေးကြီးနေသော အချိန်ဖြစ်ပြီး ယခု ၂၀၁၄ ခုနှစ်တွင် မှန် ကန်သော လမ်းပေါ် ရောက်မှသာ ၂၀၁၅ ခုနှစ်တွင် လို ချင်သည့် ပန်းတိုင်သို့ရောက်ရှိ နိုင်သောကြောင့် အမှန်တကယ် ရောက်သင့်သည့် လမ်းပေါ် ရောက်ရန် ၀ိုင်းဝန်းကူညီ ပေးရန်လည်း ဒေါ်အောင်ဆန်းစု ကြည်က တွေ့ဆုံပွဲသို့တက်ရောက် လာသူ စာပေအနုပညာရှင်များအား မေတ္တာရပ်ခံခဲ့သည်။

စာပေအနုပညာရှင်များ အနေဖြင့် ၁၉၈၈ ခုနှစ် ကာလက ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမို ကရေစီ အင်အား စုများဘက်မှ ရပ်တည်ခဲ့ပြီး ယနေ့အချိန်တွင် လည်း မနီးမဝေးတွင်ရှိနေပါသည်ဟု စာပေပညာရှင်များ ကိုယ်စား ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ) က ပြောကြားသည်။

‘‘အခုတိုင်းပြည်မှာ အရေးပါ တဲ့ကိစ္စရော၊ အရေးမပါတဲ့ကိစ္စ ရော ရှုပ်ယှက်ခတ်နေတဲ့ ကိစ္စ တွေဖြစ်နေ ပါတယ်။ ဒါတွေကို စာပေအနုပညာရှင်များဘက်က လည်း သူ့အတတ်ပညာနဲ့ သူရှင်း လင်းနေတာတွေ ရှိနေပါတယ်’’ ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော် တက်ရောက်လာ သူ စာရေးဆရာများ အားလုံးက နိုင်ငံရေးသမားများနှင့် စာပေအနု ပညာရှင်များ အနေဖြင့် ချိတ်ဆက် မှုလမ်းကြောင်းတစ်ခုဖြင့် ပို၍ နီး နီးကပ်ကပ် ဆက်ဆံရန် လိုအပ် သည်ဟု ထောက်ပြ ခဲ့ကြသည်။

ထို့အပြင်ပြည်သူများ၏ အ ခြေအနေသည် ဟောပြောပွဲများ ပြုလုပ်ရုံဖြင့် မလုံလောက်တော့ဘဲ အပြန် အလှန် ဆွေးနွေးနိုင် သည့် ဆွေးနွေးပွဲများ ပြုလုပ်ရန် လိုအပ်နေသည်ဟု စာရေးဆရာဖေမြင့် က ပြောကြား သည်။

တွေ့ဆုံပွဲတွင် အစိုးရနှင့် စာနယ်ဇင်းများကြား၊ ပုံနှိပ်လုပ် ငန်းရှင်များကြား ပဋိပက္ခများနှင့် ဥပဒေများ ကိစ္စ ကိုလည်း စာပေ အနုပညာရှင်များက တင်ပြခဲ့ပြီး တရားစွဲဆိုခံရသူများကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအထောက်အကူပြုအဖွဲ့အနေဖြင့် ကူညီပေးနိုင်ရန်လည်း စာရေးဆရာများသမဂ္ဂနှင့် စာရေးဆရာ များက ပြောကြားခဲ့ကြသည်။

ဆွေးနွေးပွဲများ ပြုလုပ်ရာ တွင်လည်း အစဉ်တက်ရောက်နေကျသူများနှင့် တက်နေကျ အကြောင်း အရာများ မှ ကွဲထွက်သော အကြောင်းအရာများကိုစဉ်းစားပေးရန် ကာတွန်းဆရာအော်ပီကျယ်က ပြောသည်။

စာရေးဆရာများက ပြော ကြားသော ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးတွင် ဖြစ်ခဲ့သော ပုံ နှိပ် ထုတ်ဝေသူများ ဥပဒေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထောက်ခံခဲ့သည်မှာ နားလည်မှု အလွဲ များကြောင့်ဟု ဒေါ်အောင် ဆန်းစုကြည်က ၀န်ခံပြောကြားခဲ့ ပြီး အချက်အလက်များပိုမိုရရှိရန် သီးသန့် လမ်းကြောင်း များ စီစဉ် မည်ဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲများပြုလုပ်ရန်နှင့် တရားစွဲဆိုခံရသူများအတွက် ဥ ပဒေအထောက်အကူပြုအဖွဲ့ဖြင့် ကူညီရန်မှာ လည်း ပါတီအနေဖြင့် အဆင်သင့်ရှိသည်ဟု ဒေါ်အောင် ဆန်းစုကြည်က ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ စာပေအနုပညာရှင် ၉၀ ဦးခန့်တက်ရောက်ခဲ့ပြီး မောင်လင်းယုန်(ရှမ်း ပြည်)၊ မင်းယုဝေ၊ ၀င်းဖေ၊ ဘိုးလှိုင်၊ သစ္စာနီ၊ မောင်သွေးသစ်၊ တက္ကသိုလ်စိန်တင်၊ မောင်ပေါ်ထွန်း၊ မသီတာ (စမ်းချောင်းစသည့် စာပေအသိုင်းအ၀ိုင်းမှ စာရေးဆရာများနှင့်အတူ ပန်းချီမျိုးမြင့်၊ ကာတွန်း အော်ပီကျယ်၊ ကာတွန်းမြေဇာ၊ ဆာသော်ဒိုး၊ ဒီဇိုင်း စိုးဝင်းငြိမ်းစသည့် ပန်းချီကာတွန်းနှင့် ဓာတ်ပုံဒီဇိုင်း ပညာရှင်များ တက်ရောက်ခဲ့ကြသည်။

7Day DAILY

No comments:

Post a Comment