Wednesday 18 June 2014

တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းလေးခုကို တရုတ်ဥပဒေပညာရှင်အဖွဲ့လေ့လာ

တရုတ်ရင်းနှီးမြှုပ်နှံမှု များနိုင်ငံတကာအပေါ် မည်မျှ ထိခိုက်မှုရှိသည်ဟူသော ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံရှိ စီမံကိန်းလေးခုကိုလေ့လာခဲ့သည့် တရုတ်ဥပဒေပညာရှင်များအဖွဲ့က စစ်ဆေးတွေ့ရှိချက်များကို အခြေခံ၍ မြန်မာနိုင်ငံအတွက် အကောင်းဆုံးလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း ရှေ့နေများကွန်ရက်မှ တွဲဖက်အတွင်းရေးမှူး ဦးသိန်းသန်းဦးကပြောသည်။

‘‘တရုတ်စီးပွားရေးလုပ်ငန်း တွေ နိုင်ငံတကာအပေါ် ဘယ်လောက်ထိခိုက်မှုရှိသလဲဆိုတာ လာရောက် လေ့လာတဲ့ ပထမဆုံး အဖွဲ့ပါ။ မစ္စ၀မ့်ကျူချိန်နဲ့ မစ္စတာ ကယ်ဗင်တို့လာရောက်လေ့လာပါတယ်။ စစ်ဆေး တွေ့ရှိချက်ကို အခြေခံပြီး မြန်မာနိုင်ငံအတွက် အကောင်းဆုံးလုပ်ဆောင်ပေး မယ်လို့ဖြေခဲ့ပါတယ်’’ဟု လေ့လာ မှုကို အတူတူပြုလုပ်ခဲ့သည့် ဦး သိန်းသန်းဦးကပြောသည်။

အဆိုပါတရုတ်ဥပဒေပညာ ရှင်များအဖွဲ့သည် သဘာဝပတ် ၀န်းကျင်ထိခိုက်မှုများကို ကျူးလွန်သည့် မည်သည့်အဖွဲ့အစည်းကို မဆို တရားစွဲဆိုမှုပြုလုပ်ပေးသော အဖွဲ့ဖြစ်သည်။ တရုတ်နိုင်ငံတွင် နော်ရိန်လက်နက်ကုမ္ပဏီအမည်ဖြင့် ဆောင်ရွက်နေသော မြန်မာဝမ်ပေါင်ကုမ္ပဏီအပါအ၀င် ကုမ္ပဏီပေါင်း ၁၅၀ ကို နိုင်ငံတကာစံနှုန်းများချိုးဖောက်မှုဖြင့်တရားစွဲဆိုမှုပြုလုပ်ပေးသည့် အဖွဲ့ဖြစ်သည်။

တရုတ်ဥပဒေပညာရှင်များ အဖွဲ့မှ လာရောက်လေ့လာသူ နှစ်ဦးသည် မေလ ၂၇ ရက်မှ ဇွန်လဆန်းပိုင်းအထိ သီလ၀ါ၊ ကျောက်ဖြူ၊ ထီးချိုင့်နှင့် လက်ပံတောင်းတောင်စီမံကိန်းများကို လေ့လာမှုများပြုလုပ်ခဲ့သည်။

သီလ၀ါအထူးစီးပွားရေးဇုန် အတွင်း  နိုင်ငံတကာစံနှုန်း ချိုး ဖောက်မှုများကို မည်သည့် 
ကုမ္ပဏီများက ဆောင်ရွက်နေသည် ကို လေ့လာခဲ့ပြီး ကျန်နေရာသုံးခုမှာ တရုတ် bရင်းနှီးမြှုပ်နှံမှု ပြုလုပ် ထားသည့် ဒေသများဖြစ်သည်။

တရုတ်ကုမ္ပဏီများရင်းနှီး မြှုပ်နှံသည့် ကျောက်ဖြူမြို့နယ် ရှိ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း နှင့် ရေနံပိုက်လိုင်း၊ ထီးချိုင့်မြို့ နယ်အတွင်းရှိ တကောင်း တောင် နီကယ်သတ္တုတူးဖော်ရေးနှင့် သန့် စင်စက်ရုံ၊ ဆာလင်းကြီး မြို့နယ် အတွင်းရှိ လက်ပံတောင်းတောင် စီမံကိန်းတို့ကို သွားရောက် လေ့ လာသည်။

7Day DAILY

No comments:

Post a Comment