Sunday 22 June 2014

ဆိပ်ခံဗောတံတားများတွင် သင်္ဘောအကပ်၊ အခွာ ကြီးကြပ် မည့် ဝန်ထမ်းများ ရှိစေလို

Photo: ဆိပ်ခံဗောတံတားများတွင် သင်္ဘောအကပ်၊ အခွာ ကြီးကြပ် မည့် ဝန်ထမ်းများ ရှိစေလို
Sunday, June 22, 2014

ဒလမှ ရန်ကုန်ဘက်ကမ်းသို့ ဇွန် ၂ဝ ရက် နံနက် ၁ဝ နာရီ မိနစ် ၂ဝ ဝန်းကျင်တွင် ထွက်ခွာလာသော ကူးတို့ရေယာဉ်နှစ်ထပ်ပေါ်သို့ ဆိပ်ခံဗောတံတားပေါ်မှ ခရီးသည်တစ်ဦး အပြေးအလွှားခုန်တက်နေသည့်မြင်ကွင်းကို အဆိုပါသင်္ဘော အပေါ်ထပ်မှ လိုက်ပါလာသော ခရီးသည်တစ်ဦးက ရိုက်ကူးပေးပို့လာ ရာ မြင်ရသူအဖို့ စိုးရိမ်ပူပန်မှုဖြစ်ပေါ်စေသော်လည်း အဆိုပါခရီးသည်မှာမူ အချိန်လုသည့် ဇော(စိတ်)ကြောင့် စိုးရိမ်စိတ်မဖြစ်ပေါ်သော်လည်း အသက်ဘေးအန္တရာယ်ဖြစ်စေနိုင်ပါသည်။ သို့ဖြစ်ရာ ဆိပ်ခံဗောတံတားများမှ သင်္ဘောအကပ်၊ အခွာပြုလုပ်သည့်အခါတွင် ဆိပ်ခံဗောတံတားပေါ်၌ ကြီးကြပ်မည့်ဝန်ထမ်းရှိသင့်ကြောင်း ရေလမ်းသွားခရီးသည်များက ဆိုသည်။

ရေလမ်းအပါအဝင် ကားလမ်းများတွင် ခရီးသည်များ အချိန်လု အပြေးအလွှား သွားလာနေကြရာ အချိန်မရွေး ဘေးအန္တရာယ်ကြုံတွေ့ရတတ်မှုကို ယာဉ်တိုက်မှုဖြစ်စဉ် များကပြသနေရာ အထူးသဖြင့် သင်္ဘောခရီးစဉ်များတွင် ဆိပ်ခံဗောတံတားသို့ ကပ်ချိန်၊ ခွာချိန်များတွင် သင်္ဘောများဆိပ်ခံဗောတံတားနှင့် ကြိုးများအပြည့်အဝ ချည်နှောင်ပြီးချိန်မှသာ စနစ်တကျ အတက်၊ အဆင်း ပြုလုပ် သင့်ကြောင်း၊ နေ့စဉ် သင်္ဘောစီးခရီးသည် သုံးသောင်းဝန်းကျင် ရှိသော ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ်ခရီးစဉ်တွင် သက်ဆိုင်ရာမှ ကြီးကြပ်မှုကြောင့် ဆိပ်ခံရေဆင်းတံတားနှင့် ဗောတံတားတွင် အတက်၊ အဆင်းခရီးသည် များ ရောထွေးမှုမရှိဘဲ အတက်၊ အဆင်းသီးသန့်သွားလာနိုင်ချိန် သင်္ဘောထွက်ချိန် ဆိပ်ခံရေဆင်းတံတားများ မှ ပြေးလွှားခုန်တက်နေ သည်များကိုလည်း တားဆီးသင့်ကြောင်း ကူးတို့ရေယာဉ်စီးခရီးသည်များက ဆိုသည်။

MOI Webportal Myanmar
ဒလမှ ရန်ကုန်ဘက်ကမ်းသို့ ဇွန် ၂ဝ ရက် နံနက် ၁ဝ နာရီ မိနစ် ၂ဝ ဝန်းကျင်တွင် ထွက်ခွာလာသော ကူးတို့ရေယာဉ်နှစ်ထပ်ပေါ်သို့ ဆိပ်ခံဗောတံတားပေါ်မှ ခရီးသည်တစ်ဦး အပြေးအလွှားခုန်တက်နေသည့် မြင်ကွင်းကို အဆိုပါသင်္ဘော အပေါ်ထပ်မှ လိုက်ပါလာသော ခရီးသည်တစ်ဦးက ရိုက်ကူးပေးပို့လာ ရာ မြင်ရသူအဖို့ စိုးရိမ်ပူပန်မှုဖြစ်ပေါ်စေသော်လည်း အဆိုပါခရီးသည်မှာမူ အချိန်လုသည့် ဇော(စိတ်)ကြောင့် စိုးရိမ်စိတ်မဖြစ်ပေါ်သော်လည်း အသက်ဘေးအန္တရာယ်ဖြစ်စေနိုင်ပါသည်။

 သို့ဖြစ်ရာ ဆိပ်ခံဗောတံတားများမှ သင်္ဘောအကပ်၊ အခွာပြုလုပ်သည့်အခါတွင် ဆိပ်ခံဗောတံတားပေါ်၌ ကြီးကြပ်မည့်ဝန်ထမ်းရှိသင့်ကြောင်း ရေလမ်းသွားခရီးသည်များက ဆိုသည်။

ရေလမ်းအပါအဝင် ကားလမ်းများတွင် ခရီးသည်များ အချိန်လု အပြေးအလွှား သွားလာနေကြရာ အချိန်မရွေး ဘေး အန္တရာယ်ကြုံတွေ့ရတတ်မှုကို ယာဉ်တိုက်မှုဖြစ်စဉ် များကပြသနေရာ အထူးသဖြင့် သင်္ဘော ခရီးစဉ် များတွင် ဆိပ်ခံဗောတံတားသို့ ကပ်ချိန်၊ ခွာချိန်များတွင် သင်္ဘောများဆိပ်ခံဗောတံတားနှင့် ကြိုးများအပြည့်အဝ ချည်နှောင်ပြီးချိန်မှသာ စနစ်တကျ အတက်၊ အဆင်း ပြုလုပ် သင့်ကြောင်း၊ နေ့စဉ် သင်္ဘောစီးခရီးသည် သုံးသောင်းဝန်းကျင်ရှိသော ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ်ခရီးစဉ်တွင် သက်ဆိုင် ရာမှ ကြီးကြပ်မှုကြောင့် ဆိပ်ခံရေဆင်းတံတားနှင့် ဗောတံတားတွင် အတက်၊ အဆင်းခရီးသည်များ ရောထွေးမှုမရှိဘဲ အတက်၊ အဆင်းသီးသန့်သွားလာနိုင်ချိန် သင်္ဘောထွက်ချိန် ဆိပ်ခံရေဆင်းတံတားများ မှ ပြေးလွှား ခုန်တက်နေ သည်များကိုလည်း တားဆီးသင့်ကြောင်း ကူးတို့ရေယာဉ်စီးခရီးသည်များက ဆိုသည်။

MOI Webportal Myanmar 

No comments:

Post a Comment