Sunday 22 June 2014

Mann Yadanarpon Air Line မှ တနင်္သာရီ တိုင်း ဒေသကြီး ခရီးစဉ် ယခုလ အတွင်း စတင် ပြေးဆွဲမည်

Photo: Mann Yadanarpon Air Line မှ တနင်္သာရီ တိုင်း ဒေသကြီး ခရီးစဉ် ယခုလ အတွင်း စတင် ပြေးဆွဲမည်
Sunday, June 22, 2014

မန္တလေးမြို့ အခြေစိုက် လေကြောင်း လိုင်းသစ်တစ်ခု ဖြစ်သည့် Mann Yadanarpon Air Lineသည် တနင်္သာရီတိုင်း ဒေသကြီး အတွင်း ခရီးစဉ်များကို ဇွန် ၂၅ ရက်တွင် စတင် ပြေးဆွဲမည် ဖြစ်ကြောင်း မြိတ်လေဆိပ်၌ ဖွင့်လှစ်ထားသော အဆိုပါ လေကြောင်းလိုင်း၏ မြိတ်ရုံးခွဲမှသိရသည်။

အဆိုပါ လေကြောင်းလိုင်းသည် တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ မြို့များ ဖြစ်သော ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့တို့သို့ လေယာဉ်နှစ်စင်းဖြင့် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တို့တွင် တစ်ပတ်လျှင် သုံးရက် ပြေးဆွဲပေးမည် ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ''လက်ရှိမှာတော့ ထားဝယ်မြို့မှာ လေယာဉ်လက်မှတ်တွေ စတင်ရောင်းနေပါပြီ။ မြိတ်မှာတော့ မရောင်းရသေးပါဘူး။ လက်မှတ်ရောင်းဖို့ အတွက် ပြင်ဆင်နေပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လေယာဉ်စီးနင်းခ အနေဖြင့် လက်မှတ်ဈေးနှုန်းမှာ ထားဝယ်-ရန်ကုန် ငွေကျပ် ၆၆ဝဝဝ၊ မြိတ်-ထားဝယ် ငွေကျပ် ၄၁ဝဝဝ၊ ထားဝယ် -ကော့သောင်း ငွေကျပ် ၇၁ဝဝဝ တို့ဖြင့် အသီးသီး သတ်မှတ် ထားကြောင်း သိရသည်။ လက်ရှိတွင် တိုင်းဒေသကြီး ခရီးစဉ်များ ကို မြန်မာ့ လေကြောင်း လိုင်း အပါအဝင် Yangon Airways ၊ AIR KBZ ၊ Air Mandalay စသည့် လေကြောင်းလိုင်းများ ပြေးဆွဲလျက် ရှိပြီး ဇွန် ၂၅ ရက်မှ စတင်ကာ အဆိုပါ မန်းရတနာပုံ လေကြောင်းလိုင်းသစ် တစ်ခု ထပ်မံ ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment