Wednesday 18 June 2014

PR ကျင့်သုံးမည်ဆိုပါက တိုင်းဒေသကြီးများ၌သာကျင့်သုံးသင့်ဟုဆို

လာမည့်ရွေးကောက်ပွဲတွင် PR စနစ်ကျင့်သုံးရန် အမျိုးသား လွှတ်တော်၌ ကော်မရှင်ဖွဲ့စည်း ဆောင်ရွက် နေခြင်းနှင့်ပတ်သက်၍ ယင်းစနစ်သည်ပြည်နယ်များအတွက် ကိုက်ညီမှုမရှိကြောင်း၊ မဖြစ်မနေ အသုံးပြုရန် လိုအပ်ပါက တိုင်း ဒေသကြီးများ၌သာ အသုံးပြုသင့် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြည်ထောင်စု နေ့စဉ်သို့ ယနေ့ပြောသည်။ 

''တိုင်းရင်းသားတွေမှာ Voter Education အရမ်းနည်းသေးတယ်။ PR စနစ်ကို ရခိုင်ဒေသမှာ သုံး မယ်ဆိုရင် illegal migrant တွေ က တရားမဝင် မှတ်ပုံတင်တွေကိုင် ပြီးပါတီထောင်ခွင့်၊ ကိုယ်စားလှယ် ရွေးချယ်ပိုင်ခွင့်၊ မဲပေးခွင့်တွေ အများ ကြီးရထားတယ်။ ရခိုင်ဒေသ ရခိုင် တိုင်းရင်းသားတွေရဲ့ ကံကြမ္မာစီမံ ခန့်ခွဲပိုင်ခွင့်၊ အုပ်ချုပ်ခွင့်တွေမှာ တရားမဝင်တဲ့သူတွေ အများကြီး ပါလာမှာကြောက်ရတယ်။ တရား မဝင်တဲ့သူတွေ နည်းနည်းလေးပါ လာတာကအစ ရခိုင်ပြည်နယ်ကို နိုင်ငံရေးလောကနဲ့ ဥပဒေပြုရေး လောကကို ဝါးမြိုခံရမှာကြောက် ရတယ်။ တိုင်းဒေသကြီးတွေမှာ သုံးမယ်ဆိုရင်တောင် ကျွန်တော် တို့ တိုင်းရင်းသားလွှတ်တော်ကိုယ် စားလှယ်နေရာတွေမှာ PR မသုံးနဲ့၊ FPTP ကိုသုံး။ နောက်ဆုံး မဖြစ် မနေလုပ်ချင်ရင်ပေါ့''ဟု ဦးဇော် အေးမောင်က ဆိုသည်။ 

ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့စတင်လျှောက် လှမ်းသည့် နိုင်ငံတစ်ခုအနေဖြင့် PR ကို အသုံးမပြုသင့်ကြောင်း၊ တိုင်းရင်းသားပါတီများကလည်း ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။
ဒီမိုကရေစီ ထွန်းကားနေသည့် ဥရောပနိုင်ငံများ၌ပင် အဆိုပါ PR စနစ်၏ ကောင်းကျိုး ဆိုးကျိုး များကိုခံနေရပြီး အစ္စရေးကဲ့သို့ နိုင်ငံ မျိုးတွင်လွှတ်တော်တွင်း တစ်ခုခု တင်ပြလျှင်ငြင်းခုန်ခြင်း၊ ကန့်ကွက် ခြင်းနှင့်ပင် နှောင့်နှေးကြန့်ကြာ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဆင့်မြင့်သည့်ရွေးကောက်ပွဲစနစ် ကိုကျင့်သုံးရန် စောနေသေးပြီး ထိုစနစ်သည်ပါတီကို ဦးစားပေး ရွေးရသည့်အတွက်ပါတီတွင်း ပြဿနာ များ တက်လာနိုင်ကြောင်း၊ မိမိတို့ နိုင်ငံမှာ အိမ်နီးချင်းနိုင်ငံကြီးများ၏ ကြားတွင်ရှိသည့်အတွက် နိုင်ငံ Solid ဖြစ်ရန်၊ ဥပဒေပြုရေးတွင် Solid ဖြစ်ရန်နှင့်အုပ်ချုပ်ရေးပိုင်း တွင် Solid ဖြစ်ရန်လိုအပ်ကြောင်း ဦးဇော်အေးမောင်ကပြောသည်။ 

အမျိုးသားလွှတ်တော်တွင် PR စနစ်ကျင့်သုံးရေးကော်မရှင်ဖွဲ့စည်း ဆောင်ရွက်ရာတွင် ၄င်းကော်မရှင် မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်လွှတ်တော်ကိုယ်စားလှယ် များနုတ်ထွက်ခဲ့ပြီး တိုင်းရင်းသား ပါတီများမှလည်း နုတ်ထွက်ရန်ရှိ ကြောင်း တိုင်းရင်းသားပါတီများ ထံမှ သိရသည်။ 

''တိုင်းရင်းသား ကိုယ့်အပိုင်း နဲ့ကိုယ်ပဲပေါ့။ နုတ်ထွက်မယ့်သူ ကလည်းနုတ်ထွက်မှာပဲ။ဆက်ပြီး လေ့လာမယ့်သူကလဲ ဆက်ပြီး လေ့လာဦးမှာပဲ။ ကော်မရှင်ထဲမှာ လေ့လာတဲ့အချိန် လိုလားချက်၊ ရည်ရွယ်ချက်အတိုင်း မပေါက် မြောက်ဖူးဆိုရင်တော့ ဆက်ပြီး နုတ်ထွက်ကြမှာပါ''ဟု 'ဝ' ဒီမို ကရက်တစ်ပါတီမှ ဦးစိုင်းပေါင်း နပ်က ပြောသည်။ 

လက်ရှိကျင့်သုံးနေသည့် မဲ အများဆုံးရသူ အနိုင်ရသည့်စနစ် FPTP ကိုပင် တချို့နားမလည်ကြ ခြင်းမျိုးရှိသည့်အတွက် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ် PR စနစ်ကို လာမည့် ၂ဝ၂ဝ ရွေး ကောက်ပွဲ သက်တမ်းကျော်မှသာ လျှင်အသုံးပြုရန် စဉ်းစားသင့် ကြောင်း ဦးစိုင်းပေါင်းနပ်က ပြော သည်။

''ဥပမာပြောရရင် လွှတ်တော် ကိုယ်စားလှယ်မသတ်မှတ်ဘဲ ပါတီ အလိုက်ရွေးကြတဲ့ စနစ်တွေလဲ ရှိတယ် PR မှာ။ ရှိတော့ ပါတီ အတွင်းရွေးကောက်ပွဲတွေမှာ ပိုရှုပ် ထွေးတယ်။ကျွန်တော်တို့ နိုင်ငံက ဒီမိုကရေစီလမ်းကြောင်းကို အခုမှ သွားနေတာလေ။ Reform လုပ်နေ တဲ့အချိန် လွှတ်တော်မှာအဖွဲ့အစည်း တွေ အများကြီးပါလာလို့ရှိရင် တစ်ယောက်တစ်ပေါက်နဲ့ ရှေ့ကို သိပ်မရောက်ဘူး။ပါတီအသေးလေး တွေက သူတို့ရဲ့နေရာ မရဘူးလို့ ပြောနေတယ်။ ပါတီအသေးလေး တွေနိုင်ချင်ရင် ပါတီအကြီးကြီးဖြစ် အောင် သူတို့ စည်းရုံးလေ''ဟု ဦးဇော်အေးမောင်က ပြောသည်။

PR စနစ်ကိုကျင့်သုံးရန် အဆို ကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒ နယ် အမှတ်(၁)မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်း ကြည်က တင်သွင်းခဲ့ပြီး ထောက်ခံ သူ ၁၁၇ဦး၊ ကန့်ကွက်သူ ၈၅ဦး ရှိခြင်းကြောင့် အမျိုးသားလွှတ် တော်က အတည်ပြုကာကော်မရှင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး PR အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ် သည် လက်ရှိမဲအများဆုံးရသူ အနိုင် ရသည့်စနစ် FPTP ထက်ပင် လွယ်ကူကြောင်း ဒီမိုကရက်တစ် ပါတီ (မြန်မာ)မှ ဥက္ကဋ္ဌဦးသုဝေ က ပြည်ထောင်စုနေ့စဉ်သို့ ပြော ကြားခဲ့သည်။

The Union Daily

No comments:

Post a Comment