Sunday 22 June 2014

ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ခန့်အပ်

Photo: ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ခန့်အပ်
Sunday, June 22, 2014

ရခိုင်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရမည်ဟု သတင်းများ ထွက်ပေါ်နေသော နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်လွှတ်တော် တပ်မတော်သား လွတ်တော်ကိုယ်စားလှယ် အဖြစ် ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၂၀ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စပ်ရေး စာချုပ် ရေးဆွဲရေးတွင် ပါဝင်နေသူ ဗိုလ်ချုပ်မောင်မောင်အုန်းနှင့် တပ်မတော်သား ခြောက်ဦးကို တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ကိုယ်စားလှယ်များ အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မောင်မောင်အုန်းကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သဘောပေါက်ကြောင်း၊ ဗိုလ်ချုပ်မောင်မောင်အုန်း နယ်စပ်လုံခြုံရေး ဒုတိယဝန်ကြီးအဖြစ် လုပ်ဆောင်စဉ်က ရင်းနှီးခဲ့ပြီး လုပ်ရည်ကိုင်ရည် ကောင်းမွန်ကာ ရခိုင်ပြည်နယ် ပြဿနာ ဖြစ်ပွားခဲ့စဉ်က ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ခြင်းကို ကျေးဇူးတင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။

သို့သော် ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခံရဖွယ် ရှိသည် ဆိုသည်ကို မူအရ လက်မခံနိုင်ဘဲ ရွေးကောက်ခံ အမတ်ဖြစ်မှသာ ပြည်သူကို ကိုယ်စားပြုနိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ 
“ရွေးကောက်ခံနိုင်တဲ့ ပုဂ္ဂိုလ်တွေကသာလျှင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်စေချင်တယ်” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

နိုင်ငံတော်သမ္မတရုံးက ဇွန်လ ၁၈ ရက်နေ့တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို မူလစစ်ဘက် တာဝန်များ ပြန်လည် ထမ်းဆောင်စေလိုက်ကြောင်းကို သတင်းထုတ်ပြန်ပြီးနောက် နုတ်ထွက်သွားသော ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရာထူး၌ ခန့်အပ်ခံရဖွယ် ရှိကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းနှင့် အင်တာနက် စာမျက်နှာများတွင် သတင်းများ ပျံ့နှံ့လျက်ရှိသည်။

The Voice Weekly
ရခိုင်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရမည်ဟု သတင်းများ ထွက်ပေါ်နေသော နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်လွှတ်တော် တပ်မတော်သား လွတ်တော် ကိုယ်စားလှယ် အဖြစ် ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၂၀ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စပ်ရေး စာချုပ် ရေးဆွဲရေးတွင် ပါဝင်နေသူ ဗိုလ်ချုပ်မောင်မောင်အုန်းနှင့် တပ်မတော်သား ခြောက်ဦးကို တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ကိုယ်စားလှယ်များ အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မောင်မောင်အုန်းကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သဘောပေါက်ကြောင်း၊ ဗိုလ်ချုပ်မောင်မောင်အုန်း နယ်စပ် လုံခြုံရေး ဒုတိယဝန်ကြီးအဖြစ် လုပ်ဆောင်စဉ်က ရင်းနှီးခဲ့ပြီး လုပ်ရည်ကိုင်ရည် ကောင်းမွန်ကာ ရခိုင်ပြည်နယ် ပြဿနာ ဖြစ်ပွားခဲ့စဉ်က ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ခြင်းကို ကျေးဇူးတင်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။

သို့သော် ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခံရဖွယ် ရှိသည် ဆိုသည်ကို မူအရ လက်မခံနိုင်ဘဲ ရွေးကောက် ခံ အမတ်ဖြစ်မှသာ ပြည်သူကို ကိုယ်စားပြုနိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ 
“ရွေးကောက်ခံနိုင်တဲ့ပုဂ္ဂိုလ်တွေကသာလျှင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်စေချင်တယ်” ဟု ဒေါက်တာအေးမောင် က ဆိုသည်။

နိုင်ငံတော်သမ္မတရုံးက ဇွန်လ ၁၈ ရက်နေ့တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းကို မူလစစ်ဘက်တာဝန်များ ပြန်လည် ထမ်းဆောင်စေလိုက်ကြောင်းကို သတင်း ထုတ်ပြန်ပြီးနောက် နုတ်ထွက်သွားသော ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ရာထူး၌ခန့်အပ်ခံရဖွယ်ရှိကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းနှင့် အင်တာနက် စာမျက်နှာများတွင် သတင်းများ ပျံ့နှံ့လျက်ရှိသည်။

The Voice Weekly 

No comments:

Post a Comment