Wednesday 18 June 2014

ကယားပြည်နယ် ကိုယ်စားပြုအဖြစ် တိုက်ကွမ်ဒို ဝင်ပြိုင်မည့် မော်ဒယ်လ် Calroline

မော်ဒယ်လ် Calroline သည် ဇွန်လ ၂၈ ရက်တွင် အားကစား ဝန်ကြီးဌာနက ကျင်းပ ပြုလုပ်မည့်  အားကစား ပွဲတွင် စက်မှုဝန်ကြီး ဌာန၏ ကယားပြည်နယ် ကိုယ်စားပြု တိုက်ကွမ်ဒိုမယ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု မဇ္စျိမကိုပြောသည်။

"ညီမက အရင် ၂ဝဝဝ ခုနှစ် ၉ တန်း ကျောင်းသူ အရွယ်ထဲက ဆရာ ဦးနေဝင်းနိုင် ဆီမှာ တိုက်ကွမ်ဒို ပညာကို သေချာ လေ့လာ လိုက်စားတဲ့ အတွက် ၉နှစ် ဆက်တိုက် ရွှေတံဆိပ် ဆုတွေ ရရှိခဲ့တယ်"ဟု ပြောသည်။

Calroline သည် တိုက်ကွမ်ဒို ခါးပတ်နက် အဆင့်နှစ်ကို ရောက်ရှိနေသည့် မော်ဒယ်ဖြစ်သည်။ မော်ဒယ်လ် Calroline သည် တစ်ကိုယ်တော် စီးရီးကို ၂ဝ၁၄ခုနှစ် မကုန်ခင် ထွက်ရှိမည် ဖြစ်ပြီး စီးရီး Title ကို 'Twelve' ဟု အမည်ပေးထားပြီး ကိုယ်တိုင် ရေးသားသည့် သီချင်းနှစ်ပုဒ် အပြင် တခြား တေးရေး ဆရာများ၏ သီချင်းများလည်း ပါဝင်မည်ဖြစ်သည်။

ယင်း အယ်လ်ဘမ်တွင် တေးရေး ဂျယ်ရီ၊ သောမတ်၊ ဖိုးတု၊ ဇဝါ၊ L4၊ အောင်ဖြိုး၊ ဂျိုကာနှင့် Calroline တို့က ရေးသားထားပြီးOasis Studio တွင် အသံသွင်းကာ သံယောင် အဆိုရှင်ဖြစ် ဂျိုကာ မှ သီဆိုပေးထားသည်။ ယင်းစီးရီးမှ 'ကြက်ခြေခတ်ရဲ့ ပစ္စုပ္ပန်'  သီချင်း တစ်ပုဒ် ကိုလည်းYoutube တွင် တင်ရန် စီစဉ် သွားမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment