Wednesday 18 June 2014

တရုတ်နှင့် ဗီယက်နမ် အငြင်းပွားမှု ဆွေးနွေးမည်

တရုတ်ထိပ်တန်းတာဝန်ရှိသူတစ်ဦးသည် ပေကျင်းနှင့်ဟနွိုင်းအကြား အငြင်းပွားခဲ့သည့် ရေနံတူးစင်ကိစ္စ အပေါ် ဗီယက်နမ်ဒုတိယဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ပရက်စ်တီဗွီသတင်းတွင် ဖော်ပြသည်။ တရုတ် နိုင်ငံတော်ကောင်စီဝင် ယန်ကျိချီသည် ဗီယက်နမ်ဒုတိယဝန်ကြီးချုပ် ဖန်ဘင်မင်းနှင့် ဗီယက်နမ်နိုင်ငံ၌ ယခု သီတင်းပတ် အတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီဟိုင်ဆင်းက အင်္ဂါနေ့တွင် ကြေညာလိုက်သည်။   

အရှေ့တရုတ်ပင်လယ်အတွင်း တင်းမာမှုများကို ငြိမ်းချမ်းစွာ အဖြေရှာရန် ဗီယက်နမ်နိုင်ငံကို တရုတ်နှင့် ဆွေးနွေးရေး စိတ်ရှည်သည်းခံပါရန် မိမိတို့အနေဖြင့် ကြိမ်ဖန်များစွာ အတည်ပြုပြောကြားခဲ့ပါကြောင်း၊ ယခုဆွေးနွေးပွဲသည် တင်းမာမှုအပေါ်အဖြေရှာနိုင်ရန် ဆွေးနွေးမည်ဖြစ်ပါကြောင်း ဘင်က ပြောကြားသည်။

Myanmaalinn 

No comments:

Post a Comment