Sunday 22 June 2014

လူးဝစ်ဆာရက်ဇ်၏ စွမ်းဆောင်ရည်မှာ အံ့အားသင့်စရာဟု မော်ရင်ဟိုဆို

ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက အင်္ဂလန်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ခြေစွမ်းပြပြီး (၂)ဂိုးသွင်းယူခဲ့သည့် လူးဝစ်ဆွာရက်ဇ်အား ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ မော်ရင်ဟိုသည် ပြီးခဲ့သည့် ရာသီက လီဗာပူးလ်အသင်း၏ ကစားသမားဖြစ်သူ ဆွာရက်ဇ်အား ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသူ ဖြစ်သည်။

ယခုအခါ မော်ရင်ဟိုက ''သူ့ရဲ့ အပြုအမူက အိုကေပါပဲ။ ပရိသတ်တွေက ဒီပွဲမှာ ကစားခဲ့တဲ့ ဆွာရက်ဇ်ရဲ့ ခြေစွမ်းနဲ့ ခံယူချက်ကို အသိအမှတ် ပြုရပါမယ်။ ဆွာရက်ဇ်အား ချီးကျူးဂုဏ်ပြုမှုတွေနဲ့ ထိုက်တန်ပါတယ်။ သူ့ကို ကျွန်တော်ကိုယ်တိုင် ဝေဖန်ခဲ့ဖူးပါတယ်။ သူ ဒိုင်ဗင်ထိုးတဲ့ အချိန်တွေ၊ ဟန်ဆောင်ပြီး ပယ်နယ်တီတွေ ရယူတဲ့ အချိန်တွေမှာပေါ့။ ကျွန်တော် အဲဒီလိုလုပ်ရပ်ကို မနှစ်မြို့ပါဘူး။ ဒါပေမဲ့ အခုတော့ သူ့ကို ကျွန်တော် သဘောကျပါတယ်။ သူဟာ လီဗာပူးလ်မှာ အလွန်ကောင်းတဲ့ ခြေစွမ်းမျိုးကို အကြိမ်ပေါင်းများစွာ ပြသခဲ့ပါတယ်။ ကြာသပတေးနေ့က ပွဲမှာလည်း သူ ထပ်လုပ်ပြနိုင်ခဲ့ပါတယ်။ အရမ်းအံ့သြစရာ ကောင်းတယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ သူနဲ့ အသင်းဖော်တွေကြားက အချိတ်အဆက်၊ သူနဲ့ သူ့ပရိသတ်တွေကြားက ဆက်ဆံရေးတွေက အရမ်းအံ့သြစရာ ကောင်းပါတယ်" ဟု ပြောကြားခဲ့သည်။ 

မော်ရင်ဟိုသည် ပြီးခဲ့သည့်ရာသီက ဆွာရက်ဇ်အား ဒိုင်ဗင်သမားဟု ဝေဖန်ခဲ့သလို၊ အကောင်းဆုံးဆုများကို ရယူခဲ့ချိန်တွင်လည်း ယင်းဆုများနှင့် ထိုက်တန်သည့် အောင်မြင်မှုနှင့် မှတ်တမ်းကောင်း မရှိသူဟု ဝေဖန်ခဲ့ဖူးသည်။

Eleven Media Group

No comments:

Post a Comment