Wednesday 18 June 2014

Amazon နှင့် eBay ၌ ရောင်းချသည့် တရုတ်စမတ်ဖုန်းတွင် malware ပါဝင်ဟုဆို

Photo: Amazon နှင့် eBay ၌ ရောင်းချသည့် တရုတ်စမတ်ဖုန်းတွင် malware ပါဝင်ဟုဆို
Wednesday, June 18, 2014

Amazon, eBay နှင့် အခြားအွန်လိုင်းစတိုးများ၌ ရောင်းချနေသည့် တရုတ် Android စမတ်ဖုန်းတစ်ခုတွင် Google Play Store အသွင်ဟန်ဆောင်ပြီး သုံးစွဲသူ၏ အချက်အလက်ကို ခိုးယူသော ဗိုင်းရပ်စ်တစ်မျိုးကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
 
Star N9500 ဟုခေါ်သော Samsung Galaxy S4 စမတ်ဖုန်းနှင့် အသွင်အပြင် တူညီသည့် စမတ်ဖုန်းကို တရုတ်နိုင်ငံမှ ထုတ်လုပ်ထားသော်လည်း ဘဲလ်ဖက်စ်နှင့် ဟောင်ကောင် အခြေစိုက် တစ်ဆင့်ပြန်လည် ရောင်းချသူများက အွန်လိုင်းမှတစ်ဆင့် ရောင်းချခဲ့ကြသည်။
 
အဆိုပါ စမတ်ဖုန်းတွင် Google Play Store အသွင် ဟန်ဆောင်ထားသည့် Uupay.D ဟု လူသိများသော Trojan သည် built-in ပါဝင်ကြောင်း၊ ၎င်းကို သုံးစွဲသူက ဖယ်ရှား၍ မရနိုင်ကြောင်း ဂျာမန် လုံခြုံရေးကုမ္ပဏီ G Data က ဖော်ပြခဲ့သည်။
 
၎င်း malware သည် ဖုန်းမှ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ခိုးယူပြီး တရုတ်နိုင်ငံရှိ အမည်မသိ ဆာဗာတစ်ခုထံ ပေးပို့ကြောင်း၊ ထို့နောက်တွင် သုံးစွဲသူ မသိရှိဘဲ application များနှင့် ဗိုင်းရပ်စ်များကို ထပ်မံထည့်သွင်းကြောင်း G Data မှ ပြောကြားခဲ့သည်။
 
“ဒီ spy program မှာပါတဲ့ option တွေက အကန့်အသတ်မရှိသလောက်ပါပဲ။ အွန်လိုင်း ဒုစရိုက်သမားတွေက ဒီစမတ်ဖုန်းကို အပြည့်အဝ ထိန်းချုပ်နိုင်ပါတယ်။ သုံးစွဲသူကတော့ Google Play Store icon နဲ့ app တစ်ခုကိုပဲ မြင်ရမှာပါ” ဟု G Data မှ ထုတ်ကုန်မန်နေဂျာ ဖြစ်သူ ခရစ္စတီယန်ဂတ်ခ်ျကတ်က blog post တစ်ခုတွင် ပြောကြားခဲ့သည်။
 
အဆိုပါ ဗိုင်းရပ်စ်သည် စမတ်ဖုန်း၏ တည်နေရာကို ဒုစရိုက်သမားများ ခြေရာခံနိုင်စေသလို ဖုန်းခေါ်ဆိုမှုများကိုလည်း ကြားဖြတ် နားထောင်နိုင်ကြောင်း၊ ထို့အပြင် သုံးစွဲသူများ၏ ခွင့်ပြုချက်မရှိဘဲ text message များကို ပေးပို့ကြောင်း သိရသည်။
 
Ref: TheGuardian
Internet Journal
Amazon, eBay နှင့် အခြားအွန်လိုင်းစတိုးများ၌ ရောင်းချနေသည့် တရုတ် Android စမတ်ဖုန်းတစ်ခုတွင် Google Play Store အသွင်ဟန်ဆောင်ပြီး သုံးစွဲသူ၏ အချက်အလက်ကို ခိုးယူသော ဗိုင်းရပ်စ်တစ်မျိုးကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

 Star N9500 ဟုခေါ်သော Samsung Galaxy S4 စမတ်ဖုန်းနှင့် အသွင်အပြင် တူညီသည့် စမတ်ဖုန်းကို တရုတ်နိုင်ငံမှ ထုတ်လုပ်ထားသော်လည်း ဘဲလ်ဖက်စ်နှင့် ဟောင်ကောင် အခြေစိုက် တစ်ဆင့်ပြန်လည် ရောင်းချသူများက အွန်လိုင်းမှတစ်ဆင့် ရောင်းချခဲ့ကြသည်။

အဆိုပါ စမတ်ဖုန်းတွင် Google Play Store အသွင် ဟန်ဆောင်ထားသည့် Uupay.D ဟု လူသိများသော Trojan သည် built-in ပါဝင်ကြောင်း၊ ၎င်းကို သုံးစွဲသူက ဖယ်ရှား၍ မရနိုင်ကြောင်း ဂျာမန် လုံခြုံရေးကုမ္ပဏီ G Data က ဖော်ပြခဲ့သည်။

၎င်း malware သည် ဖုန်းမှ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ခိုးယူပြီး တရုတ်နိုင်ငံရှိ အမည်မသိ ဆာဗာတစ်ခုထံ ပေးပို့ကြောင်း၊ ထို့နောက်တွင် သုံးစွဲသူ မသိရှိဘဲ application များနှင့် ဗိုင်းရပ်စ်များကို ထပ်မံထည့်သွင်းကြောင်း G Data မှ ပြောကြားခဲ့သည်။

“ဒီ spy program မှာပါတဲ့ option တွေက အကန့်အသတ်မရှိသလောက်ပါပဲ။ အွန်လိုင်း ဒုစရိုက်သမား တွေက ဒီစမတ်ဖုန်းကို အပြည့်အဝ ထိန်းချုပ်နိုင်ပါတယ်။ သုံးစွဲသူကတော့ Google Play Store icon နဲ့ app တစ်ခုကိုပဲ မြင်ရမှာပါ” ဟု G Data မှ ထုတ်ကုန်မန်နေဂျာ ဖြစ်သူ ခရစ္စတီယန်ဂတ်ခ်ျကတ်က blog post တစ်ခုတွင် ပြောကြားခဲ့သည်။

အဆိုပါ ဗိုင်းရပ်စ်သည် စမတ်ဖုန်း၏ တည်နေရာကို ဒုစရိုက်သမားများ ခြေရာခံနိုင်စေသလို ဖုန်းခေါ်ဆိုမှု များကိုလည်း ကြားဖြတ် နားထောင်နိုင်ကြောင်း၊ ထို့အပြင် သုံးစွဲသူများ၏ ခွင့်ပြုချက်မရှိဘဲ text message များကို ပေးပို့ကြောင်း သိရသည်။

Ref: TheGuardian
Internet Journal 

No comments:

Post a Comment