Wednesday 18 June 2014

ဘိုကိုဟာရမ်တပ်ဖွဲ့ဝင် ယူဆရသူ ၅၀၀ ခန့်ကို ဖမ်းဆီးခဲ့ဟု နိုင်ဂျီးရီးယားပြော

Photo: ဘိုကိုဟာရမ်တပ်ဖွဲ့ဝင် ယူဆရသူ ၅၀၀ ခန့်ကို ဖမ်းဆီးခဲ့ဟု နိုင်ဂျီးရီးယားပြော
Wednesday, June 18, 2014

နိုင်ဂျီးရီးယားလုံခြုံရေးတပ်တွေက ဘိုကိုဟာရမ်တပ်ဖွဲ့ဝင်တွေလို့ သံသယရှိသူ အယောက် ၅၀၀ နီးပါးကို ဖမ်းခဲ့တယ်လို့ အစိုးရအရာရှိတဦးက ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့မှာ ပြောပါတယ်။

boko haramအမျိုးသမီး ၈ ယောက်အပါအ၀င် လူ ၄၈၆ ယောက်ကို တင်လာတဲ့ ဗန်ကားအစီး ၃၀ ကျော်ကို တောင်ပိုင်းအာဘီယာပြည်နယ်မှာ စစ်ဆေးပြီး ဖမ်းဆီးခဲ့တာလို့ ပြည်နယ်ရဲ့ ပြန်ကြားရေးကော်မရှင်အဖွဲ့ဝင်တဦးက ပြောပြီး အဖမ်းခံရသူတွေကတော့ တောင်ပိုင်း ဆိပ်ကမ်းမြို့မှာ အလုပ်ရှာဖို့ သွားတာလို့ စစ်တပ်ကို ပြောပါတယ်။

ဒါပေမယ့် ကား ၃၅ စီးထဲက ၂ စီးက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။

သံသယရှိသူတွေမှာ လက်နက်ပါ၊ မပါတော့ အတိအကျ မသိရပါဘူး။ နိုင်ဂျီရီးယား အရှေ့မြောက်ပိုင်းမှာ ခြေကုပ်ယူထားတဲ့ ဘိုကိုဟာရမ်အဖွဲ့ဟာ တခြားဒေသတွေမှာလည်း တိုက်ခိုက်မှုတွေကို လုပ်ခဲ့ပါတယ်။

အရင်လက နိုင်ဂျီးရီးယားအလယ်ပိုင်း ဂျိုမြို့မှာ ဘိုကိုဟာရမ်အဖွဲ့က ဗုံးခွဲခဲ့လို့ လူအနည်းဆုံး ၁၁၈ ယောက် သေဆုံးခဲ့ပါတယ်။
အစ္စလာမ်ဘာသာဝင် အများစု နေထိုင်တဲ့ နိုင်ငံမြောက်ပိုင်းမှာ အစ္စလာမ္မစ်နိုင်ငံ ထူထောင်ချင်တဲ့ ဘိုကိုဟာရမ်အဖွဲ့ဟာ တိုက်ခိုက်မှုတွေ လုပ်လာတာကြာပြီ ဖြစ်ပေမယ့် ကျောင်းသူအယောက် ၂၀၀ ကျော် ပြန်ပေးဆွဲမှုကို အကြောင်းပြုလို့ ကမ္ဘာက အာရုံစိုက်စရာ ဖြစ်လာပါတယ်။

ဒီဗွီဘီ
နိုင်ဂျီးရီးယားလုံခြုံရေးတပ်တွေက ဘိုကိုဟာရမ်တပ်ဖွဲ့ဝင်တွေလို့ သံသယရှိသူ အယောက် ၅၀၀ နီးပါးကို ဖမ်းခဲ့တယ်လို့ အစိုးရအရာရှိတဦးက ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့မှာ ပြောပါတယ်။

boko haram အမျိုးသမီး ၈ ယောက်အပါအ၀င် လူ ၄၈၆ ယောက်ကို တင်လာတဲ့ ဗန်ကားအစီး ၃၀ ကျော်ကို တောင်ပိုင်းအာဘီယာပြည်နယ်မှာ စစ်ဆေးပြီး ဖမ်းဆီးခဲ့တာလို့ ပြည်နယ်ရဲ့ ပြန်ကြားရေးကော်မရှင် အဖွဲ့ဝင် တဦးက ပြောပြီး အဖမ်းခံရသူတွေကတော့ တောင်ပိုင်း ဆိပ်ကမ်းမြို့မှာ အလုပ်ရှာဖို့ သွားတာလို့ စစ်တပ်ကို ပြောပါတယ်။

ဒါပေမယ့် ကား ၃၅ စီးထဲက ၂ စီးက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါ တယ်။

သံသယရှိသူတွေမှာ လက်နက်ပါ၊ မပါတော့ အတိအကျ မသိရပါဘူး။ နိုင်ဂျီရီးယား အရှေ့မြောက်ပိုင်းမှာ ခြေကုပ်ယူထားတဲ့ ဘိုကိုဟာရမ်အဖွဲ့ဟာ တခြားဒေသတွေမှာလည်း တိုက်ခိုက်မှုတွေကို လုပ်ခဲ့ပါတယ်။

အရင်လက နိုင်ဂျီးရီးယားအလယ်ပိုင်း ဂျိုမြို့မှာ ဘိုကိုဟာရမ်အဖွဲ့က ဗုံးခွဲခဲ့လို့ လူအနည်းဆုံး ၁၁၈ ယောက် သေဆုံးခဲ့ပါတယ်။

အစ္စလာမ်ဘာသာဝင် အများစု နေထိုင်တဲ့ နိုင်ငံမြောက်ပိုင်းမှာ အစ္စလာမ္မစ်နိုင်ငံ ထူထောင်ချင်တဲ့ ဘိုကို ဟာရမ် အဖွဲ့ဟာ တိုက်ခိုက်မှုတွေ လုပ်လာတာကြာပြီ ဖြစ်ပေမယ့် ကျောင်းသူအယောက် ၂၀၀ ကျော် ပြန်ပေး ဆွဲမှုကို အကြောင်းပြုလို့ ကမ္ဘာက အာရုံစိုက်စရာ ဖြစ်လာပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment