Wednesday 18 June 2014

မြိတ်-ထားဝယ်ခရိုင်က ကေအန်ယူလက်အောက်ခံရဲတပ်ဖွဲ့ကို ဖျက်သိမ်းပေးမည်မဟုတ်ဟု ကေအန်အယ်အေပြော

Photo: မြိတ်-ထားဝယ်ခရိုင်က ကေအန်ယူလက်အောက်ခံရဲတပ်ဖွဲ့ကို ဖျက်သိမ်းပေးမည်မဟုတ်ဟု ကေအန်အယ်အေပြော
Wednesday, June 18, 2014

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်အောက်ခံ မြိတ်-ထားဝယ်ခရိုင် ကချင်အမျိုးသား ရဲတပ်ဖွဲ့ကို ဖျက်သိမ်းပေးရန် တနင်္သာရီတိုင်း အစိုးရက
စာပေးပို့ထားသော်လည်း ဖျက်သိမ်းပေးမည်မဟုတ်ဟု KNU/KNLA၏ မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ စောဘီးလယ်က မဇ္ဈိမကို ပြောသည်။ 

“ဖျက်သိမ်းဖို့ မရှိဘူး။ ကျစ်လစ်ခိုင်မာအောင်လုပ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက သိပ်အရေးကြီးတယ်။ ဥပဒေ စိုးမိုးရေး၊ သူခိုးဓါးမြတွေ၊ ဆူပူသောင်းမှု 
မရှိအောင်လုပ်ရမယ်။ ကျွန်တော်တို့ ဖွဲ့စည်းပုံအရ လုပ်ထားတာပါ”ဟု စောဘီးလယ်က ပြောသည်။ 

ကေအန်ယူ၏ လက်အောက်ခံတပ်တစ်ခုဖြစ်သည့် KNU/KNLA၏ မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့ကို ဖျက်သိမ်းပေးရန်နှင့် ကြီးကြပ်
ဆောင်ရွက်ပေးရန် တနင်္သာရီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူး၏ လက်မှတ်ဖြင့် ဇွန်လ ၄ရက် နေ့စွဲဖြင့် မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌနှင့် KNLA တပ်မဟာ ၄မှူး 
ဗိုလ်မှူးချုပ် စောဓားကျော်တို့ထံ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ 

“ရဲဝတ်စုံတွေ ဝတ်ထားလို့ ပြောတာပေါ့။ ရွာတွေ ဝင်တဲ့အခါမှာ ဌာနတွေ မှားယွင်းနိုင်တာ ဖြစ်တဲ့အတွက်ကြောင့် မဝတ်ဖို့ ကန့်ကွက်တာပဲလေ။ 
ကျွန်တော်တို့က ကန့်ကွက်ပါတယ်ဆိုတာပဲ ပို့ထားတယ်။ ဒါက မှားယွင်းနိုင်တာ ဖြစ်တဲ့အတွက် သဘောကတော့ ဖြုတ်ရင်ဖြုတ်၊ မဖြုတ်ရင် တစ်နေရာမှာ မှားလိမ့်မယ်ပေါ့။ အယောင်ဆောင်မှုတွေနဲ့ ပြဿနာ တက်လာနိုင်တယ်လေ”ဟု တနင်္သာရီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်သိန်းက မဇ္ဈိမကို ပြောသည်။

တနင်္သာရီတိုင်း အစိုးရအဖွဲ့က ပေးပို့သော စာတွင် ပြီးခဲ့သည့် ဧပြီလ ၁၇ရက်က မြိတ်-ထားဝယ်ခရိုင် ဆင်ဖြူဒိုင်ကျေးရွာအနီး ဒေသအခေါ် လအော် 
“ကရင်အမျိုးသားရဲတပ်ဖွဲ့” ဖွဲ့စည်းခဲ့ကာ ဆိုင်းဘုတ်တင်၍ ရဲတပ်ဖွဲ့၊ အခွန်ကောက်၊ သစ်တော စသည့် အဖွဲ့အစည်းများ၏ လုပ်ငန်းများကို 
ဆောင်ရွက်နေသည်။ ယင်းသို့ KNUအဖွဲ့၏ ဆောင်ရွက်ချက်များကြောင့် အစိုးရက တရားဝင်ဖွဲ့စည်းထားသည့် ဌာနဆိုင်ရာ အဖွဲ့များနှင့် ထင်ယောင်
ထင်မှား ဖြစ်စေခြင်း၊ ဒေသခံ ပြည်သူများနှင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ အနှောက်အယှက် ဖြစ်စေသည်ဟု ပါရှိသည်။ 

ထို့ပြင် ကေအန်ယူအနေဖြင့် နိုင်ငံတော် အစိုးရမှ ဖွဲ့စည်းထားသည့် ဝန်ကြီးဌာန၊ ဦးစီးဌာနများ နည်းတူ ဖွဲ့စည်း၍ ဆောင်ရွက်ခွင့် မရှိသဖြင့် ယခု ဖွဲ့စည်း 
ထားသော ကရင် အမျိုးသားရဲတပ်ဖွဲ့အား ဖျက်သိမ်းပေးရေးနှင့် ရဲတပ်ဖွဲ့၊ အခွန်ကောက်၊ သစ်တော် ဦးစီးဌာနများ၏ လျှို့ဝှက် လုပ်ငန်းတာဝန်များ 
ဆောင်ရွက်ခြင်း မပြုရန် လိုအပ်သလို၊ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ပေးပါရန် အကြောင်းကြားပါသည်ဟု ဆက်လက် ဖော်ပြထားသည်။

“ဒါက ကျွန်တော်တို့နဲ့ တပ်မတော်တို့ရဲ့ ကိစ္စပါ။ ခုတော့ ညှိနှိုင်းလို့ ပြေလည်ပါပြီ။ အကြောင်းလဲ ကြားပြီးပါပြီ။ ရှင်းလည်း ရှင်းထားပါပြီ။ 
ကျွန်တော်တို့အဖွဲ့အစည်းရဲ့ တစ်ချို့လုပ်ငန်းဆောင်တာတွေ အကုန်လုံး အစိုးရက မသိသေးဘူး။ သူတို့ရတဲ့သတင်းကနေ အစိုးရဌာနကို တင်ပြီးတော့ 
အစိုးရကလည်း ကျွန်တော်တို့ဆီကို ပို့တယ်လို့ ယူဆရပါတယ်”ဟု KNU/KNLA၏ မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ စောဘီးလယ်က မဇ္ဈိမကို ပြောသည်။

ထိုကရင်အမျိုးသားရဲတပ်ဖွဲ့ကို KNU/KNLA က ၁၉၉၁ ခုနှစ်က တရားဥပဒေ စိုးမိုးရေး၊ နယ်မြေ အေးချမ်းသာယာရေးအတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး 
ဖျက်သိမ်းမည် မဟုတ်ဟု ၎င်းက ဆိုသည်။ 

ကေအန်ယူ ခေါင်းဆောင်များနှင့် အစိုးရ ခေါင်းဆောင်များအကြား ဆက်ဆံရေး ကောင်းမွန်နေသော်လည်း ဇွန်လ ဒုတိယပတ်တွင် အစိုးရနှင့် ကေအန်ယူ တပ်ဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက KNU ခေါင်းဆောင်များနှင့် သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် လည်း နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ 

Mizzima - News in Burmese
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်အောက်ခံ မြိတ်-ထားဝယ်ခရိုင် ကချင်အမျိုးသား ရဲတပ်ဖွဲ့ကို ဖျက်သိမ်းပေးရန် တနင်္သာရီတိုင်း အစိုးရက စာပေးပို့ထားသော်လည်း ဖျက်သိမ်းပေးမည်မဟုတ်ဟု KNU/KNLA ၏ မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ စောဘီးလယ်က မဇ္ဈိမကို ပြောသည်။ 

“ဖျက်သိမ်းဖို့ မရှိဘူး။ ကျစ်လစ်ခိုင်မာအောင်လုပ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက သိပ်အရေးကြီးတယ်။ ဥပဒေ စိုးမိုးရေး၊ သူခိုးဓါးမြတွေ၊ ဆူပူသောင်းမှု မရှိအောင်လုပ်ရမယ်။ ကျွန်တော်တို့ ဖွဲ့စည်းပုံအရ လုပ်ထား တာပါ”ဟု စောဘီးလယ်က ပြောသည်။ 

ကေအန်ယူ၏ လက်အောက်ခံတပ်တစ်ခုဖြစ်သည့် KNU/KNLA၏ မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသား ရဲတပ်ဖွဲ့ကို ဖျက်သိမ်းပေးရန်နှင့် ကြီးကြပ်ဆောင်ရွက်ပေးရန် တနင်္သာရီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူး၏ လက်မှတ်ဖြင့် ဇွန်လ ၄ရက် နေ့စွဲဖြင့် မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌနှင့် KNLA တပ်မဟာ ၄မှူး ဗိုလ်မှူးချုပ် စောဓားကျော်တို့ထံ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ 

“ရဲဝတ်စုံတွေ ဝတ်ထားလို့ ပြောတာပေါ့။ ရွာတွေ ဝင်တဲ့အခါမှာ ဌာနတွေ မှားယွင်းနိုင်တာ ဖြစ်တဲ့ အတွက်ကြောင့် မဝတ်ဖို့ ကန့်ကွက်တာပဲလေ။ ကျွန်တော်တို့က ကန့်ကွက်ပါတယ်ဆိုတာပဲ ပို့ထားတယ်။ ဒါက မှားယွင်းနိုင်တာ ဖြစ်တဲ့အတွက် သဘောကတော့ ဖြုတ်ရင်ဖြုတ်၊ မဖြုတ်ရင် တစ်နေရာမှာ မှားလိမ့် မယ်ပေါ့။ အယောင်ဆောင်မှုတွေနဲ့ ပြဿနာ တက်လာနိုင်တယ်လေ”ဟု တနင်္သာရီတိုင်း အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးတင်သိန်းက မဇ္ဈိမကို ပြောသည်။

တနင်္သာရီတိုင်း အစိုးရအဖွဲ့က ပေးပို့သော စာတွင် ပြီးခဲ့သည့် ဧပြီလ ၁၇ရက်က မြိတ်-ထားဝယ်ခရိုင် ဆင်ဖြူဒိုင်ကျေးရွာအနီး ဒေသအခေါ် လအော်“ကရင်အမျိုးသားရဲတပ်ဖွဲ့” ဖွဲ့စည်းခဲ့ကာ ဆိုင်းဘုတ်တင်၍ ရဲတပ်ဖွဲ့၊ အခွန်ကောက်၊ သစ်တော စသည့် အဖွဲ့အစည်းများ၏ လုပ်ငန်းများကို ဆောင်ရွက်နေသည်။ ယင်းသို့ KNUအဖွဲ့၏ ဆောင်ရွက်ချက်များကြောင့် အစိုးရက တရားဝင်ဖွဲ့စည်းထားသည့် ဌာနဆိုင်ရာ အဖွဲ့များနှင့် ထင်ယောင်ထင်မှား ဖြစ်စေခြင်း၊ ဒေသခံ ပြည်သူများနှင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ အနှောက်အယှက် ဖြစ်စေသည်ဟု ပါရှိသည်။ 

ထို့ပြင် ကေအန်ယူအနေဖြင့် နိုင်ငံတော် အစိုးရမှ ဖွဲ့စည်းထားသည့် ဝန်ကြီးဌာန၊ ဦးစီးဌာနများ နည်းတူ ဖွဲ့စည်း၍ ဆောင်ရွက်ခွင့် မရှိသဖြင့် ယခု ဖွဲ့စည်း ထားသော ကရင် အမျိုးသားရဲတပ်ဖွဲ့အား ဖျက်သိမ်း ပေးရေးနှင့် ရဲတပ်ဖွဲ့၊ အခွန်ကောက်၊ သစ်တော် ဦးစီးဌာနများ၏ လျှို့ဝှက် လုပ်ငန်းတာဝန်များ ဆောင် ရွက်ခြင်း မပြုရန် လိုအပ်သလို၊ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ပေးပါရန် အကြောင်းကြားပါသည်ဟု ဆက် လက် ဖော်ပြထားသည်။

“ဒါက ကျွန်တော်တို့နဲ့ တပ်မတော်တို့ရဲ့ ကိစ္စပါ။ ခုတော့ ညှိနှိုင်းလို့ ပြေလည်ပါပြီ။ အကြောင်းလဲ ကြားပြီးပါပြီ။ ရှင်းလည်း ရှင်းထားပါပြီ။ ကျွန်တော်တို့အဖွဲ့အစည်းရဲ့ တစ်ချို့လုပ်ငန်းဆောင်တာတွေ အကုန်လုံး အစိုးရက မသိသေးဘူး။ သူတို့ရတဲ့သတင်းကနေ အစိုးရဌာနကို တင်ပြီးတော့ အစိုးရကလည်း ကျွန်တော်တို့ဆီကို ပို့တယ်လို့ ယူဆရပါတယ်”ဟု KNU/KNLA၏ မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ စောဘီးလယ်က မဇ္ဈိမကို ပြောသည်။

ထိုကရင်အမျိုးသားရဲတပ်ဖွဲ့ကို KNU/KNLA က ၁၉၉၁ ခုနှစ်က တရားဥပဒေ စိုးမိုးရေး၊ နယ်မြေ အေးချမ်းသာယာရေးအတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဖျက်သိမ်းမည် မဟုတ်ဟု ၎င်းက ဆိုသည်။ 

ကေအန်ယူ ခေါင်းဆောင်များနှင့် အစိုးရ ခေါင်းဆောင်များအကြား ဆက်ဆံရေး ကောင်းမွန်နေသော်လည်း ဇွန်လ ဒုတိယပတ်တွင် အစိုးရနှင့် ကေအန်ယူ တပ်ဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက KNU ခေါင်းဆောင်များနှင့် သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် လည်း နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ 

Mizzima - News in Burmese 

No comments:

Post a Comment