Wednesday 18 June 2014

တင်းမာခဲ့သည့်ဆက်ဆံရေး ပြင်ဆင်ရန် တရုတ်-ဗီယက်နမ် တွေ့ဆုံ

Photo: တင်းမာခဲ့သည့်ဆက်ဆံရေး ပြင်ဆင်ရန် တရုတ်-ဗီယက်နမ် တွေ့ဆုံ
Wednesday, June 18, 2014
 
တရုတ်နိုင်ငံခြားရေးဝန်ကြီး ရန်ဂျီးချီဟာ ဗီယက်နမ်ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဖန်ဘင်မင်းနဲ့ ဟနွိုင်းမြို့တော်မှာ ဇွန် ၁၇ ရက်နေ့က တွေ့ဆုံပါတယ်။

Viet and Chinaပြီးခဲ့တဲ့လက တရုတ်နဲ့ ဗီယက်နမ် အငြင်းပွားရေပိုင်နက်မှာ တရုတ်က ရေနံတူးစင် နေရာချထားမှုအပေါ် တင်းမာခဲ့တဲ့ဆက်ဆံရေးကို ပြင်ဆင်ဖို့ ဗီယက်နမ်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အစည်းအဝေးတွေကို တက်ရောက်လာတာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံအတွင်း တရုတ်ဆန့်ကျင်ရေးအဓိကရုဏ်းကြောင့် ပျက်စီးခဲ့တာတွေအတွက် လျော်ကြေးပေးဖို့ တရုတ်အစိုးရက တောင်းဆိုထားပါတယ်။

၁၉၇၉ ခုနှစ်က နယ်စပ်စစ်ပွဲ ဆင်နွှဲဖူးတဲ့ အိမ်နီးချင်း ကွန်မြူနစ် နှစ်နိုင်ငံ ဆက်ဆံရေး အဆိုးရွားဆုံး ပျက်စီးမှုကို ပြန်ပြင်ဆင်ဖို့ အခက်အခဲ အများအပြား ကျန်ရှိနေဆဲလို့ မီဒီယာတွေက သုံးသပ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ဗီယက်နမ် ၀န်ကြီးချုပ် ငုယင်တန်ဇွန်နဲ့လည်း ဆွေးနွေးမှာ ဖြစ်ပြီး ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက တည်ခင်းတဲ့ ညစာစားပွဲကို တက်ရောက်ဖို့ ရှိပါတယ်။ ဒါပေမယ့် သတင်းစားရှင်းလင်းပွဲလုပ်ဖို့ စီစဉ်ထားတာတော့ မရှိပါဘူး။

ဒီဗွီဘီ
တရုတ်နိုင်ငံခြားရေးဝန်ကြီး ရန်ဂျီးချီဟာ ဗီယက်နမ်ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဖန်ဘင်မင်းနဲ့ ဟနွိုင်းမြို့တော်မှာ ဇွန် ၁၇ ရက်နေ့က တွေ့ဆုံပါတယ်။

Viet and Chinaပြီးခဲ့တဲ့လက တရုတ်နဲ့ ဗီယက်နမ် အငြင်းပွားရေပိုင်နက်မှာ တရုတ်က ရေနံတူးစင် နေရာချထားမှုအပေါ် တင်းမာခဲ့တဲ့ဆက်ဆံရေးကို ပြင်ဆင်ဖို့ ဗီယက်နမ်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အစည်းအဝေးတွေကို တက်ရောက်လာတာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံအတွင်း တရုတ်ဆန့်ကျင်ရေးအဓိကရုဏ်းကြောင့် ပျက်စီးခဲ့တာတွေအတွက် လျော်ကြေးပေး ဖို့ တရုတ်အစိုးရက တောင်းဆိုထားပါတယ်။

၁၉၇၉ ခုနှစ်က နယ်စပ်စစ်ပွဲ ဆင်နွှဲဖူးတဲ့ အိမ်နီးချင်း ကွန်မြူနစ် နှစ်နိုင်ငံ ဆက်ဆံရေး အဆိုးရွားဆုံး ပျက်စီး မှုကို ပြန်ပြင်ဆင်ဖို့ အခက်အခဲ အများအပြား ကျန်ရှိနေဆဲလို့ မီဒီယာတွေက သုံးသပ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ဗီယက်နမ် ၀န်ကြီးချုပ် ငုယင်တန်ဇွန်နဲ့လည်း ဆွေးနွေးမှာ ဖြစ်ပြီး ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးက တည်ခင်းတဲ့ ညစာစားပွဲကို တက်ရောက်ဖို့ ရှိပါတယ်။ ဒါပေမယ့် သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ စီစဉ်ထားတာတော့ မရှိပါဘူး။

ဒီဗွီဘီ

No comments:

Post a Comment