Wednesday 18 June 2014

ပြည်သူများ၏ စုဆောင်းငွေ များဖြင့် လုပ်ငန်း ဆောင် ရွက်နိုင်ရန် မြန်မာ့ အသေးစား ငွေရေးကြေးရေး ဘဏ်ထူထောင် ဖွင့်လှစ်လျက်ရှိ

Photo: ပြည်သူများ၏ စုဆောင်းငွေ များဖြင့် လုပ်ငန်း ဆောင် ရွက်နိုင်ရန် မြန်မာ့ အသေးစား ငွေရေးကြေးရေး ဘဏ်ထူထောင် ဖွင့်လှစ်လျက်ရှိ
Wednesday, June 18, 2014

စစ်ကိုင်းတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းကမိမိတို့ဝန်ကြီးဌာန အနေဖြင့် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် ချေးငွေပမာဏကို တိုးမြှင့်ပေးသွားမည် ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အရင်းအနှီး ချေးငွေလုပ်ငန်းကို ၂ဝ၁၅ ခုနှစ်ကုန်တွင် တစ်နိုင်ငံလုံး ကျေးရွာအားလုံးကို လွှမ်းခြုံမိအောင် တိုးချဲ့ဆောင်ရွက် သွားရန်လည်း မျှော်မှန်းထား ပါကြောင်း၊ အသေးစား အရင်းအနှီးချေးငွေ လုပ်ငန်းသည် ပြည်သူများ အတိုးကြီးပေး ငွေချေးယူနေရသည့် အခြေအနေမှ လတ်တလော သက်သာအောင်နှင့် နောင် ၄/၅ နှစ်အတွင်း ငွေချေးစရာ မလိုတော့ဘဲ မိမိပိုင်ငွေဖြင့် မိမိလုပ်ငန်း လုပ်နိုင်အောင်၊ ထိုမှတစ်ဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် ရည်မှန်းဆောင်ရွက် ပေးနေခြင်း ဖြစ်ပါကြောင်း၊ ပြည်သူများ၏ စုဆောင်း ငွေများဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ရန် မြန်မာ့အသေးစား ငွေရေးကြေးရေး ဘဏ်ကို ထူထောင်ဖွင့်လှစ် ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ယနေ့တွင် တိုင်းဒေသကြီး အတွင်းမှ မြို့နယ် ၃၄ မြို့နယ်ရှိ သမဝါယမအသင်း ၁၄၆၂ သင်းမှ အသင်းသား အသင်းသူများကို စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေး ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ယနေ့အခမ်းအနားတွင် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ကျေးလက်နှင့် မြို့ပြဒေသနေ အခြေခံ ပြည်သူများအတွက် ၂ဝ၁၄ ခုနှစ် မိုးသီးနှံ အသေးစားချေးငွေ ကျပ်သိန်းပေါင်း ၈၈၉၄၁ သိန်းကို ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း၊ ထို့အတူ တန်ဖိုးငွေကျပ် သိန်းပေါင်း ၂၈၆၈ ဒသမ ၇၄၅သိန်းကို အပ်ချုပ်စက်၊ သုံးဘီးဆိုင်ကယ် အပါအဝင် လုပ်ငန်းသုံး ပစ္စည်းကိရိယာပေါင်း ၇၅ဝ ကို အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။ သမဝါယမ ဝန်ကြီးဌာန အနေဖြင့် ၂ဝ၁၂ ခုနှစ် အောက်တိုဘာလမှစ၍ ယနေ့အထိ ပြည်သူများအား အသေးစား အရင်းအနှီးချေးငွေ ကျပ်သန်းပေါင်း ၁၄၅၈၁၅ သန်းကျော် ထုတ်ချေးပေးပြီး တန်ဖိုးကျပ်သိန်းပေါင်း ၅၄၂၅၄ ဒသမ ၉၁၅ သိန်းတန်ဖိုးရှိ လုပ်ငန်းသုံးယာဉ်၊ စက်ကိရိယာ အမျိုးမျိုး၊ အရေအတွက်ပေါင်း ၄၇၆၅ ခုကို အရစ်ကျငွေချေ စနစ်ဖြင့် ရောင်းချပေးထားပြီ ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီ
စစ်ကိုင်းတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းကမိမိတို့ဝန်ကြီးဌာန အနေဖြင့် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် ချေးငွေပမာဏကို တိုးမြှင့်ပေး သွားမည် ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အရင်းအနှီး ချေးငွေလုပ်ငန်းကို ၂ဝ၁၅ ခုနှစ်ကုန်တွင် တစ်နိုင်ငံလုံး ကျေးရွာအားလုံးကို လွှမ်းခြုံမိအောင် တိုးချဲ့ဆောင်ရွက် သွားရန်လည်း မျှော်မှန်းထား ပါကြောင်း၊ အသေးစား အရင်းအနှီးချေးငွေ လုပ်ငန်းသည် ပြည်သူများ အတိုးကြီးပေး ငွေချေးယူနေရသည့် အခြေအနေမှ လတ်တလော သက်သာအောင်နှင့် နောင် ၄/၅ နှစ်အတွင်း ငွေချေးစရာ မလိုတော့ဘဲ မိမိပိုင်ငွေဖြင့် မိမိလုပ်ငန်း လုပ်နိုင်အောင်၊ ထိုမှတစ်ဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် ရည်မှန်းဆောင်ရွက် ပေးနေခြင်း ဖြစ်ပါကြောင်း၊ ပြည်သူများ၏ စုဆောင်း ငွေများဖြင့် လုပ်ငန်း ဆောင်ရွက်နိုင်ရန် မြန်မာ့အသေးစား ငွေရေးကြေးရေး ဘဏ်ကို ထူထောင်ဖွင့်လှစ် ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ယနေ့တွင် တိုင်းဒေသကြီး အတွင်းမှ မြို့နယ် ၃၄ မြို့နယ်ရှိ သမဝါယမအသင်း ၁၄၆၂ သင်းမှ အသင်းသား အသင်းသူများကို စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေး ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ယနေ့အခမ်းအနားတွင် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ကျေးလက်နှင့် မြို့ပြဒေသနေ အခြေခံ ပြည်သူများအတွက် ၂ဝ၁၄ ခုနှစ် မိုးသီးနှံ အသေးစားချေးငွေ ကျပ်သိန်းပေါင်း ၈၈၉၄၁ သိန်းကို ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း၊ ထို့အတူ တန်ဖိုးငွေကျပ် သိန်းပေါင်း ၂၈၆၈ ဒသမ ၇၄၅သိန်းကို အပ်ချုပ်စက်၊ သုံးဘီးဆိုင်ကယ် အပါအဝင် လုပ်ငန်းသုံး ပစ္စည်းကိရိယာပေါင်း ၇၅ဝ ကို အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။ သမဝါယမ ဝန်ကြီးဌာန အနေဖြင့် ၂ဝ၁၂ ခုနှစ် အောက်တိုဘာလမှစ၍ ယနေ့အထိ ပြည်သူများအား အသေးစား အရင်းအနှီးချေးငွေ ကျပ်သန်းပေါင်း ၁၄၅၈၁၅ သန်းကျော် ထုတ်ချေးပေးပြီး တန်ဖိုးကျပ်သိန်းပေါင်း ၅၄၂၅၄ ဒသမ ၉၁၅ သိန်းတန်ဖိုးရှိ လုပ်ငန်းသုံးယာဉ်၊ စက်ကိရိယာ အမျိုးမျိုး၊ အရေအတွက်ပေါင်း ၄၇၆၅ ခုကို အရစ်ကျငွေချေ စနစ်ဖြင့် ရောင်းချပေးထားပြီ ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီ

No comments:

Post a Comment