Wednesday 18 June 2014

မယ်စကြ၀ဠာ(မြန်မာ)ပြိုင်ပွဲဝင်များ ဖူးခက်တွင် စခန်းသွင်းလေ့ကျင့်ရင်း မြန်မာ-ထိုင်းချစ်ကြည်ရေးမယ်ပြိုင်ပွဲဝင်မည်

Photo: မယ်စကြ၀ဠာ(မြန်မာ)ပြိုင်ပွဲဝင်များ ဖူးခက်တွင် စခန်းသွင်းလေ့ကျင့်ရင်း မြန်မာ-ထိုင်းချစ်ကြည်ရေးမယ်ပြိုင်ပွဲဝင်မည်
Wednesday, June 18, 2014

ရန်ကုန်- ဇူလိုင် ၄ရက်တွင် သွားရောက်မည့် မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ပြိုင်ပွဲဝင်များ၏ ထိုင်းနိုင်ငံဖူးခက်ခရီးစဉ်တွင် အဆိုပါပြိုင်ပွဲဝင်များမှ တစ်ဦးကို Miss Myanmar- Thailand Friendship 2014ဆုရွေးချယ်ပေးအပ်မည်ဟု Miss Universe Myanmar Organization က သတင်းထုတ်ပြန်သည်။

အဆိုပါဆုကို ထိုင်းနိုင်ငံရှိ မီဒီယာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားကုမ္ပဏီများက ရွေးချယ်ပေးမည်ဖြစ်ပြီး ဆုကြေးအနေဖြင့်အမေရိကန်ဒေါ်လာတစ်ထောင်အပါအ ၀င် အခြားခံစားခွင့်များရရှိမည်ဖြစ်ကြောင်း ယင်းအစီအစဉ်ကို ကူညီပံ့ပိုးပေးသည့် Mr.NAWAT ITSARAGRISIL က Miss Universe Myanmar 2014ပြိုင်ပွဲ၏ သတင်း စာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ယင်းခရီးစဉ်တွင် ပြိုင်ပွဲအကြိုစခန်းသွင်းလေ့ကျင့်သည့် အစီအစဉ်လည်းပါဝင်မည်ဖြစ်ပြီး ဇူလိုင် ၉ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်းသတင်းရရှိသည်။

ပြည်တွင်းခရီးစဉ်အဖြစ် ယခင်ကရည်ရွယ်ထားသော ကချင်ခရီးစဉ်ကို ရာသီဥတုကြောင့်ဖျက်သိမ်းလိုက်ပြီး မန္တလေး-ပြင်ဦးလွင်သို့ သွားမည်ဖြစ်ကာ ဇွန်လတတိယပတ်အတွင်း သွားရောက်မည်ဟု Miss Universe Myanmar Organization မှ ကိုချမ်းလင်းသူကပြောသည်။

7Day DAILY
ရန်ကုန်- ဇူလိုင် ၄ရက်တွင် သွားရောက်မည့် မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ပြိုင်ပွဲဝင်များ၏ ထိုင်းနိုင်ငံ ဖူးခက် ခရီးစဉ် တွင် အဆိုပါပြိုင်ပွဲဝင်များမှ တစ်ဦးကို Miss Myanmar- Thailand Friendship 2014 ဆုရွေးချယ် ပေးအပ်မည်ဟု Miss Universe Myanmar Organization က သတင်းထုတ်ပြန်သည်။

အဆိုပါဆုကို ထိုင်းနိုင်ငံရှိ မီဒီယာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားကုမ္ပဏီများက ရွေးချယ်ပေး မည်ဖြစ်ပြီး ဆုကြေးအနေဖြင့်အမေရိကန်ဒေါ်လာတစ်ထောင်အပါအ၀င် အခြားခံစားခွင့်များ ရရှိမည်ဖြစ် ကြောင်း ယင်းအစီအစဉ်ကို ကူညီပံ့ပိုးပေးသည့် Mr.NAWAT ITSARAGRISIL က Miss Universe Myanmar 2014ပြိုင်ပွဲ၏ သတင်း စာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ယင်းခရီးစဉ်တွင် ပြိုင်ပွဲအကြိုစခန်းသွင်းလေ့ကျင့်သည့် အစီအစဉ်လည်းပါဝင်မည်ဖြစ်ပြီး ဇူလိုင် ၉ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်းသတင်းရရှိသည်။

ပြည်တွင်းခရီးစဉ်အဖြစ် ယခင်ကရည်ရွယ်ထားသော ကချင်ခရီးစဉ်ကို ရာသီဥတုကြောင့်ဖျက်သိမ်းလိုက်ပြီး မန္တလေး-ပြင်ဦးလွင်သို့ သွားမည်ဖြစ်ကာ ဇွန်လတတိယပတ်အတွင်း သွားရောက်မည်ဟု Miss Universe Myanmar Organization မှ ကိုချမ်းလင်းသူကပြောသည်။

7Day DAILY 

No comments:

Post a Comment