Tuesday 26 August 2014

ပညာရေးကောလိပ် ဆရာ၊ ဆရာမများအား အင်္ဂလိပ်စာသင်ပေးရန် ဗြိတိန်နိုင်ငံမှ ဆရာ၊ ဆရာမများရောက်ရှိ

ဗြိတိန်နိုင်ငံ၏ ကူညီ ထောက်ပံ့မှုဖြင့် ပညာရေးကော လိပ်များမှ ဆရာ၊ ဆရာမများအ တွက် အင်္ဂလိပ် ဘာသာစကား သင်ကြားရေးအစီအစဉ်စတင် ဆောင်ရွက်ရန် အင်္ဂလိပ်ဘာသာ သင်ကြားရေး ဆရာ၊ ဆရာမ များ ရောက်ရှိလာပြီ ဖြစ်သည်။
အင်္ဂလိပ်စကားပြော ဆရာ၊ ဆရာမ ၄၄ ဦးသည် မြန်မာနိုင်ငံ ဒေသအသီးသီးရှိ ပညာရေးတက္က သိုလ်နှ င့် ကော လိပ် များတွင် ၂ နှစ်ကြာနေထိုင်၍ အင်္ဂလိပ်စာ ဆရာဖြစ် သင်တန်းများသင်ကြား ပို့ချမှုအစီအစဉ် ကို ဆောင်ရွက် မည် ဖြစ်သည်။

မြန်မာအစိုးရက ပညာရေး  ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် ပံ့ပိုးကူညီပေး ရန် ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင် မရွန်းကို တောင်းဆိုခဲ့မှုကြောင့် ဗြိတိသျှကောင်စီနှင့် ဗြိတိန်နိုင်ငံ တကာဖွံ့ဖြိုး တိုးတက်မှုဌာနတို့က အမေရိကန်ဒေါ်လာ ၇ သန်းတန် ကြေးရှိ အထက်ပါအစီအစဉ်ကို အကောင် အထည်ဖော်ခဲ့ခြင်း ဖြစ် သည်။

မြန်မာအစိုးရ၏ ပညာရေး ပြုပြင်ပြောင်းလဲရေး မူဝါဒများ အကောင်အထည်ဖော်ရာတွင် ဗြိတိသျှကောင်စီ သည် ၂၀၁၂ ခုနှစ်ကတည်းက ပူးပေါင်းဆောင် ရွက်ခဲ့ပြီး မြန်မာ့ပညာရေး ကဏ္ဍ ပြုပြင်ပြောင်းလဲမှု တွင် ရေရှည်ပါဝင်လိုသောဆန္ဒရှိကြောင်း ဗြိတိသျှကောင်စီ(မြန်မာ)၏ ညွှန် ကြားရေးမှူး ကယ်ဗင်မက်ကင်ဇီ က ပြောသည်။

အထက်ပါအစီအစဉ်တွင် အခြေခံပညာ ကျောင်းများ၌ တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမ ၁၅၀၀ ခန့် ပါဝင် ခွင့်ရရှိမည်ဖြစ်ပြီး သင်တန်းကာ လမစတင်မီ၊ သင်တန်းပို့ချနေချိန် နှင့် သင်တန်းပြီးဆုံးချိန်တို့တွင် ၎င်းဆရာ၊ ဆရာမများ၏ အင်္ဂလိပ်စာအရည်အချင်းကို စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနသည် အင်္ဂလိပ်ဘာသာစကားစွမ်းရည် မြှင့်မားလာစေရေးအတွက် အ ခြေခံနှင့် အဆင့်မြင့်မှ ဆရာ၊ ဆရာမအချို့အား စင်ကာပူနိုင်ငံ သို့ ကာလတိုစေလွှတ်၍ သင်တန်း ပို့ချမှုများ ဆောင် ရွက် ထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံရှိ အခြေခံပညာ ကျောင်းများတွင် မူလတန်းအ ဆင့်မှစ၍ အင်္ဂလိပ်ဘာသာစကားသင်ကြား ပို့ချသော စနစ်ကို ကျင့် သုံးနေပြီး တက္ကသိုလ်မှ ဘွဲ့ရရှိ သည့်တိုင် နှစ်ပေါင်းများစွာ သင် ယူခဲ့သော် လည်း ကျောင်းသား၊ ကျောင်းသူများ၏ အင်္ဂလိပ်ဘာ သာစကားစွမ်းရည်နိမ့်ကျနေခြင်း ကြောင့် အစိုးရသစ် က အစီအစဉ်သစ်များ ဆောင်ရွက်နေခြင်း ဖြစ် သည်။

7Day DAILY

No comments:

Post a Comment