Wednesday 18 June 2014

ရွှေ့ ပြောင်းအလုပ်သမားအရေး ဆွေးနွေးပွဲ ထိုင်းနိုင်ငံ မဲဆောက်တွင် ပြုလုပ်

Photo: ရွှေ့ ပြောင်းအလုပ်သမားအရေး ဆွေးနွေးပွဲ ထိုင်းနိုင်ငံ မဲဆောက်တွင် ပြုလုပ်
Wednesday, June 18, 2014

မြန်မာနိုင်ငံ ILO ၏ CSO Migrant Network အစီအစဉ်ဖြင့် မြန်မာရွှေ့ပြောင်း
အလုပ်သမား အရေးဆွေးနွေးပွဲကိုဇွန်လ ၉ ရက် နေ့မှ ၁၃ ရက်နေ့အထိ ထိုင်းနိုင်ငံ တပ်ခ်ခရိုင်မှတာဝန်ရှိသူများ၊ အလုပ် သမားအရေးကူညီဆောင်
ရွက်ပေး နေသော လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ ILO ၏ CSO Migrant Network မှာပါဝင်တဲ့ အဖွဲ့အစည်း ၆ ဖွဲ့
မှအလုပ်သမား အရေးလုပ်ဆောင်နေသောအဖွဲ့ အစည်းများ၊ လူမှုရေးအဖွဲ့
အစည်း များမှဆွးနွေးပွဲကိုတက်ရောက်ခဲ့ကြသည်။

ထိုင်းနိုင်ငံအတွင်းမှာ မြန်မာ အလုပ်သမားများကိုဖမ်းဆီးမှုတွေ လုပ်နေတာ၊ အလုပ်သမားအခွင့် အရေးချိုးဖောက်ခံနေရတဲ့အခြေ အနေတွေကို ထိုင်းနိုင်ငံက တာဝန်ရှိသူတွေနဲ့ရော စက်မှုလုပ် ငန်းရှင်များအဖွဲ့ကတာဝန်ရှိ
သူတွေ နဲ့ တွေ့ဆုံပြီးဆွေးနွေးခဲ့ကြောင်း အလုပ်သမားအခွင့်အရေးကာ ကွယ်မြှင့်တင်သူများအဖွဲ့မှ ကိုယဉ်ထွေးမှ ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံတပ်ခရိုင်နယ်မြေ က အလုပ်အခွင့်အရေးကာကွယ် စောင့်ရှောက်ရေး
ရုံး၊ စက်မှုလက် မှုကုန်သည်ကြီးများအသင်း၊ တပ်ခ်ခရိုင်နယ်မြေထိုင်းမြန်မာ နှစ်နိုင်ငံအလုပ်သမားလက်မှတ်နှင့် ဗီဇာထုတ်ပေးရုံး၊ ရွှေ့ပြောင်း မြန်မာ
အလုပ်သမားသမားများကို ကူညီပေးနေသော ရုံးများသို့သွား ရောက်ခဲ့သည်။

ထိုင်းနိုင်ငံဘက် မှ အဓိကဆွေးနွေးချက်များမှာ သူတို့နိုင်ငံ၏အလုပ်သမား
ဥပဒေ များနှင့် လက်ရှိနိုင်ငံရေးအခြေအနေ များ မြန်မာအလုပ်သမားများ၏ အခြေအနေများကို ဆွေးနွေးခဲ့ပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက် နိုင်မည့်အခြေအနေများကို ဆွေး နွေးခဲ့ကြောင်း သိရသည်။

ရန်နိုင်
Hot News Journal
မြန်မာနိုင်ငံ ILO ၏ CSO Migrant Network အစီအစဉ်ဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမား အရေးဆွေးနွေးပွဲကိုဇွန်လ ၉ ရက် နေ့မှ ၁၃ ရက်နေ့အထိ ထိုင်းနိုင်ငံ တပ်ခ်ခရိုင်မှတာဝန်ရှိသူများ၊ အလုပ် သမားအရေးကူညီဆောင် ရွက်ပေး နေသော လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ ILO ၏ CSO Migrant Network မှာပါဝင်တဲ့ အဖွဲ့အစည်း ၆ ဖွဲ့ မှအလုပ်သမား အရေး လုပ်ဆောင်နေသောအဖွဲ့ အစည်းများ၊ လူမှုရေးအဖွဲ့ အစည်း များမှဆွးနွေးပွဲကိုတက်ရောက်ခဲ့ကြသည်။

ထိုင်းနိုင်ငံအတွင်းမှာ မြန်မာအလုပ်သမားများကိုဖမ်းဆီးမှုတွေ လုပ်နေတာ၊ အလုပ်သမားအခွင့် အရေး ချိုးဖောက် ခံနေရတဲ့အခြေ အနေတွေကို ထိုင်းနိုင်ငံက တာဝန်ရှိသူတွေနဲ့ရော စက်မှုလုပ် ငန်းရှင်များ အဖွဲ့ကတာဝန်ရှိ သူတွေ နဲ့ တွေ့ဆုံပြီးဆွေးနွေးခဲ့ကြောင်း အလုပ်သမားအခွင့်အရေးကာ ကွယ်မြှင့်တင်သူ များအဖွဲ့မှ ကိုယဉ်ထွေးမှ ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံတပ်ခရိုင်နယ်မြေ က အလုပ်အခွင့်အရေးကာကွယ် စောင့်ရှောက်ရေးရုံး၊ စက်မှုလက်မှု ကုန် သည်ကြီးများ အသင်း၊ တပ်ခ်ခရိုင်နယ်မြေထိုင်းမြန်မာ နှစ်နိုင်ငံအလုပ်သမားလက်မှတ်နှင့် ဗီဇာထုတ်ပေးရုံး၊ ရွှေ့ပြောင်း မြန်မာ အလုပ်သမားသမားများကို ကူညီပေးနေသော ရုံးများသို့သွား ရောက်ခဲ့သည်။

ထိုင်းနိုင်ငံဘက် မှ အဓိကဆွေးနွေးချက်များမှာ သူတို့နိုင်ငံ၏အလုပ်သမားဥပဒေများနှင့် လက်ရှိနိုင်ငံရေး အခြေအနေ များ မြန်မာအလုပ်သမားများ၏ အခြေအနေများကို ဆွေးနွေးခဲ့ပြီး အပြန်အလှန်ပူးပေါင်းဆောင် ရွက် နိုင်မည့်အခြေအနေများကို ဆွေး နွေးခဲ့ကြောင်း သိရသည်။

Hot News Journal

No comments:

Post a Comment