Sunday 22 June 2014

အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်မည်ဆိုပါက တိကျစွာ ဆောင်ရွက်ရန်လိုဟု လွှတ်တော်ကိုယ်စားလှယ်များပြော

သမ္မတ၏ ဖိလစ်ပိုင်ခရီးစဉ်အတွင်း တွေ့ရသော အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့ (ဓာတ်ပုံ - သီဟ)
အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှုကို အမှန်တကယ်တိုက်ဖျက်မည်ဆိုပါက ဥပဒေအတိုင်း တိကျစွာ ဆောင်ရွက်ရန်လိုပြီး  ဥပဒေ၏ အထက်တွင် မည်သူမျှမရှိရန်လိုသည်ဟု  ဥပဒေပညာရှင် များနှင့် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားလိုက်သည်။

 သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့် ကို နိုင်ငံပိုင်ငွေကျပ်ငွေသိန်း ၁၀၀ အလွဲသုံးစား မှုဖြင့် အရေးယူခြင်း မှာ မဖြစ်သင့်ဘဲ ထိုသို့ဆိုပါက အခြားသော တစ်နိုင်ငံလုံးက သိရှိသည့် အဂတိ လိုက်စားမှု များကို အရေးမယူခြင်းမှာ မေးခွန်းထုတ် စရာဖြစ်သည်ဟု လွှတ်တော် ကိုယ်စားလှယ် အများစုကဆိုသည်။

ပြည်ထောင်စုဝန်ကြီးမဖြစ် မီ  ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဦးဆန်းဆင့်သည် လွှတ်တော်၏  လုပ်ငန်းများကို အအောင်မြင်ဆုံးဆောင်ရွက်န
ိုင်သူဖြစ်ပြီး အဂတိလိုက်စားမှုအနည်းဆုံးပုဂ္ဂိုလ်ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

သို့သော်ပြည်ထောင်စုဝန် ကြီးဦးဆန်းဆင့်သည် တိုင်ကြားမှု များအရအဂတိလိုက်စားမှုဖြင့် ပထမဆုံးလူသိထင်ရှားအရေးယူ ခံရသည့် ပြည်ထောင်စုဝန်ကြီး ဖြစ်ခဲ့သည်။

  ‘‘ငွေရေး၊ ကြေးရေးအရ လည်း သူဒီလိုမဖြစ်နိုင်ဘူး။ ဒါမသမာမှုတွေရှိနေတယ်လို့ ကျွန် တော်ထင်တယ်။ သူ့ကိုဖယ်ရှားဖို့ ထိုးနှက်မှုတွေရှိနိုင်တယ်။ ဒီဖယ် ရှားတာနဲ့ ပတ်သက်ပြီး သေသေ ချာချာရှင်းပြဖို့လိုတယ်’’ဟု အလုံ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားခဲ့သည်။

ထိုမျှမကသော အုပ်ချုပ်ရေး ပိုင်းမှ တာဝန်ပျက်ကွက်သူများ၊ လာဘ်ပေးလာဘ်ယူမှုပြုလုပ်သူများကိုမူ အစိုးရအဖွဲ့က အရေးယူခြင်းမရှိခဲ့ကြောင်း  ဦးခိုင်မောင်ရည်က ဆက်လက်ပြောသည်။

ဥပဒေပိုင်းအရ ၀န်ကြီးဦးဆန်းဆင့်ကို တရားရုံးမှ အမိန့်မချမချင်းအပြစ်ရှိသည်ဟု မပြောနိုင်ဘဲ ၀န်ကြီး အနေဖြင့် ဥပဒေအကာအကွယ်ကို အပြည့်အ၀ရရန်လိုသည်ဟု တရားလွှတ်တော်ရှေ့နေလည်းဖြစ်သည့်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ကပြောကြားခဲ့သည်။

ဥပဒေအရဆိုလျှင် နိုင်ငံပိုင် ငွေအလွဲသုံးစား ပြုလုပ်သည်ဆို သည်မှာ ယာယီခေတ္တမျှဖြစ်လျှင်  ပင်အရေးယူ၍ရပြီး ပြန်လည်ပေးသွင်းလျှင်လည်း အရေး ယူနိုင်သည်ဟု သိရသည်။

 နိုင်ငံတွင် ပြည်သူတိုင်းသိ သည့်ကိစ္စဖြစ်သော အချို့သော သူများကိုမူ အရေးမယူဘဲ အချို့ အရေးယူခံရသည်မှာ ဥပဒေ၏ အထက်တွင် ပုဂ္ဂိုလ်အချို့ ရှိနေသေးသည့် သဘောသာဖြစ်ပြီး ယခုကဲ့သို့ ပြည်ထောင်စုဝန်ကြီးကို အရေးယူခြင်းသည် နိုင်ငံအတွက် ၀မ်းသာစရာကိစ္စမဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်တရားလွှတ်တော်ရှေ့နေဦးသန်းမောင်က ပြောကြားခဲ့သည်။

  ‘‘သမ္မတကြီးတာဝန်ယူက တည်းက လာဘ်ပေးလာဘ်ယူမူ ကိစ္စက ကျွန်တော်တို့ရဲ့ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအနေနဲ့ အသိ အမှတ်ပြုထားခဲ့တာပါ။ မကြာ ခဏလည်း ကျွန်တော်တို့ နာမည် ထုတ်မပြောပေမယ့် ဌာနဆိုင်ရာ အကြီးအကဲတွေ၊ ညွှန်ချုပ်တွေ၊တချို့ဝန်ကြီးတွေကို အရေးယူခဲ့ တာတွေရှိပါတယ်’’ဟု နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကပြောသည်။

အစိုးရသစ်လက်ထက် လွှတ်တော်စတင်အသက်ဝင်ပြီးနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာ  လွှတ်တော် ငွေစာရင်းကော်မတီ၏ အစီရင်ခံစာများကို လွှတ်တော်သို့ တင်သွင်းခဲ့ရာ အစိုးရ၀န်ကြီးဌာနအချို့၏ အလွဲသုံးစားလုပ်မှုများကို  ပြည်သူများ တရားဝင်သိရှိခွင့်ရခဲ့သည်။

သို့သော်အဆိုပါအမှုများ တွင် နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ငွေများအဖြစ်သာထားရှိခဲ့ ပြီး အချို့သော အမှုများတွင် ညွှန်မှူးအဆင့်ကဲ့သို့ အရာရှိများကို သာ ထုတ်ပယ်အရေးယူခဲ့ပြီး ရာ ထူးမှ ရပ်စဲသည်ဟု တရားဝင် ကြေညာခြင်းလုံးဝမပြုလုပ်ခဲ့ပေ။

7Day DAILY 

No comments:

Post a Comment