Sunday 22 June 2014

နိုင်ငံရေးခိုလှုံခွင့်တောင်းသူစာရင်းတွင် မြန်မာ အဆင့်သုံး၌ ရပ်တည်

ကမ္ဘာတွင် နိုင်ငံရေးခိုလှုံ ခွင့်တောင်းခံသူအများဆုံးနိုင်ငံ များစာရင်း၌ မြန်မာနိုင်ငံကအ ဆင့်သုံးနေရာတွင် ရပ်တည်နေ ကြောင်း UNHCR အစီရင်ခံစာ တစ်ခု၌ ဖော်ပြသည်။ 

ကမ္ဘာ့ဒုက္ခသည်များနေ့ ဇွန် လ ၂၀ရက်စွဲဖြင့် ထုတ်ပြန်သော အဆိုပါအစီရင်ခံစာအရ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူအများဆုံးနိုင်ငံများတွင် မြန်မာကလူဦးရေ ၅၇,၄၀၀ ဖြင့် တတိယနေရာ၌ ရပ်တည်နေခြင်း ဖြစ်သည်။

၂၀၁၃ခုနှစ်အတွင်း တတိယနိုင်ငံများသို့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူပေါင်း ၁ ဒသမ ၂ သန်းခန့်ရှိပြီး အများစုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်သည်။ UNHCR ၏ အစီရင်ခံစာအရ ဆီးရီးယားနိုင်ငံမှ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူပေါင်း ခြောက်သောင်းလေးထောင်ကျော်ဖြင့် ထိပ်ဆုံးမှ ရပ်တည်နေ ပြီး အာဖရိကမှ ကွန်ဂိုနိုင်ငံ က ခြောက်သောင်းကျော်ဖြင့် ဒုတိယ နေရာ၌ ရပ်တည်နေသည်။

UNHCR အစီရင်ခံစာတွင် ၂၀၁၃ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး၌ နေရပ်စွန့်ခွာတိမ်းရှောင်သူဒုက္ခသည်ပေါင်း သန်းသုံးဆယ်ကျော် ရှိသည်ဟုလည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်မူ နေရပ်စွန့်ခွာဒုက္ခသည်ဦးရေမှာ သုံးသိန်းကျော်ရှိကြောင်း ဒေသတွင်းအဖွဲ့အစည်းများက ခန့်မှန်းထားသည်။

7Day Daily

No comments:

Post a Comment