Sunday 22 June 2014

မန္တလေးတွင် လိုင်စင်မဲ့ ဆိုင်ကယ်များ ဇူလိုင်လဆန်း နောက်ဆုံးထား မှတ်ပုံတင်ရန် အသိပေး

မန္တလေးမြို့တွင် ပြည်ပမှ တရားမဝင်တင်သွင်း အသုံးပြုနေ သော လိုင်စင်မဲ့ဆိုင်ကယ်များအား One Stop Service ဖြင့် လိုင်စင် ပြုလုပ်ပေးနေခြင်းကို ဇူလိုင် ၄ ရက်နောက်ဆုံးထားပြုလုပ်ပေးမည် ဖြစ်၍ ပြည်သူများအနေဖြင့် အမြန် ဆုံးလာရောက် လုပ်ဆောင်နိုင်ကြရန် မန္တလေးတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနက အသိပေးထားကြောင်း သိရသည်။

“လိုင်စင်တွေကို One Stop Service နဲ့ လုပ်ပေးနေတာဆိုတော့ အချိန်ကုန် ငွေကုန်သက်သာပါတယ်။ ဒါကြောင့် လိုင်စင်မဲ့ဆိုင်ကယ်တွေ ရှိတဲ့သူတွေအနေနဲ့ ဒီအချိန် အတွင်းမှာ အမြန်လာလုပ်သင့်ပါ တယ်။ လာလုပ်ကြဖို့လည်း အသိ ပေးထားပါတယ်”ဟု မန္တလေးတိုင်း ဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် လိုင်စင်မဲ့ဆိုင် ကယ်များကို စွယ်တော်မြတ်စေတီ အနီး တောင်ပိုင်းခရိုင်ရုံးတွင် One Stop Service မှတ်ပုံတင်ပြုလုပ် ပေးခြင်းကို ဖေဖော်ဝါရီ ၁၇ ရက်က စတင်ပြုလုပ်ပေးနေခြင်း ဖြစ်ပြီး ဇူလိုင် ၄ ရက်တွင် စီမံချက်ကာလ ကုန်ဆုံးမည်ဖြစ်၍ လိုင်စင်မဲ့ဆိုင် ကယ်လက်ဝယ်ရှိသူများအနေဖြင့် အမြန်ဆုံးလာရောက် လုပ်ဆောင် ကြရန် အသိပေးထားခြင်း ဖြစ် သည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ရုံးများတွင် လိုင်စင်ပြုလုပ် ပေးပြီးသော က.ည.န စာရင်းများ အရ ဇွန် ၁၆ ရက်အထိ မန္တလေးတွင် ၃၁၆၈၁ စီး၊ မိတ္ထီလာတွင် ၇၃၁၅ စီး၊ မြင်းခြံခရိုင်တွင် ၁၂၂၅၉ စီး၊ ကျောက် ဆည် ခရိုင်တွင် ၆၆၅၂ စီး၊ ရမည်းသင်းခရိုင်တွင် ၃၀၀၈စီး၊ ပြင်ဦးလွင်ခရိုင်တွင် ၅၀၁၈ စီး ပြုလုပ် ပေးပြီးဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar 

No comments:

Post a Comment