Wednesday 18 June 2014

ပလက်ဝမြို့နယ် ကျေးရွာအုပ်စု နှစ်ခုတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဆက်ကြေးကောက်

ကလေး- ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ကျေးရွာအုပ်စု နှစ်စုတွင် လက်နက်ကိုင်ရှစ်ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့က ဆက်ကြေး ကောက်ခံခဲ့ကြောင်း ပလက်ဝမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်း အောင်က ပြောသည်။

‘‘ဘယ်အဖွဲ့ကလည်း ဆိုာကတော့ စုံစမ်းဆဲပါ။ ည ဘက် ၈ နာရီလောက်ကြီး ၀င်လာ ပြီး ကောက်ကြတယ်။ တစ်အိမ် ထောင်ကို ကျပ်ရှစ်ထောင်ကောက် သွားတယ်။ သူတို့က ကောက်ပြီး ပြီးချင်း နယ်စပ်ဘက်ကို ဖြတ်ပြီး ထွက်သွားတာဆိုတော့ ကျွန် တော်တို့ဘက်ကနေ စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်’’ ဟု အုပ်ချုပ် ရေးမှူးက ပြောသည်။

ပလက်ဝမြို့နယ် ပီချောင်း ဒေသ ရပ်ချောင်းအုပ်စု အနီးတစ် ၀ိုက်ရှိ ရပ်ချောင်း၊ မြောင်း၊ ဥပဲ၊ သဘောက် ကန်နှင့် အနီးအနားရှိ ရွာများတွင် ကောက်ခံသွားခြင်း ဖြစ်ပြီး ရွာတစ်ရွာကို တစ်သိန်း နှုန်းဖြင့် ခြောက်သိန်း ပေးလိုက်ရ ကြောင်း သိရသည်။

ဆက်ကြေး ကောက်ခံစဉ် အချိန်တွင် ရပ်ချောင်းကျေးရွာ တွင် တာဝန်ကျသော စစ်တပ်မှာ အဘောင်သား ကျေးရွာသို့ ရောက် ရှိနေခိုက်အချိန်ဖြစ်ပြီး ကျေးရွာ တာဝန်ရှိသူများက သတင်းပေးပို့ ခဲ့သဖြင့် စစ်သား အင်အား ၂၀ ခန့် ဖြင့် ဆက်ကြေးကောက်သူများ ကို လိုက်လံရှာဖွေခဲ့သော်လည်း လိုက်၍ မမီတော့ကြောင်း ဒေသ ခံတစ်ဦးက ပြောသည်။

‘‘ရဲစခန်းကိုလည်း အကြောင်းကြားထားတယ်။ ဒီဘက်နယ်မှာ တာဝန်ကျနေတဲ့ တပ်ရင်းသုံးရင်း လောက် ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေ လုပ်နေပါတယ်။ ဒီဘက်နယ်က အေးချမ်းတဲ့နယ်မြေ တစ်ခုဖြစ်ပါတယ်။ အခုလို လက်နက်ကိုင်ပြီး ပြည်သူ တွေဆီကနေ ငွေကြေးကောက်ခံ တယ်ဆိုတာကတော့ မလုပ်သင့် တဲ့ကိစ္စပေါ့ဗျာ’’ ဟု ပလက်ဝမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်း အောင်က ပြောသည်။

ထိုသို့ ဆက်ကြေးကောက်ခံ ခဲ့ခြင်းကို ပလက်ဝမြို့နယ်အတွင်း တာဝန်ကျလျက်ရှိသော စစ်တပ် တပ်ရင်းများ က လိုက်လံဖော် ထုတ်လျက်ရှိပြီး မြို့နယ် ရဲစခန်း တွင်လည်း အမှုဖွင့်ထားကြောင်း အထက်ပါ အုပ်ချုပ်ရေး မှူး က ပြောသည်။

ဆက်ကြေး ကောက်ခံခဲ့ရ သော ရွာများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ်နယ်နိမိတ်အနီးတွင် ရှိသဖြင့် တောခိုလက်နက်ကိုင်အဖွဲ့များအတွက် ၀င်ထွက်သွားလာရန် လွယ်ကူနေခြင်းဖြစ်သည်။

7Day DAILY

No comments:

Post a Comment