Wednesday 18 June 2014

သတိပြန်လည်ရရှိလာခဲ့သည့် “မိုက်ကယ်ရှူးမေကာ”

Photo: သတိပြန်လည်ရရှိလာခဲ့သည့် “မိုက်ကယ်ရှူးမေကာ”
Wednesday, June 18, 2014

ဖော်မြူလာဝမ်းဂန္တ၀င် ကစားသမား “မိုက်ကယ်ရှူးမေကာ” ဟာ သတိပြန်လည်ရရှိလာတာ ကြောင့် ဆေးရုံမှ ဆင်းသွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ 

“မိုက်ကယ်ရူးေ မကာ ”ရဲ့ပြောရေးဆိုခွင့်ရှိသူက အတည်ပြုချက်အရ “မိုက်ကယ်ရှူးမေကာ ”ဟာ (၆)လကြာ သတိမေ့မြောနေမှုမှ ပြန်လည်သတိရလာခဲ့တာကြောင့် ဂရီနိုဘယ်မြို့မှာရှိတဲ့ ညငလနမျငအပ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အသက်(၄၅)နှစ်အရွယ် ဂျာမနီ နိုင်ငံသား““မိုက်ကယ်ရှူးမေကာ””ဟာ (၂၀၁၃)ခုနှစ် ဒီဇင်ဘာလ(၂၉)ရက်နေ့က ပြင်သစ်နိုင်ငံ Alps တောင်တန်းပေါ်မှာရှိတဲ့ Meribel “မီရိုင်ဘယ်” အပန်းဖြေစခန်းမှာ စကိတ်စီးရင်း မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။  

“မိုက်ကယ်ရှူးမေကာ” ဟာ သားဖြစ်သူ မိုက်ကယ်နဲ့ အတူ စကိတ်စီးရင်း (၃၄)ပေအမြင့်ရှိတဲ့ ရေခဲတောင်ပေါ်မှ ချော်ကျခဲ့ကာ ဦးခေါင်းနဲ့ ကျောက်တောင်တိုက်မိခဲ့ပြီး သတိမေ့မြောသွားခဲ့တာဖြစ်ပါတယ်။ “မိုက်ကယ်ရှူးမေကာ” ကို အနီးအနားမှာရှိတဲ့ ဆေးရုံကို ပို့ဆောင်ပြီး အရေးပေါ်ခွဲစိတ်ကုသမှု ခံယူခဲ့ပေမယ့် သတိပြန်လည် မရရှိခဲ့တာကြောင့် ဦးခေါင်း ဒဏ်ရာများကို ကုသရာမှာ နာမည်ကျော်ကြားတဲ့ ဂရီနိုဘယ်မြိုမှာရှိတဲ့ ဆေးရုံမှာ ပြောင်းရွှေ့ ဆေးကုသမှုခံယူခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇွန်လ(၁၆)ရက်နေ့မှာတော့ “မိုက်ကယ်ရှူးမေကာ ”ဟာ သတိပြန်လည်ရရှိခဲ့တာကြောင့် ဆေးရုံမှ ဆင်းခဲ့ပြီး သူ့ရဲ့နေအိမ်ရှိတဲ့ ဆွစ်ဇာလန်နိုင်ငံကို ထွက်ခွာသွားခဲ့ပြီလို့ သတင်းများက ဖော်ပြခဲ့ပေမယ့်လည်း “မိုက်ကယ်ရှူးမေကာ ”ရဲ့ မိသားစု ကတော့ အတိအကျထုတ်ပြန်ကြေညာထားခြင်း မရှိကြောင်း သိရပါတယ်။ 
“မိုက်ကယ်ရှူးမေကာ” ရဲ့ မိသားစုက ထုတ်ပြန်ရာမှာတော့ သတိပြန်လည်ရရှိအောင် ကုသပေးခဲ့တဲ့ ဂရီနိုဗယ်ဆေးရုံမှ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ဒါ့အပြင် ဆုတောင်းစကား ပြောကြားပေးခဲ့တဲ့ ပရိသတ်တွေနဲ့ မတော်တဆမှုဖြစ်ပွားချိန်မှာ ကူညီပေးခဲ့သူအားလုံးကို အစဉ်အမြဲ သတိရနေမှာပါလို့ ဖော်ပြခဲ့ပါတယ်။
 
“မိုက်ကယ်ရှူးမေကာ” ဟာ (၁၉၉၁)ခုနှစ်က ဖော်မြူလာဝမ်း ကစားသမားဘ၀ကို စတင်ခဲ့ ပြီး ဖာရီယာ၊ မာစီတီးအစရှိတဲ့ နာမည်ကျော် အသင်းများမှာကစားခဲ့သူဖြစ်ကာ အောင်မြင်မှုအများ အပြားကို ရယူထားနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

သူဟာ (၂၀၀၀) ခုနှစ်ကနေ (၂၀၀၄)ခုနှစ် အထိ ကမ်္ဘာ့ချန်ပီယံဆုကို (၅)နှစ်ဆက်ရရှိထားတာ အပါအ၀င် (၇)ကြိမ်ထိ ရယူထားနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း သတင်းရရှိပါတယ်။

MRTV-4
ဖော်မြူလာဝမ်းဂန္တ၀င် ကစားသမား “မိုက်ကယ်ရှူးမေကာ” ဟာ သတိပြန်လည်ရရှိလာတာ ကြောင့် ဆေး ရုံမှ ဆင်းသွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ 

“မိုက်ကယ်ရူးေ မကာ ”ရဲ့ပြောရေးဆိုခွင့်ရှိသူက အတည်ပြုချက်အရ “မိုက်ကယ်ရှူးမေကာ ”ဟာ (၆)လကြာ သတိမေ့မြောနေမှုမှ ပြန်လည်သတိရလာခဲ့တာကြောင့် ဂရီနိုဘယ်မြို့မှာရှိတဲ့ ညငလနမျငအပ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

အသက်(၄၅)နှစ်အရွယ် ဂျာမနီ နိုင်ငံသား““မိုက်ကယ်ရှူးမေကာ””ဟာ (၂၀၁၃)ခုနှစ် ဒီဇင်ဘာလ(၂၉)ရက်နေ့က ပြင်သစ်နိုင်ငံ Alps တောင်တန်းပေါ်မှာရှိတဲ့ Meribel “မီရိုင်ဘယ်” အပန်းဖြေစခန်းမှာ စကိတ်စီးရင်း မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။  

“မိုက်ကယ်ရှူးမေကာ” ဟာ သားဖြစ်သူ မိုက်ကယ်နဲ့ အတူ စကိတ်စီးရင်း (၃၄)ပေအမြင့်ရှိတဲ့ ရေခဲတောင် ပေါ်မှ ချော်ကျခဲ့ကာ ဦးခေါင်းနဲ့ ကျောက်တောင်တိုက်မိခဲ့ပြီး သတိမေ့မြောသွားခဲ့တာဖြစ်ပါတယ်။ “မိုက်ကယ် ရှူးမေကာ” ကို အနီးအနားမှာရှိတဲ့ ဆေးရုံကို ပို့ဆောင်ပြီး အရေးပေါ်ခွဲစိတ်ကုသမှု ခံယူခဲ့ပေမယ့် သတိပြန်လည် မရရှိခဲ့တာကြောင့် ဦးခေါင်း ဒဏ်ရာများကို ကုသရာမှာ နာမည်ကျော်ကြားတဲ့ ဂရီနိုဘယ်မြို မှာ ရှိတဲ့ ဆေးရုံမှာ ပြောင်းရွှေ့ ဆေးကုသမှုခံယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇွန်လ(၁၆)ရက်နေ့မှာတော့ “မိုက်ကယ်ရှူးမေကာ ”ဟာ သတိပြန်လည်ရရှိခဲ့တာကြောင့် ဆေးရုံမှ ဆင်းခဲ့ပြီး သူ့ရဲ့နေအိမ်ရှိတဲ့ ဆွစ်ဇာလန်နိုင်ငံကို ထွက်ခွာသွားခဲ့ပြီလို့ သတင်းများက ဖော်ပြခဲ့ပေမယ့်လည်း “မိုက်ကယ်ရှူးမေကာ ”ရဲ့ မိသားစု ကတော့ အတိအကျထုတ်ပြန်ကြေညာထားခြင်း မရှိကြောင်း သိရပါတယ်။ 
“မိုက်ကယ်ရှူးမေကာ” ရဲ့ မိသားစုက ထုတ်ပြန်ရာမှာတော့ သတိပြန်လည်ရရှိအောင် ကုသပေးခဲ့တဲ့ ဂရီနိုဗယ်ဆေးရုံမှ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ဒါ့အပြင် ဆုတောင်းစကား ပြောကြားပေးခဲ့တဲ့ ပရိသတ်တွေနဲ့ မတော်တဆမှုဖြစ်ပွားချိန်မှာ ကူညီပေးခဲ့သူအားလုံးကို အစဉ်အမြဲ သတိရနေမှာပါလို့ ဖော်ပြခဲ့ပါတယ်။

“မိုက်ကယ်ရှူးမေကာ” ဟာ (၁၉၉၁)ခုနှစ်က ဖော်မြူလာဝမ်း ကစားသမားဘ၀ကို စတင်ခဲ့ ပြီး ဖာရီယာ၊ မာစီတီးအစရှိတဲ့ နာမည်ကျော် အသင်းများမှာကစားခဲ့သူဖြစ်ကာ အောင်မြင်မှုအများ အပြားကို ရယူထားနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

သူဟာ (၂၀၀၀) ခုနှစ်ကနေ (၂၀၀၄)ခုနှစ် အထိ ကမ်္ဘာ့ချန်ပီယံဆုကို (၅)နှစ်ဆက်ရရှိထားတာ အပါအ၀င် (၇)ကြိမ်ထိ ရယူထားနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း သတင်းရရှိပါတယ်။

MRTV-4

No comments:

Post a Comment