Sunday 22 June 2014

မြန်မာ့လက်ရွေးစင် အသင်းကို ပဏာမ ကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်း

Photo: မြန်မာ့လက်ရွေးစင် အသင်းကို ပဏာမ ကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်း
Sunday, June 22, 2014

အာဆီယံ ဒေသတွင်း၏ အဆင့်မြင့်ဆုံး ပြိုင်ပွဲဖြစ်သည့် အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ရန်အတွက် မြန်မာ အသင်းသည် ပြင်ဆင်မှု များ ပြုလုပ်နေပြီ ဖြစ်သည်။ ပြိုင်ပွဲမတိုင်မီ မြန်မာအသင်းမှာ နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

အဆိုပါ ခြေစမ်းပွဲများကို ယှဉ်ပြိုင် ကစားရန် မြန်မာ့ လက်ရွေးစင် အသင်းကို ပဏာမ ကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

ပဏာမ မြန်မာ့လက်ရွေးစင် အသင်းတွင် နည်းပြချုပ်- အေဗရာမိုဗစ်၊ လက်ထောက်နည်းပြ- ဇီကိုဗစ်နှင့် ဦးစိုးမြတ်မင်း၊ ဂိုးနည်းပြ-ဒီနို၊ ကစားသမားများ အဖြစ် ဂိုး-သီဟစည်သူ(ရတနာပုံ)၊ ကျော်ဇင်ဖြိုး (မကွေး)၊ မန်လားဟရွယ် (နေပြည်တော်)၊ ရန်အောင်လင်း(ဟံသာဝတီ)၊နောက်တန်း-ဇော်မင်းထွန်း၊ သက်နိုင်(ရတနာပုံ)၊ အောင်ဇော်၊ ခင်မောင်လွင်(ရန်ကုန်)၊ သိန်းဇော်(ဇွဲကပင်)၊ နေမျိုးအောင် (GFA)၊ ဇန်ဘိုထွန်း (မနောမြေ)၊ အလယ်တန်း-ရန်အောင်ကျော်၊ အောင်မိုး၊ ကြည်လင်း(ရန်ကုန်)၊ မင်းမင်းသူ၊ နေလင်းထွန်း၊ နိုင်လင်းဦး(ဧရာဝတီ)၊အောင်ရှိုးသာမောင် (မကွေး)၊ အောင်ကျော်နိုင် (နေပြည်တော်)၊ ကျော်ဇေယျာဝင်း (ကမ္ဘောဇ)၊ ရန်အောင်ဝင်း(ရတနာပုံ)၊ ရှေ့တန်း-ရန်ပိုင်၊ ကောင်းစည်သူ (ရတနာပုံ)၊ စိုးမင်းဦး (ကမ္ဘောဇ)နှင့် ကျော်ကိုကို (ရန်ကုန်) တို့ ပါဝင်ကြသည်။

ယခု ရွေးချယ်လိုက်သည့် မြန်မာအသင်းတွင် AFC Challenge Cup ပြိုင်ပွဲဝင် အသင်းမှ ကစားသမား ၁၄ ဦး ပြန်ပါလာပြီး ကျော်ဇေယျာဝင်း၊ ကြည်လင်း၊ စိုးမင်းဦးတို့လည်း အေဗရာမိုဗစ် လက်ထက် ပထမဆုံး ရွေးချယ် ခံခဲ့ရသည်။ ထို့ပြင် MNL တွင် ခြေစွမ်းပြနေသော မျက်နှာသစ် ကစားသမားများ ဖြစ်သည့် နေမျိုးအောင်၊ ဇန်ဘိုထွန်း၊ အောင်ရှိုးသာမောင်နှင့် အောင်ကျော်နိုင်တို့ ရွေးချယ်ခံ ခဲ့ရသည်။ မြန်မာအသင်းမှာ ဇွန် ၂၃ ရက်တွင် စတင် လေ့ကျင့်မည် ဖြစ်သည်။

ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် ဇွန် ၂၈ ရက်တွင် ဂျပန်ကလပ် ဆီရီဇို အိုဆာကာအသင်း၊ ဇူလိုင် ၂ ရက်တွင် ဗီယက်နမ် လက်ရွေးစင် အသင်းတို့နှင့် ခြေစမ်းကစားမည် ဖြစ်သည်။ ဆီရီဇိုအိုဆာကာ အသင်းနှင့်ခြေစမ်းပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် ကစားမည်ဖြစ်ပြီး ဗီယက်နမ် လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲကို ဗီယက်နမ် နိုင်ငံတွင် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

မြ၀တီ
အာဆီယံ ဒေသတွင်း၏ အဆင့်မြင့်ဆုံး ပြိုင်ပွဲဖြစ်သည့် အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ရန် အတွက် မြန်မာ အသင်းသည် ပြင်ဆင်မှု များ ပြုလုပ်နေပြီ ဖြစ်သည်။ ပြိုင်ပွဲမတိုင်မီ မြန်မာအသင်းမှာ နိုင်ငံ တကာ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

အဆိုပါ ခြေစမ်းပွဲများကို ယှဉ်ပြိုင်ကစားရန် မြန်မာ့လက်ရွေးစင်အသင်းကို ပဏာမကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်း လိုက်ပြီ ဖြစ်သည်။

ပဏာမ မြန်မာ့လက်ရွေးစင် အသင်းတွင် နည်းပြချုပ်- အေဗရာမိုဗစ်၊ လက်ထောက်နည်းပြ- ဇီကိုဗစ်နှင့် ဦးစိုးမြတ်မင်း၊ ဂိုးနည်းပြ-ဒီနို၊ ကစားသမားများ အဖြစ် ဂိုး-သီဟစည်သူ(ရတနာပုံ)၊ ကျော်ဇင်ဖြိုး (မကွေး)၊ မန်လားဟရွယ် (နေပြည်တော်)၊ ရန်အောင်လင်း(ဟံသာဝတီ)၊နောက်တန်း-ဇော်မင်းထွန်း၊ သက်နိုင်(ရတနာပုံ)၊ အောင်ဇော်၊ ခင်မောင်လွင်(ရန်ကုန်)၊ သိန်းဇော်(ဇွဲကပင်)၊ နေမျိုးအောင် (GFA)၊ ဇန်ဘိုထွန်း (မနောမြေ)၊ အလယ်တန်း-ရန်အောင်ကျော်၊ အောင်မိုး၊ ကြည်လင်း(ရန်ကုန်)၊ မင်းမင်းသူ၊ နေလင်းထွန်း၊ နိုင်လင်းဦး(ဧရာဝတီ)၊အောင်ရှိုးသာမောင် (မကွေး)၊ အောင်ကျော်နိုင် (နေပြည်တော်)၊ ကျော်ဇေယျာဝင်း (ကမ္ဘောဇ)၊ ရန်အောင်ဝင်း(ရတနာပုံ)၊ ရှေ့တန်း-ရန်ပိုင်၊ ကောင်းစည်သူ (ရတနာပုံ)၊ စိုးမင်းဦး (ကမ္ဘောဇ)နှင့် ကျော်ကိုကို (ရန်ကုန်) တို့ ပါဝင်ကြသည်။

ယခု ရွေးချယ်လိုက်သည့် မြန်မာအသင်းတွင် AFC Challenge Cup ပြိုင်ပွဲဝင် အသင်းမှ ကစားသမား ၁၄ ဦး ပြန်ပါလာပြီး ကျော်ဇေယျာဝင်း၊ ကြည်လင်း၊ စိုးမင်းဦးတို့လည်း အေဗရာမိုဗစ် လက်ထက် ပထမဆုံး ရွေးချယ် ခံခဲ့ရသည်။ ထို့ပြင် MNL တွင် ခြေစွမ်းပြနေသော မျက်နှာသစ် ကစားသမားများ ဖြစ်သည့် နေမျိုးအောင်၊ ဇန်ဘိုထွန်း၊ အောင်ရှိုးသာမောင်နှင့် အောင်ကျော်နိုင်တို့ ရွေးချယ်ခံ ခဲ့ရသည်။ မြန်မာအသင်းမှာ ဇွန် ၂၃ ရက်တွင် စတင် လေ့ကျင့်မည် ဖြစ်သည်။

ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် ဇွန် ၂၈ ရက်တွင် ဂျပန်ကလပ် ဆီရီဇို အိုဆာကာအသင်း၊ ဇူလိုင် ၂ ရက်တွင် ဗီယက်နမ် လက်ရွေးစင် အသင်းတို့နှင့် ခြေစမ်းကစားမည် ဖြစ်သည်။ ဆီရီဇိုအိုဆာကာ အသင်းနှင့်ခြေစမ်းပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် ကစားမည်ဖြစ်ပြီး ဗီယက်နမ် လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲကို ဗီယက်နမ် နိုင်ငံတွင် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

မြ၀တီ

No comments:

Post a Comment