Monday 23 June 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ရန်ကုန်တောင်ပိုင်း ခရိုင်လုံးကျွတ် ဆန္ဒပြမှုကို သန်လျင်မြို့နယ်တွင် လူဦးရေ ၁၀၀၀ ကျော်ဖြင့် ပြုလုပ်

Photo: ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ရန်ကုန်တောင်ပိုင်း ခရိုင်လုံးကျွတ် ဆန္ဒပြမှုကို သန်လျင်မြို့နယ်တွင် လူဦးရေ ၁၀၀၀ ကျော်ဖြင့် ပြုလုပ်
Monday, June 23, 2014

၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေ ပြင်ဆင်ရေး ရန်ကုန်တောင်ပိုင်း ခရိုင်လုံးကျွတ် ဆန္ဒပြပွဲကို ဇွန် ၂၂ ရက် မွန်းလွဲ ၁ နာရီတွင် သန်လျင်မြို့နယ်၌ လူဦးရေ ၁၀၀၀ ကျော်ဖြင့် ပြုလုပ်ခဲ့သည်။

ရန်ကုန်တောင်ပိုင်းခရိုင်ရှိ မြို့နယ်ပေါင်း ကိုးမြို့နယ်ကို ကိုယ်စားပြု၍ ခရိုင်လုံးကျွတ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဆန္ဒပြရန်အတွက် သန်လျင်မြို့နယ် သန်လျင်တံတား အဆင်းဘက်တွင် လူစု၍ အောင်မင်္ဂလာရပ်ကွက်ရှိ အာဇာနည်ကျောက်တိုင်ကွင်းသို့ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများက “အခြေခံဥပဒေပြင်ဆင်ရေး တိုင်းရင်းသားတစ်ရပ်လုံး တွန်းအားပေး”၊ “၄၃၆ကို ချက်ချင်းပြင်၊ ပုဒ်မ ၅၉ (စ) အလိုမရှိ၊ ပုဒ်မ ၆ (စ)အလိုမရှိ” ဟု ရေးသားထားသော ဘုတ်များကိုင်ဆောင်၍ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒို့အရေး”၊ “စစ်ကျွန်ဘ၀ လွတ်မြောက်ရေး ၄၃၆ ကိုပြင်ဆင်ပေး ဒို့အရေး”၊ “တိုင်းရင်းသား တန်းတူညီမျှမှု ရရှိရေး အခြေခံဥပဒေ ပြင်ဆင်ပေး ဒို့အရေး”၊ “ဒီမိုကရေစီရရှိရေး အခြေခံဥပဒေ ပြင်ဆင်ပေး ဒို့အရေး” နှင့် “စားဝတ်နေရေးပြေလည်ရေး အခြေခံဥပဒေ ပြင်ဆင်ပေး ဒို့အရေး” ဟူသော ကြွေးကြော်သံများကို ရွတ်ဆို၍ ဆန္ဒပြခဲ့ပြီး ဘင်ခရာဝိုင်းမှ တီးခတ်သော နိုင်ငံရေးသီချင်းများကိုလည်း ဆန္ဒပြသူများက ရွတ်ဆိုခဲ့ကြသည်။

ယင်းသို့ ဆန္ဒပြနေစဉ်အတွင်း သန်လျင်မြို့တွင် မိုးသည်းထန်စွာ ရွာနေသော်လည်း ဆန္ဒပြသူများက ရပ်နားခြင်းမရှိဘဲ အာဇာနည်ကျောက်တိုင်ကွင်းသို့ ဆက်လက်လမ်းလျှောက်၍ စုရုံးခဲ့ကြပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး ဟောပြောမှုများကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဟောပြောခဲ့သည်။

“၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ဆန္ဒပြရခြင်းက ယခင်စစ်အစိုးရ လက်ထက်ကတည်းက ပြည်သူတွေရဲ့ဆန္ဒ မပါဝင်ဘဲ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်နေတယ်။ ဥပဒေပါ ပုဒ်မအများစုကလည်း ပြည်သူတွေအတွက် တရားမျှတမှု မရှိဘူး။ ဒီမိုကရေစီ နည်းလမ်းမကျဘူး။ အဲဒီအတွက် ပြည်သူတွေ ဆန္ဒအစစ်အမှန်နဲ့ ရေးဆွဲထားတဲ့ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာဖို့ ဆန္ဒပြ တောင်းဆိုရခြင်း ဖြစ်ပါတယ်” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ကိုမျိုးဇော်က ဆိုသည်။  

ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင်  အရပ်ဘက် လူ့အဖွဲ့စည်းများဖြစ်သည့် Generation Wave၊ Yangon School of Political၊ We Generation၊ ဒီမိုကရေစီအင်အားစု၊ လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့၊ ရန်ကုန်လူငယ်များ အစည်းအရုံး၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများကွန်ရက်၊ အခြား နိုင်ငံရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားသူများလည်း ပါဝင်ခဲ့သည်။

မေလအတွင်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ရန်ကုန်အနောက်ပိုင်း ခရိုင်လုံးဆိုင်ရာ ဆန္ဒပြပွဲကို လူဦးရေ ၃၀၀၀ ကျော်ဖြင့် ဒေါပုံမြို့တွင် ပြုလုပ်ခဲ့သည်။    

Eleven Media Group 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သန်လျင်မြို့နယ်တွင် ဆန္ဒဖော်ထုတ်နေမှုကို ဇွန် ၂၂ ရက်က တွေ့ရစဉ်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သန်လျင်မြို့နယ်တွင် ဆန္ဒဖော်ထုတ်နေမှုကို ဇွန် ၂၂ ရက်က တွေ့ရစဉ်
၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေ ပြင်ဆင်ရေး ရန်ကုန်တောင်ပိုင်း ခရိုင်လုံးကျွတ် ဆန္ဒပြပွဲကို ဇွန် ၂၂ ရက် မွန်းလွဲ ၁ နာရီတွင် သန်လျင်မြို့နယ်၌ လူဦးရေ ၁၀၀၀ ကျော်ဖြင့် ပြုလုပ်ခဲ့သည်။

ရန်ကုန်တောင်ပိုင်းခရိုင်ရှိ မြို့နယ်ပေါင်း ကိုးမြို့နယ်ကို ကိုယ်စားပြု၍ ခရိုင်လုံးကျွတ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဆန္ဒပြရန်အတွက် သန်လျင် မြို့နယ် သန်လျင်တံတား အဆင်းဘက်တွင် လူစု၍ အောင်မင်္ဂလာရပ်ကွက်ရှိ အာဇာနည်ကျောက်တိုင်ကွင်း သို့ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများက “အခြေခံဥပဒေပြင်ဆင်ရေး တိုင်းရင်းသားတစ်ရပ်လုံး တွန်းအားပေး”၊ “၄၃၆ကို ချက်ချင်း ပြင်၊ ပုဒ်မ ၅၉ (စ) အလိုမရှိ၊ ပုဒ်မ ၆ (စ)အလိုမရှိ” ဟု ရေးသားထားသော ဘုတ်များကိုင်ဆောင်၍ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒို့အရေး”၊ “စစ်ကျွန်ဘ၀ လွတ်မြောက်ရေး ၄၃၆ ကိုပြင်ဆင်ပေး ဒို့အရေး”၊ “တိုင်းရင်းသား တန်းတူညီမျှမှု ရရှိရေး အခြေခံဥပဒေ ပြင်ဆင်ပေး ဒို့အရေး”၊ “ဒီမိုကရေစီရရှိရေး အခြေခံဥပဒေ ပြင်ဆင်ပေး ဒို့အရေး” နှင့် “စားဝတ်နေရေးပြေလည်ရေး အခြေခံဥပဒေ ပြင်ဆင်ပေး ဒို့အရေး” ဟူသော ကြွေးကြော်သံများကို ရွတ်ဆို၍ ဆန္ဒပြခဲ့ပြီး ဘင်ခရာဝိုင်းမှ တီးခတ်သော နိုင်ငံရေးသီချင်းများကိုလည်း ဆန္ဒပြသူများက ရွတ်ဆိုခဲ့ကြသည်။

ယင်းသို့ ဆန္ဒပြနေစဉ်အတွင်း သန်လျင်မြို့တွင် မိုးသည်းထန်စွာ ရွာနေသော်လည်း ဆန္ဒပြသူများက ရပ်နားခြင်းမရှိဘဲ အာဇာနည်ကျောက်တိုင်ကွင်းသို့ ဆက်လက်လမ်းလျှောက်၍ စုရုံးခဲ့ကြပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး ဟောပြောမှုများကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဟောပြောခဲ့သည်။

“၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ဆန္ဒပြရခြင်းက ယခင်စစ်အစိုးရ လက်ထက်ကတည်းက ပြည်သူ တွေရဲ့ ဆန္ဒ မပါဝင်ဘဲ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်နေတယ်။ ဥပဒေပါ ပုဒ်မအများစုကလည်း ပြည်သူတွေအတွက် တရားမျှတမှု မရှိဘူး။ ဒီမိုကရေစီ နည်းလမ်းမကျဘူး။ အဲဒီအတွက် ပြည်သူတွေ ဆန္ဒအစစ်အမှန်နဲ့ ရေးဆွဲထားတဲ့ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာဖို့ ဆန္ဒပြ တောင်းဆိုရခြင်း ဖြစ်ပါတယ်” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ကိုမျိုးဇော်က ဆိုသည်။  

ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင်  အရပ်ဘက် လူ့အဖွဲ့စည်းများဖြစ်သည့် Generation Wave၊ Yangon School of Political၊ We Generation၊ ဒီမိုကရေစီအင်အားစု၊ လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့၊ ရန်ကုန်လူငယ်များ အစည်းအရုံး၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများကွန်ရက်၊ အခြား နိုင်ငံရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများနှင့် စိတ်ပါဝင်စား သူများလည်း ပါဝင်ခဲ့သည်။

မေလအတွင်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ရန်ကုန်အနောက်ပိုင်း ခရိုင်လုံးဆိုင်ရာ ဆန္ဒပြပွဲကို လူဦးရေ ၃၀၀၀ ကျော်ဖြင့် ဒေါပုံမြို့တွင် ပြုလုပ်ခဲ့သည်။    

Eleven Media Group 

No comments:

Post a Comment