Sunday 22 June 2014

ဒေသခံ ပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ၊ကျန်းမာရေး ဆိုင်ရာ ပစ္စည်းများ ပေးအပ်

ရခိုင်ပြည်နယ် အတွင်းရှိ လမ်းပန်း ဆက်သွယ်ရေး ဝေးလံခက်ခဲသော ဒေသရှိ တိုင်းရင်းသား ပြည်သူများ အား ကျန်းမာရေး ကဏ္ဍ မြှင့်တင်ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း တို့ကို အနောက် ပိုင်း တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့ များက ဆောင်ရွက် ပေးလျက်ရှိရာ ဇွန် ၁၉ ရက်တွင် ဘူးသီးတောင် မြို့နယ်ရှိ ငကျည်တောက် (ဒိုင်းနက်) တိုင်းရင်းသား ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၂၆၁ ဦးအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက် ပေးနေမှုကို တိုင်းမှူး ဗိုလ်ချုပ် ကိုကိုနိုင်နှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ဒေသခံ ပြည်သူများ အတွက် စားသောက်ဖွယ်ရာများ၊ ဆေးစိမ်ခြင်ထောင် ၁ဝဝ လုံးနှင့် ယင်လုံ အိမ်သာသုံး ပစ္စည်း ၁ဝဝ စုံတို့အား ထောက်ပံ့ပေးအပ်သည်။

အလားတူ စစ်ကိုင်းတိုင်း ဒေသကြီး ဒီပဲယင်းမြို့နယ် အေးသာယာ ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၃၅ဝ ဦးအား ယနေ့တွင် အနောက် မြောက် တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်း၊ ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော ဒေသခံပြည်သူ ၄ဝ ဦးအား တပ်မတော် ဆေးရုံသို့ လွှဲပြောင်း ကုသပေးခြင်းများ ဆောင်ရွက် ပေးပြီး ထိုသို့ ဆောင်ရွက်ပေးနေ မှုများကို တိုင်းမှူး ဗိုလ်ချုပ် အောင်လင်းဒွေးနှင့် တာဝန်ရှိသူများက သွား ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment