Wednesday 18 June 2014

ဟုန်စိန်ပီနံအိတ်စက်ရုံ အလုပ်သမားတွေ ၅ ရက်မြောက် ဆက်လက်ဆန္ဒပြ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၂ မှာရှိတဲ့ ဟုန်စိန်ပီနံအိတ်စက်ရုံက အလုပ်သမား ၁၀၀ ကျော်ဟာ လုပ်အားခတိုးပေးဖို့ ဒီနေ့ ၅ ရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြ တောင်းဆိုနေကြပါတယ် အလုပ်သမားတွေဟာ ရှားပါးစရိတ် ၂ သောင်း၊ ထမင်းစရိတ် ၁ သောင်းနဲ့ ခရီးစရိတ် ၁ သောင်း စုစုပေါင်း ကျပ် ၄ သောင်းအထိ တိုးပေးဖို့၊ အလုပ်သမားတွေအတွက် ထမင်းစားချိန် သတ်မှတ်ပေးဖို့ စတဲ့အချက် ၇ ချက်ကို တောင်းဆိုနေကြတာပါ။

မနေ့က လှိုင်သာယာမြို့နယ် အလုပ်ရှင် အလုပ်သမား ညှိနှိုင်းရေးရုံးမှာ လစာကိစ္စဆွေးနွေးရာမှာ အလုပ်ရှင် ဘက်က စုစုပေါင်း ကျပ် ၁ သောင်း တိုးပေးဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။ အလုပ်သမားတွေက သူတို့တောင်းဆိုထားတဲ့ စုစုပေါင်းကျပ် ၄ သောင်းရဖို့ ဒီနေ့ ဆက်လက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။

RFA Burmese 

No comments:

Post a Comment