Sunday 22 June 2014

တယ်လီနောနှင့် ဆမ်ဆောင်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုး

တယ်လီနောမြန်မာနှင့် ကမ္ဘာ့ နံပါတ်တစ် မိုဘိုင်းပစ္စည်းထုတ် လုပ်သူ Samsung Electronics တို့ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာကို ရန်ကုန်မြို့ရှိ တယ် လီနောရုံးချုပ်၌ နှစ်ဖက်ကုမ္ပဏီမှ အကြီးတန်းအရာရှိများက ဇွန် ၁၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရသည်။

“ဆက်သွယ်ရေးကဏ္ဍမှာ တယ်လီ နောနဲ့ ဆမ်ဆောင်းအတွက် ပူးပေါင်း ဆောင်ရွက်မှုက အခွင့်အလမ်း များစွာကို စတင်လိုက်တာပဲ ဖြစ် ပါတယ်။ မြန်မာပြည်သူတွေအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုကို ဆမ် ဆောင်းနဲ့အတူ လက်တွဲဆောင် ရွက်ရမှာ ဝမ်းမြောက်မိပါတယ်” ဟု တယ်လီနောမြန်မာ CEO Mr. Petter Furberg ကပြောသည်။

တယ်လီနောမြန်မာနှင့် ဆမ်ဆောင်းတို့ ပူးပေါင်း၍ ဈေးကွက် ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းကတ်နှင့် မိုဘိုင်းဟန်းဆက်ကို တစ်ပါတည်း ဈေးနှုန်းသင့်တင့်မျှတစွာ ပူးတွဲရောင်းချမှုများနှင့် အရောင်း မြှင့်တင်ရေး ဆောင်ရွက်မှုများကို လက်တွဲ အကောင်အထည်ဖော်သွား မည်ဖြစ်ကာ ကုမ္ပဏီနှစ်ခုလုံး၏ မြန်မာဈေးကွက်တွင် လက်တွဲဆောင် ရွက်နေမှုကို ပိုမိုခိုင်မာလာအောင် ဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ 

Samsung Electronics Myanmar \ Managing Director Mr. Nam Sik Ahnကလည်း “တယ်လီနောနဲ့ ဆမ် ဆောင်းက ဈေးကွက်ဝန်ဆောင်မှုမှာ တစ်ဦးနှင့်တစ်ဦး လက်တွဲညီညီ ဆောင်ရွက်သွားမှာဖြစ်ပြီး အခု ပူးပေါင်းမှုကလည်း ကုမ္ပဏီနှစ်ခု လုံးရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေကို ပိုမိုခိုင် မာလာစေမှာ ဖြစ်ပါတယ်” ဟု ပြောကြားကာ ယခုပူးပေါင်းဆောင် ရွက်နိုင်မှုအတွက် ဝမ်းမြောက် ကြောင်းကိုလည်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်း ချက်ကတော့ ခေတ်မီဆန်းသစ်ပြီး တန်ဖိုးရှိတဲ့ ဝန်ဆောင်မှုတွေကို အများပြည်သူ အတွက် ပေးအပ်ဖို့ ပါပဲ။ ဆမ်ဆောင်းဟာလည်း ကုမ္ပဏီ နှစ်ခုလုံးရဲ့ နည်းဗျူဟာဆိုင်ရာ ရည် မှန်းချက်များကို ပြည့်ဝစေဖို့အတွက် မိမိတို့ရဲ့ လက်တွဲဖော်ကောင်းတစ်ဦး ဖြစ်တယ်လို့ ယုံကြည်ပါတယ်” ဟု တယ်လီနော မြန်မာ၏ Chief Marketing Officer Mr. Sharad Mehrotraက ပြောကြားခဲ့သည်။

တယ်လီနောမြန်မာသည် ဆက် သွယ်ရေးလိုင်စင်ကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင်ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် မြန်မာ ပြည်သူများအတွက် လွယ်ကူစွာ ရရှိနိုင်ပြီး လက်လှမ်းမီသော ဈေးနှုန်းဖြင့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်သွားမည် ဟု သိရသည်။

MOI Webportal Myanmar 

No comments:

Post a Comment