Wednesday 18 June 2014

တရုတ်လူငယ်တစ်ဦး စွန့်ပစ်ကားများကို အသုံးပြုပြီး စက်ရုပ်တည်ဆောက်ခဲ့

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်အလယ်ပိုင်းမှ တရုတ်လူငယ်တစ်ဦးသည် စွန့်ပစ်မော်တော်ယာဉ်များကို အသုံးပြု ကာ တည်ဆောက်ထားသော စက်ရုပ်တစ်ခုကို ပေကျင်းမြို့ကို ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်ရုပ်သည် (၆)တန်အလေးချိန်ရှိပြီး Transformer ဇာတ်လမ်းတွဲများထဲက Optimus Prime (အော့ပ်တီးမတ်စ်ပရိုင်း) စက်ရုပ်ပုံစံတူ တည်ဆောက်ထားခြင်းဖြစ်ကာ ပေကျင်းမြို့တွင် ဇွန်လကုန်၌ ပြသသွားမည်ဖြစ်ကြောင်း ရုပ်သံဌာနကတင်ပြခဲ့သည်။ “(၁၂)မီတာအရှည်ရှိတဲ့ အဲ့ဒီစက်ရုပ်ကို စွန့်ပစ်ထားတဲ့ မော်တော်ကားနှစ်စီးနဲ့ ကုန်တင်ယာဉ်လေးစီးရဲ့ အစိတ်အပိုင်းတွေကို အသုံးပြုကာ လေးလကြာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ 

စက်ရုပ်ရဲ့ ရင်ဘတ်ပိုင်းကို တံခါးတွေ၊ မော်တော်ယာဉ်မောင်းခန်းတွေကို အသုံးပြုထားပြီး ခေါင်းနဲ့အဆစ်တွေကိုတော့ ကြီးမားတဲ့ စက်အစိတ်အပိုင်းတွေနဲ့ ဓါတ်ဆီတိုင်ကီတွေကို အသုံးပြုကာ တည် ဆောက် ထားတာဖြစ်တယ်။ ကိုယ်တိုင်တည်ဆောက်ပြုလုပ်ခဲ့တဲ့ (၁၆)ခုမြောက် စက်ရုပ်ဖြစ်ကာ ယွမ်ငွေ(၁)သိန်းကျော် အသုံးပြုခဲ့ရတယ်”ဟု အသက်(၂၅)နှစ်အရွယ် ဒီဇိုင်နာယန်ယီကပြောကြားခဲ့သည်။ ယန်ယီသည် Central Academy of Fine Arts မှ ဘွဲ့ရတစ်ဦးဖြစ်ကာ တစ်ချိန်တွင် တရုတ်ပစ္စည်းများကို အသုံးပြုကာ တစ်စုံတစ်ရာကို ထုတ်လုပ်သွားနိုင်ရန် မျှော်လင့်ကြောင်း ရိုက်တာသတင်းမှ သိရသည်။

SkyNet TV Browser

No comments:

Post a Comment