Sunday 22 June 2014

ရန်ကုန်တောင်ပိုင်း ခရိုင်လုံးဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ယနေ့ ဆန္ဒထုတ်ဖော်မည်

Photo: ရန်ကုန်တောင်ပိုင်း ခရိုင်လုံးဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ယနေ့ ဆန္ဒထုတ်ဖော်မည်
Sunday, June 22, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်တောင်ပိုင်း ခရိုင်လုံးဆိုင်ရာ လူထုလှုပ်ရှားမှု ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် သန်လျင်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း ဦးဆောင်ကျင်းပမည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက်က ဇွန်လ ၂၁ ရက်နေ့က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲအရ သိရှိရသည်။

ဆန္ဒထုတ်ဖော်ပွဲအတွက် မရမ်းကုန်းမြို့နယ် ရှစ်မိုင်ရှိ မြိုင်ဟေဝန် ပန်းခြံရှေ့နှင့် သန်လျင်မီးပွိုင့်တို့တွင် စုရပ်များထားရှိပြီး ယင်းစုရပ်နေရာများမှ မွန်းလွဲ ၁ နာရီခွဲတွင် စတင်ကာ ကျိုက်ခေါက်ဘုရားလမ်း၊ သိမ်ကျောင်းလမ်း၊ ဗိုလ်ချုပ်နေဝင်းလမ်းတို့မှ အာဇာနည်ကျောက်တိုင်ရှေ့သို့ လမ်းလျှောက် ချီတက်မည် ဖြစ်ကြောင်း အဆိုပါကွန်ရက် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးမျိုးဇော်က ပြောကြားသည်။

“ဟောပြောမယ့်နေရာနဲ့ စီတန်းလှည့်လည်ခွင့် အတွက်လည်း ခွင့်ပြုချက် ကျထားတယ်။ တောင်ပိုင်းခရိုင် ကိုးမြို့နယ်မှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ကျောင်းသားတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ပါဝင်ပြီး ဆန္ဒထုတ်ဖော်မယ်။ အင်အား သောင်းဂဏာန်းလောက် ပါဝင်မယ်လို့ ကျွန်တော်တို့ မှန်းထားတယ်” ဟု ၎င်းကဆိုသည်။

တောင်ပိုင်းခရိုင်လုံးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲကို Generation Wave၊ Yangon School Of Political Science၊ လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့တို့ အပါအဝင် အဖွဲ့အစည်း ၃၈ ခုတို့မှ ပူးပေါင်းပါဝင်မည် ဖြစ်သည်။

မေလ ၂၅ ရက်နေ့ကလည်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက်မှ ဦးဆောင်၍ ရန်ကုန်အရှေ့ပိုင်း ခရိုင်လုံးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲကို ဒေါပုံမြို့နယ် ဘောလုံးအားကစားကွင်း၌ လူအင်အား သုံးသောင်းကျော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

The Voice Weekly
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်တောင်ပိုင်း ခရိုင်လုံးဆိုင်ရာ လူထုလှုပ်ရှားမှု ဆန္ဒ ထုတ်ဖော်ပွဲကို ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် သန်လျင်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း ဦးဆောင် ကျင်းပမည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက်က ဇွန်လ ၂၁ ရက်နေ့က မြန်မာဂျာနယ်လစ် ကွန်ရက် ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲအရ သိရှိရသည်။

ဆန္ဒထုတ်ဖော်ပွဲအတွက် မရမ်းကုန်းမြို့နယ် ရှစ်မိုင်ရှိ မြိုင်ဟေဝန် ပန်းခြံရှေ့နှင့် သန်လျင်မီးပွိုင့်တို့တွင် စုရပ်များထားရှိပြီး ယင်းစုရပ်နေရာများမှ မွန်းလွဲ ၁ နာရီခွဲတွင် စတင်ကာ ကျိုက်ခေါက်ဘုရားလမ်း၊ သိမ်ကျောင်းလမ်း၊ ဗိုလ်ချုပ်နေဝင်းလမ်းတို့မှ အာဇာနည်ကျောက်တိုင်ရှေ့သို့ လမ်းလျှောက် ချီတက်မည် ဖြစ်ကြောင်း အဆိုပါကွန်ရက် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးမျိုးဇော်က ပြောကြားသည်။

“ဟောပြောမယ့်နေရာနဲ့ စီတန်းလှည့်လည်ခွင့် အတွက်လည်း ခွင့်ပြုချက် ကျထားတယ်။ တောင်ပိုင်းခရိုင် ကိုးမြို့နယ်မှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ကျောင်းသားတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ပါဝင်ပြီး ဆန္ဒထုတ်ဖော်မယ်။ အင်အား သောင်းဂဏာန်းလောက် ပါဝင်မယ်လို့ ကျွန်တော်တို့ မှန်းထားတယ်” ဟု ၎င်းကဆိုသည်။

တောင်ပိုင်းခရိုင်လုံးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲကို Generation Wave၊ Yangon School Of Political Science၊ လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့တို့ အပါအဝင် အဖွဲ့အစည်း ၃၈ ခုတို့မှ ပူးပေါင်းပါဝင်မည် ဖြစ်သည်။

မေလ ၂၅ ရက်နေ့ကလည်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက်မှ ဦးဆောင်၍ ရန်ကုန် အရှေ့ပိုင်း ခရိုင်လုံးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲကို ဒေါပုံမြို့နယ် ဘောလုံးအားကစားကွင်း၌ လူအင်အား သုံးသောင်းကျော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment