Wednesday 18 June 2014

ဂင်းနစ်စံချိန်တင် စုဆောင်းထားသည့် ဗီဒီယိုဂိမ်းများကို ဒေါ်လာ ၇၅၀,၀၀၀ ဖြင့် လေလံတင်ရောင်းချခဲ့

Photo: ဂင်းနစ်စံချိန်တင် စုဆောင်းထားသည့် ဗီဒီယိုဂိမ်းများကို ဒေါ်လာ ၇၅၀,၀၀၀ ဖြင့် လေလံတင်ရောင်းချခဲ့
Wednesday, June 18, 2014

ဗီဒီယိုဂိမ်းများကို နှစ် ၃၀ ကျော် စုဆောင်းထားသူ အသက် ၄၃ နှစ်အရွယ် မိုက်ကယ် သောမက်စ်ဆန်သည် ဗီဒီယိုဂိမ်းစက်တိုင်းအတွက် ၎င်းစုဆောင်းထားသည့် ဂိမ်းများကို GameGavel တွင် ဒေါ်လာ ၇၅၀,၀၀၀ ဖြင့် လေလံတင် ရောင်းချခဲ့သည်။
 
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်က platform ၁၀၈ ခုအတွက် တရားဝင်စုဆောင်းထားသည့် ဂိမ်းအရေအတွက် စုစုပေါင်း ၁၀,၆၀၇ ခုဖြင့် ဂင်းနစ်စံချိန်တင်ထားသည့် သောမက်စ်ဆန်သည် ၎င်းနောက်ပိုင်းတွင် ဂိမ်း ၄၀၀ ကျော်ကို ဝယ်ယူ စုဆောင်းခဲ့သည့်နောက် စုစုပေါင်း ဂိမ်းအရေအတွက် ၁၁,၀၀၀ ကျော်ရှိလာခဲ့သည်။
 
မစ္စတာ သောမက်စ်ဆန်သည် အသက် ၁၂ နှစ်အရွယ်ကတည်းက ဂိမ်းများကို စတင်စုဆောင်းခဲ့သူ ဖြစ်ပြီး ၎င်းစုဆောင်းခဲ့သည့် ဂိမ်းများတွင် Colecovision ကဲ့သို့သော ခေတ်ဟောင်းဂိမ်းစက်များနှင့် PlayStation 3 ကဲ့သို့သော ခေတ်ပေါ်ဂိမ်းစက်များတွင် ကစားနိုင်သည့် ဂိမ်းများဖြစ်ကြောင်း သိရသည်။
 
သို့သော်လည်း မိမိချစ်ခင်နှစ်သက်သောသူများ၏ ဘဝ ပိုမိုကောင်းမွန်လာအောင် ထောက်ပံ့ပေးရန်အတွက် စုဆောင်းထားသည့် ဂိမ်းများကို ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း မစ္စတာ သောမက်စ်ဆန်က ဆိုခဲ့သည်။
 
ယခုလို စုဆောင်းထားသည့် ဂိမ်းများကို ရောင်းချခဲ့သော်လည်း မိမိ၏ ဗီဒီယိုဂိမ်း စုဆောင်းသည့် ဝါသနာကို စွန့်လွှတ်သွားမည် မဟုတ်ကြောင်းနှင့် အတိတ်ကာလတွင်လည်း ယခုကဲ့သို့ စုဆောင်းထားသည့် ဗီဒီယိုဂိမ်းများကို ရောင်းချခဲ့ဖူးကြောင်း ၎င်းက ပြောကြားခဲ့သည်။
 
Ref: CNET
Internet Journal
ဗီဒီယိုဂိမ်းများကို နှစ် ၃၀ ကျော် စုဆောင်းထားသူ အသက် ၄၃ နှစ်အရွယ် မိုက်ကယ် သောမက်စ်ဆန်သည် ဗီဒီယိုဂိမ်းစက်တိုင်းအတွက် ၎င်းစုဆောင်းထားသည့် ဂိမ်းများကို GameGavel တွင် ဒေါ်လာ ၇၅၀,၀၀၀ ဖြင့် လေလံတင် ရောင်းချခဲ့သည်။

 ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်က platform ၁၀၈ ခုအတွက် တရားဝင်စုဆောင်းထားသည့် ဂိမ်း အရေအတွက် စုစုပေါင်း ၁၀,၆၀၇ ခုဖြင့် ဂင်းနစ်စံချိန်တင်ထားသည့် သောမက်စ်ဆန်သည် ၎င်းနောက်ပိုင်း တွင် ဂိမ်း ၄၀၀ ကျော်ကို ဝယ်ယူ စုဆောင်းခဲ့သည့်နောက် စုစုပေါင်း ဂိမ်းအရေအတွက် ၁၁,၀၀၀ ကျော်ရှိလာခဲ့သည်။

မစ္စတာ သောမက်စ်ဆန်သည် အသက် ၁၂ နှစ်အရွယ်ကတည်းက ဂိမ်းများကို စတင်စုဆောင်းခဲ့သူ ဖြစ်ပြီး ၎င်းစုဆောင်းခဲ့သည့် ဂိမ်းများတွင် Colecovision ကဲ့သို့သော ခေတ်ဟောင်းဂိမ်းစက်များနှင့် PlayStation 3 ကဲ့သို့သော ခေတ်ပေါ်ဂိမ်းစက်များတွင် ကစားနိုင်သည့် ဂိမ်းများဖြစ်ကြောင်း သိရသည်။

သို့သော်လည်း မိမိချစ်ခင်နှစ်သက်သောသူများ၏ ဘဝ ပိုမိုကောင်းမွန်လာအောင် ထောက်ပံ့ပေးရန်အတွက် စုဆောင်းထားသည့် ဂိမ်းများကို ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း မစ္စတာ သောမက်စ်ဆန်က ဆိုခဲ့သည်။

ယခုလို စုဆောင်းထားသည့် ဂိမ်းများကို ရောင်းချခဲ့သော်လည်း မိမိ၏ ဗီဒီယိုဂိမ်း စုဆောင်းသည့် ဝါသနာကို စွန့်လွှတ်သွားမည် မဟုတ်ကြောင်းနှင့် အတိတ်ကာလတွင်လည်း ယခုကဲ့သို့ စုဆောင်းထားသည့် ဗီဒီယိုဂိမ်းများကို ရောင်းချခဲ့ဖူးကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ref: CNET
Internet Journal 

No comments:

Post a Comment