Tuesday 26 August 2014

စက်သုံးဆီအရောင်းဆိုင်များ အီလက်ထရွန်နစ် ကိရိယာများ တပ်ဆင်စေမည်

 Photo: စက်သုံးဆီအရောင်းဆိုင်များ အီလက်ထရွန်နစ် ကိရိယာများ တပ်ဆင်စေမည်
Tuesday, August 26, 2014

 နိုင်ငံတစ်ဝန်းရှိ စက်သုံး ဆီ အရောင်းဆိုင်များပေါ်တွင် အခွန်ကောက်ယူမှုပုံစံပို၍ တိကျ လာစေရန် နေ့စဉ် ရောင်းချနေ သည့် ဓာတ်ဆီနှင့် ဒီဇယ်ဆီပမာ ဏကို သိရှိနိုင်မည့် အီလက်ထရွန် နစ်ကိရိယာများ တပ်ဆင်အသုံး ပြုသွားမည်ဖြစ်ကြောင်း ပြည် တွင်းအခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။

‘‘လက်ရှိက Manual စနစ်နဲ့ ပဲ သွားနေတဲ့အတွက် ရောင်း အားကို သူတို့ပြောသလောက်ပဲ သိနိုင်တယ်။ အီလက်ထရွန်နစ် ကိရိယာနဲ့ လုပ်မယ်ဆိုရင်တော့ အတိအကျ  သိနိုင်တဲ့အတွက် အခွန်ဆောင်တဲ့နေရာမှာ ပိုပြီး တော့ တိကျတယ်’’ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီး တန်း အရာရှိတစ်ဦးက ပြောကြား သည်။

ပြည်တွင်းအခွန်များ ဦးစီး ဌာနအနေဖြင့် အဆိုပါ ကိရိယာ များအား စတင်အသုံးပြုနိုင်ရန် လိုအပ်သည့် ပစ္စည်းများ ၀ယ်ယူရန် ဆောင်ရွက်လျက်ရှိသလို ပူးပေါင်း ဆောင်ရွက်လိုသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ထားသည်။

‘အခုလို ပြောင်းလိုက်တဲ့အ တွက် အခွန်ဆောင်တဲ့အခါမှာ ခို လို့မရတော့သလို၊ လုပ်ငန်းရှင် တွေရော ၀န်ထမ်းတွေကိုပါ စောင့်ကြည့်ပြီးသား ဖြစ်တဲ့အတွက် အားလုံးကို ထိန်းပြီးသား ဖြစ်သွားပါတယ်’’ ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် စက်သုံးဆီဆိုင်မှ နေ့စဉ်ရောင်းချရမှု စာရင်းကို စွမ်းအင်ဝန်ကြီးဌာနသို့ ပေးပို့နေရပြီး၊ အီလက်ထရွန်နစ်စနစ်သို့ပြောင်းလဲရမည် ဆိုပါက မည်သည့်အခက်အခဲများရှိနိုင်သည်ကို အတွေ့အကြုံမရှိ၍ မသိဘဲစောင့်ကြည့်ရမည်ဖြစ်ကြောင်းပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူကပြောသည်။

သို့သော် ယနေ့အချိန်ထိ စက်သုံးဆီဆိုင်များ အီလက်ထရွန်နစ်ကိရိယာ တပ်ဆင်ရမည့်အကြောင်း မည်သည့်ဌာနကမှ ညွှန်ကြားချက် မရှိသေးကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ ဖွင့်လှစ်ထားသော စက်သုံးဆီ ရောင်းချသည့် ဆိုင်ပေါင်း ၁၂၀၀ ကျော်အထိ ရှိကြောင်း သတင်း ရရှိသည်။

7Day DAILY 

ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်တစ်ခု ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်တစ်ခု ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 နိုင်ငံတစ်ဝန်းရှိ စက်သုံး ဆီ အရောင်းဆိုင်များပေါ်တွင် အခွန်ကောက်ယူမှုပုံစံပို၍ တိကျ လာစေ ရန် နေ့စဉ် ရောင်းချနေ သည့် ဓာတ်ဆီနှင့် ဒီဇယ်ဆီပမာ ဏကို သိရှိနိုင်မည့် အီလက်ထရွန် နစ်ကိရိယာများ တပ်ဆင်အသုံး ပြုသွားမည်ဖြစ်ကြောင်း ပြည် တွင်းအခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။
‘‘လက်ရှိက Manual စနစ်နဲ့ ပဲ သွားနေတဲ့အတွက် ရောင်းအားကို သူတို့ပြောသလောက်ပဲ သိနိုင်တယ်။ အီလက်ထရွန်နစ် ကိရိယာနဲ့ လုပ်မယ်ဆိုရင်တော့ အတိအကျ  သိနိုင်တဲ့အတွက် အခွန်ဆောင်တဲ့နေရာမှာ ပိုပြီး တော့ တိကျတယ်’’ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ပြည်တွင်းအခွန်များ ဦးစီး ဌာနအနေဖြင့် အဆိုပါ ကိရိယာ များအား စတင်အသုံးပြုနိုင်ရန် လိုအပ်သည့် ပစ္စည်း များ ၀ယ်ယူရန် ဆောင်ရွက်လျက်ရှိသလို ပူးပေါင်း ဆောင်ရွက်လိုသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များကို လည်း ဖိတ်ခေါ်ထားသည်။

‘အခုလို ပြောင်းလိုက်တဲ့အ တွက် အခွန်ဆောင်တဲ့အခါမှာ ခို လို့မရတော့သလို၊ လုပ်ငန်းရှင် တွေရော ၀န်ထမ်းတွေကိုပါ စောင့်ကြည့်ပြီးသား ဖြစ်တဲ့အတွက် အားလုံးကို ထိန်းပြီးသား ဖြစ်သွားပါတယ်’’ ဟု ၎င်းက ပြော ကြားသည်။

လက်ရှိတွင် စက်သုံးဆီဆိုင်မှ နေ့စဉ်ရောင်းချရမှု စာရင်းကို စွမ်းအင်ဝန်ကြီးဌာနသို့ ပေးပို့နေရပြီး၊ အီလက် ထရွန်နစ် စနစ်သို့ပြောင်းလဲရမည် ဆိုပါက မည်သည့်အခက်အခဲများရှိနိုင်သည်ကို အတွေ့အကြုံမရှိ၍ မသိဘဲစောင့်ကြည့်ရမည်ဖြစ်ကြောင်းပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူကပြော သည်။

သို့သော် ယနေ့အချိန်ထိ စက်သုံးဆီဆိုင်များ အီလက်ထရွန်နစ်ကိရိယာ တပ်ဆင်ရမည့်အကြောင်း မည်သည့် ဌာနကမှ ညွှန်ကြားချက် မရှိသေးကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ ဖွင့်လှစ်ထားသော စက်သုံးဆီ ရောင်းချသည့် ဆိုင်ပေါင်း ၁၂၀၀ ကျော်အထိ ရှိကြောင်း သတင်း ရရှိသည်။

7Day DAILY

No comments:

Post a Comment