Wednesday 18 June 2014

ခင်ဦးမြို့နယ် သမိုင်းဝင်အညာသီဟတော ဘုရားဖူးလာရောက်စဉ် ပုဂ္ဂိုလ်တစ်ဦး ၀င်ပူးပြော၍ နဂါးရုံဘုရားတည်

Photo: ခင်ဦးမြို့နယ် သမိုင်းဝင်အညာသီဟတော ဘုရားဖူးလာရောက်စဉ် ပုဂ္ဂိုလ်တစ်ဦး ၀င်ပူးပြော၍ နဂါးရုံဘုရားတည်
Wednesday, June 18, 2014

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကုတ္တက်ကျေးရွာအုပ်စု၊ သီဟတောကျေးရွာရှိ သမိုင်းဝင်အညာ သီဟတောဘုရား ထီးတော်တင်ပြီးနောက်ပ်ုင်း ပဲခူးမြို့(၁၀)မိုင်ကုန်းရပ်နေ ပတ္တမြားဆရာတော်ဘုရားဖူးအဖွဲ့မှ ဘုရားဖူး လာရောက်စဉ် အဆိုပါအဖွဲ့၌ပါလာသော အမျိုးသမီးတစ်ဦးအား ပုဂ္ဂိုလ်တစ်ဦးက၀င်ပူးပြီး နဂါးရုံဘုရားတစ်ဆူတည်ပေးရန် ဆရာတော်အား လျှောက်ထားရာ ဆရာတော်မှ တည်ထားပေးရန် တာဝန်ယူခဲ့သည်။

ဆရာတော် တာဝန်ပေး ချက်အရ ဒါယကာဦးကြင်သောင်းသည် တာဝန်ရှိသူများနှင့် ညှိနှိုင်းပြီး နေ့စဉ်သပိတ်ကျင်းမြို့နယ်မှ လာရောက်၍ မေလ(၂၉)ရက်နေ့ နံနက်ပိုင်းတွင် အနောက်တောင်ထောင့်(စနေထောင့်) ၌ နဂါးရုံဘုရားတည်ရန် ပန္နက်ရိုက်ပြီး ရင်ပြင်တော်အောက်ခြေ လှိုင်တူးပြီး ခိုင်ခန့်မှုရှိအောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကုတ္တက်ကျေးရွာအုပ်စု၊ သီဟတောကျေးရွာရှိ သမိုင်းဝင် အညာ သီဟတောဘုရား ထီးတော်တင်ပြီးနောက်ပ်ုင်း ပဲခူးမြို့(၁၀)မိုင်ကုန်းရပ်နေ ပတ္တမြား ဆရာတော် ဘုရားဖူးအဖွဲ့မှ ဘုရားဖူး လာရောက်စဉ် အဆိုပါအဖွဲ့၌ပါလာသော အမျိုးသမီးတစ်ဦးအား ပုဂ္ဂိုလ်တစ်ဦးက ၀င်ပူးပြီး နဂါးရုံဘုရားတစ်ဆူတည်ပေးရန် ဆရာတော်အား လျှောက်ထားရာ ဆရာတော်မှ တည်ထားပေးရန် တာဝန်ယူခဲ့သည်။

ဆရာတော် တာဝန်ပေး ချက်အရ ဒါယကာဦးကြင်သောင်းသည် တာဝန်ရှိသူများနှင့် ညှိနှိုင်းပြီး နေ့စဉ် သပိတ် ကျင်းမြို့နယ်မှ လာရောက်၍ မေလ(၂၉)ရက်နေ့ နံနက်ပိုင်းတွင် အနောက်တောင်ထောင့်(စနေ ထောင့်) ၌ နဂါးရုံဘုရားတည်ရန် ပန္နက်ရိုက်ပြီး ရင်ပြင်တော်အောက်ခြေ လှိုင်တူးပြီး ခိုင်ခန့်မှုရှိအောင် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar 

No comments:

Post a Comment