Sunday 22 June 2014

ရခိုင်နှင့် ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်းထပ်ကောက်ရန် အချိန်ကာလ တိုးလိုက်သော်လည်း လူဦးရေထက်ဝက်ကျော် ကျန်နေသေး

Photo: ရခိုင်နှင့် ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်းထပ်ကောက်ရန် အချိန်ကာလ တိုးလိုက်သော်လည်း လူဦးရေထက်ဝက်ကျော် ကျန်နေသေး
Sunday, June 22, 2014

ရခိုင်နှင့် ကချင်ပြည်နယ် တို့တွင် ကျန်ရှိနေသော လူဦးရေ သုံးသိန်း သုံးသောင်း ကျော်ကို ဆက်လက်စာရင်းကောက်ယူရန် ကာလတိုးမြှင့်လိုက်သော်လည်း သတ်မှတ်ကာလအတွင်း စာရင်း ကောက်ယူရန် လူဦးရေထက်ဝက် ကျော် ကျန်ရှိသေးပြီး အပြီးမသတ်နိုင်သေးကြောင်း ဗဟိုသန်းခေါင်စာရင်းကောက်ယူ ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ရက်သတ္တရှစ်ပတ်ခန့်တိုး မြှင့်လိုက်ခြင်းဖြစ်ပြီး ယင်းကာလ သည် ဇွန်လ ၁၄ ရက်တွင် ပြီးဆုံးသွားသဖြင့် မြေပြင်ကွင်းဆင်း ကောက်ယူမှုလုပ်ငန်းစဉ် ပြီးစီး သော်လည်း သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိဟု ဗဟိုသန်းခေါင်စာရင်းအဖွဲ့က ဇွန်လ ၂၀ ရက်တွင်ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

‘‘ဘယ်လောက်ကျန်ခဲ့တယ် ဆိုတာတော့ ဗဟိုသန်းခေါင်စာ ရင်းအဖွဲ့က ဩဂုတ်မှာ ထုတ်ပြန် ကြေညာသွားမှာပါ။ အခုလက်ရှိ က စာရင်းသွင်းနေဆဲကာလမို့ အတိအကျစာရင်းမထွက်သေးပါ ဘူး။ တော်တော်များများကျန်ခဲ့ပါ တယ်’’ဟု ပြည်သူ့အင်အားဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောသည်။

သန်းခေါင်စာရင်းကောက် ယူရန် တင်းမာနေဆဲဖြစ်သည့် ရခိုင်ပြည်နယ်တွင် လူမျိုးအမည် မထည့်သွင်းဘဲ ကောက်ယူသည့် နည်းစနစ်ကို အစိုးရက သက် ဆိုင်ရာဘာသာရေးခေါင်းဆောင် များ၊ ရပ်မိရပ်ဖများနှင့် အကြိမ် ကြိမ် ဆွေးနွေးခဲ့သော်လည်း ရိုဟင်ဂျာဟု အမည်မသွင်းပါက စာရင်းကောက်မှုမခံယူသည့် ဘင်္ဂါလီများ များပြားနေပြီးကောက်ယူမှုကို လူအနည်းစုကသာ လက်ခံသောကြောင့် ရာနှုန်းပြည့်မကောက်ယူနိုင်ခြင်းဖြစ်သည်ဟု ညွှန်ကြားရေးမှူးချုပ်က ရှင်းပြ သည်။

ဘင်္ဂါလီဟုဖြေဆိုသဖြင့် ရခိုင်ပြည်နယ်ရှိ ခရိုင်နှစ်ခုတွင် ကောက်ယူရာ လူဦးရေသောင်း ဂဏန်းခန့် ကောက်ယူပြီးစီးပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင်နေထိုင်သည့် ဘင်္ဂါလီစာရင်းကို ကောက်ယူထားကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

မိုင်းထောင်ထားသည့် လိုင် ဇာပတ်ဝန်းကျင်ကျေးရွာများတွင် ကေအိုင်အေဘက်မှ စာရင်း ကောက်ယူပေးမည်ဖြစ်ပြီး ကျန် ကျေးရွာများကို ပြည်နယ်သန်း ခေါင်စာရင်းကော်မတီက ကောက်ယူရန် မေလ ၁၃ ရက်က ကေအိုင်အေနှင့် အစိုးရတို့ သဘောတူညီမှုရရှိခဲ့သည်။

ကချင်ပြည်နယ် လိုင်ဇာ ဒေသရှိ ကျေးရွာ ၉၇ ရွာတွင် သန်းခေါင်စာရင်းကောက်ယူရန် ကေအိုင်အေနှင့် အစိုးရတို့ မေလ ၁၃ ရက်က သဘောတူညီခဲ့သော်လည်း မြေပြင်စာရင်းကောက်သူများသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ အချိန်မမီခြင်းတို့ ကြောင့် ကျေးရွာများထက်ဝက်ခန့် ကျန်ရှိနေကြောင်း သတင်းရရှိ သည်။

‘‘လိုသလောက် အားလုံးမကောက်နိုင်ဘူး။ ပြောရရင် ကျေးရွာအားလုံးမပြီးဘူး။ တစ်ဝက်လောက်ကျန်ခဲ့တယ်’’ဟု ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောသည်။

၁၉၈၃ ခုနှစ် သန်းခေါင်စာ ရင်းကောက်ယူရရှိမှုနှင့်နှိုင်းယှဉ်ပါက ယခုနှစ်ကောက်ယူခြင်းသည် ပိုပြည့်စုံကြောင်း မေလဆန်း၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးက ပြောကြားခဲ့သည်။

၁၉၈၃ ခုနှစ်တွင် နယ်မြေ လုံခြုံရေးအခြေအနေများကြောင့် ကချင်၊ ရှမ်း၊ ကရင်၊ ကယားနှင့် စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ လူဦးရေ ၁ ဒသမ ၁၇ ခန့် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

သန်းခေါင်စာရင်း ပထမဆုံးအသုတ်အဖြစ် ရခိုင်ပြည်နယ်တွင် လုံခြုံရေးအပြည့်နှင့် ကောက်ယူစဉ် (ဓာတ်ပုံ - အောင်ခိုင်)

7Day Daily
သန်းခေါင်စာရင်း ပထမဆုံးအသုတ်အဖြစ် ရခိုင်ပြည်နယ်တွင် လုံခြုံရေးအပြည့်နှင့် ကောက်ယူစဉ်
ရခိုင်နှင့် ကချင်ပြည်နယ်တို့တွင် ကျန်ရှိနေသော လူဦးရေ သုံးသိန်းသုံးသောင်းကျော်ကို ဆက်လက် စာရင်းကောက်ယူရန် ကာလတိုးမြှင့်လိုက်သော်လည်း သတ်မှတ်ကာလအတွင်း စာရင်း ကောက်ယူရန် လူဦးရေထက်ဝက် ကျော် ကျန်ရှိသေးပြီး အပြီးမသတ်နိုင်သေးကြောင်း ဗဟိုသန်းခေါင်စာရင်းကောက်ယူ ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ရက်သတ္တရှစ်ပတ်ခန့်တိုး မြှင့်လိုက်ခြင်းဖြစ်ပြီး ယင်းကာလ သည် ဇွန်လ ၁၄ ရက်တွင် ပြီးဆုံးသွားသဖြင့် မြေပြင် ကွင်းဆင်း ကောက်ယူမှုလုပ်ငန်းစဉ် ပြီးစီး သော်လည်း သတ်မှတ်ကာလအတွင်း ပြီးမြောက် အောင်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိဟု ဗဟိုသန်းခေါင်စာရင်းအဖွဲ့က ဇွန်လ ၂၀ ရက်တွင်ထုတ်ပြန် ကြေညာ ခဲ့ခြင်းဖြစ်သည်။

‘‘ဘယ်လောက်ကျန်ခဲ့တယ် ဆိုတာတော့ ဗဟိုသန်းခေါင်စာ ရင်းအဖွဲ့က ဩဂုတ်မှာ ထုတ်ပြန် ကြေညာ သွားမှာပါ။ အခုလက်ရှိ က စာရင်းသွင်းနေဆဲကာလမို့ အတိအကျစာရင်းမထွက်သေးပါ ဘူး။ တော်တော် များများကျန်ခဲ့ပါ တယ်’’ဟု ပြည်သူ့အင်အားဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောသည်။

သန်းခေါင်စာရင်းကောက် ယူရန် တင်းမာနေဆဲဖြစ်သည့် ရခိုင်ပြည်နယ်တွင် လူမျိုးအမည် မထည့်သွင်းဘဲ ကောက်ယူသည့် နည်းစနစ်ကို အစိုးရက သက် ဆိုင်ရာဘာသာရေးခေါင်းဆောင် များ၊ ရပ်မိရပ်ဖများနှင့် အကြိမ် ကြိမ် ဆွေးနွေးခဲ့သော်လည်း ရိုဟင်ဂျာဟု အမည်မသွင်းပါက စာရင်းကောက်မှုမခံယူသည့် ဘင်္ဂါလီ များ များပြားနေပြီးကောက်ယူမှုကို လူအနည်းစုကသာ လက်ခံသောကြောင့် ရာနှုန်းပြည့်မကောက်ယူ နိုင်ခြင်းဖြစ်သည်ဟု ညွှန်ကြားရေးမှူးချုပ်က ရှင်းပြ သည်။

ဘင်္ဂါလီဟုဖြေဆိုသဖြင့် ရခိုင်ပြည်နယ်ရှိ ခရိုင်နှစ်ခုတွင် ကောက်ယူရာ လူဦးရေသောင်း ဂဏန်းခန့် ကောက် ယူပြီးစီးပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင်နေထိုင်သည့် ဘင်္ဂါလီစာရင်းကို ကောက်ယူထား ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

မိုင်းထောင်ထားသည့် လိုင်ဇာပတ်ဝန်းကျင်ကျေးရွာများတွင် ကေအိုင်အေဘက်မှ စာရင်း ကောက်ယူပေး မည်ဖြစ်ပြီး ကျန် ကျေးရွာများကို ပြည်နယ်သန်း ခေါင်စာရင်းကော်မတီက ကောက်ယူရန် မေလ ၁၃ ရက်က ကေအိုင်အေနှင့် အစိုးရတို့ သဘောတူညီမှုရရှိခဲ့သည်။

ကချင်ပြည်နယ် လိုင်ဇာ ဒေသရှိ ကျေးရွာ ၉၇ ရွာတွင် သန်းခေါင်စာရင်းကောက်ယူရန် ကေအိုင်အေနှင့် အစိုးရတို့ မေလ ၁၃ ရက်က သဘောတူညီခဲ့သော်လည်း မြေပြင်စာရင်းကောက်သူများသည် လမ်းပန်း ဆက် သွယ်ရေး ခက်ခဲခြင်း၊ အချိန်မမီခြင်းတို့ ကြောင့် ကျေးရွာများထက်ဝက်ခန့် ကျန်ရှိနေကြောင်း သတင်း ရရှိ သည်။

‘‘လိုသလောက် အားလုံးမကောက်နိုင်ဘူး။ ပြောရရင် ကျေးရွာအားလုံးမပြီးဘူး။ တစ်ဝက်လောက် ကျန်ခဲ့ တယ်’’ဟု ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောသည်။

၁၉၈၃ ခုနှစ် သန်းခေါင်စာ ရင်းကောက်ယူရရှိမှုနှင့်နှိုင်းယှဉ်ပါက ယခုနှစ်ကောက်ယူခြင်းသည် ပိုပြည့်စုံ ကြောင်း မေလဆန်း၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးက ပြောကြားခဲ့သည်။

၁၉၈၃ ခုနှစ်တွင် နယ်မြေ လုံခြုံရေးအခြေအနေများကြောင့် ကချင်၊ ရှမ်း၊ ကရင်၊ ကယားနှင့် စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ လူဦးရေ ၁ ဒသမ ၁၇ ခန့် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

7Day Daily

No comments:

Post a Comment