Sunday 2 December 2012

အဝေးပြေးကုန်တင်ကားများ ယခင်တန်ချိန်ထက် တိုး၍ တင်ခွင့်ပြုပြီးနောက် ရပ်နားထားသော ကုန်တင်ကားအချို့ ပြန်လည်ပြေးဆွဲလာ

Photo: အဝေးပြေးကုန်တင်ကားများ ယခင်တန်ချိန်ထက် တိုး၍ တင်ခွင့်ပြုပြီးနောက် ရပ်နားထားသော ကုန်တင်ကားအချို့ ပြန်လည်ပြေးဆွဲလာ  
Sunday, 02 December 2012 

အဝေးပြေးကုန်တင်ကာများ အပါအ၀င် ယာဉ်အမျိုးမျိုးအတွက် ကုန်တန်ချိန်သစ် တင်ခွင့်ပြုပြီးနောက် ရပ်နားထားသော အဝေးပြေးကုန်ကားအချို့ ပြန်လည်ပြေးဆွဲလာကြောင်း သတင်းရရှိပါသည်။
ယင်းကုန်တန်ချိန်အသစ်ကို ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၁၅ ခုနှစ် ကုန်အထိ သတ်မှတ်ထားကြောင်း သိရသည်။ ခြောက်ဘီးကားကို ကုန်+ယာဉ် ၁၆ တန်၊ ၁၀ ဘီးကား ကိုကုန်+ယာဉ် ယခင် ၂၁ တန်မှ ၂၃ တန်၊ ၁၂ ဘီးကား ကုန်+ယာဉ် ယခင် ၂၅ တန်မှ ၂၇ တန် ပြောင်းလဲ သတ်မှတ်ထားကြောင်း သိရှိရပါသည်။

ထိုကဲ့သို့ ကုန်တန်ချိန် ပိုတင်ခွင့်ပြုလိုက်ခြင်းကြောင့် ယခင်က ကာလအတန်ကြာ ရပ်နားခဲ့ကြသော ၁၂ဘီးကားအများစု
ပြန်လည်ပြေးဆွဲလာကြောင်းလည်း စုံစမ်းသိရသည်။

ကုန်တင်ပို့မှု အဓိကဖြစ်သည့် မန္တလေး-မူဆယ်လမ်းကြောင်းတွင် တန်ပိုအခက်အခဲကြောင့် ၁၂ ဘီး ကားအများစုမှာ သီတင်းကျွတ်ကာလ ကုန်တင်ပို့မှုများချိန်ပင် ပြေးဆွဲမှုရပ်နားထားရာမှ ယခုအချိန်တွင်
ပြန်လည်ပြေးဆွဲရန် ပြင်ဆင်နေကြကြောင်းလည်း သိရသည်။

''အဓိကကတော့ တခြား ၂၂ ဘီးယာဉ်တွေနဲ့ယှဉ်ရင် ကုန်တန်ချိန် သိသိသာသာနည်းတော့ ကားခမကိုက်လို့ မပြေးဘဲရပ်ထားတာ။ ၀ါကျွတ်ချိန်ကျတော့လည်း တရုတ်က ပြည်တွင်းသီးနှံပေါ်ချိန် ဈေးနှိမ်လို့ ကုန်သည်ကလည်း ကားခမပေးနိုင်ရတဲ့အထဲ ၁၂ ဘီးအတွက် ၂၅ တန် ပဲတင်ရလို့ ကားမထွက်တော့ဘဲ နားထားတာ။ အခု ဒီဇင်ဘာလ ၁ ရက် ကစပြီး ၂၇ တန် ခွင့်ပြုပေးလိုက်လို့ ပြန်ပြေးဆွဲဖို့ ကားပြန်ပြင်နေတယ်'' ဟု မန္တလေး-မူဆယ်ကားမောင်းသူ ဦးထွန်းအောင်ကဆိုသည်။

ကုန်တန်ချိန် တိုး၍ တင်ခွင့်ပြုလိုက်ခြင်းကြောင့် ကုန်တင်ပို့သည့် ကားခများလည်း ကျသွားကြောင့် ကုန်စည်ပို့ဆောင်ရေးဂိတ်များမှစုံစမ်း သိရှိရပါသည်။

ကုန်တန်ချိန်တင်ပို့ မှုနှင့် ပတ်သက်၍ နွေကာလတွင် တင်ဆောင်ရန် တန်ချိန်နှင့်  မိုးကာလတွင် တင်ဆောင်ရန်တန်ချိန် သတ်မှတ်ထားကြောင်း သတ်မှတ်တန်ချိန်ထက် ပိုတင်ဆောင်ပါက  ဒဏ်ကြေး ၁၀ဆပေးဆောင်
ရမည်ဖြစ်ကြောင်း သိရပါသည်။

Eleven Media Groupအဝေးပြေးကုန်တင်ကာများ အပါအ၀င် ယာဉ်အမျိုးမျိုးအတွက် ကုန်တန်ချိန်သစ် တင်ခွင့်ပြုပြီးနောက် ရပ်နားထားသော အဝေးပြေး ကုန်ကားအချို့ ပြန်လည်ပြေးဆွဲလာကြောင်း သတင်း ရရှိပါသည်။ ယင်းကုန်တန်ချိန်အသစ်ကို ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၁၅ ခုနှစ် ကုန် အထိ သတ်မှတ်ထားကြောင်း သိရသည်။ ခြောက်ဘီးကားကို ကုန်+ ယာဉ် ၁၆  တန်၊ ၁၀ ဘီးကား ကိုကုန်+ယာဉ် ယခင် ၂၁ တန်မှ ၂၃ တန်၊ ၁၂ ဘီး ကား ကုန်+ယာဉ် ယခင် ၂၅ တန်မှ ၂၇ တန် ပြောင်းလဲ သတ်မှတ်ထားကြောင်း သိရှိ ရ ပါသည်။

ထိုကဲ့သို့ ကုန်တန်ချိန် ပိုတင်ခွင့်ပြုလိုက်ခြင်းကြောင့် ယခင်က ကာလအတန်ကြာ ရပ်နားခဲ့ကြသော ၁၂ဘီးကားအများစုပြန်လည်ပြေးဆွဲလာကြောင်းလည်း စုံစမ်းသိရသည်။

ကုန်တင်ပို့မှု အဓိကဖြစ်သည့် မန္တလေး-မူဆယ်လမ်းကြောင်းတွင် တန်ပိုအခက်အခဲကြောင့် ၁၂ ဘီး ကားအများစုမှာ သီတင်းကျွတ်ကာလ ကုန်တင်ပို့မှုများချိန်ပင် ပြေးဆွဲမှုရပ်နားထားရာမှ ယခုအချိန်တွင်
ပြန်လည်ပြေးဆွဲရန် ပြင်ဆင်နေကြကြောင်းလည်း သိရသည်။

''အဓိကကတော့ တခြား ၂၂ ဘီးယာဉ်တွေနဲ့ယှဉ်ရင် ကုန်တန်ချိန် သိသိသာသာနည်းတော့ ကားခမကိုက်လို့ မပြေးဘဲရပ်ထားတာ။ ၀ါကျွတ်ချိန်ကျတော့လည်း တရုတ်က ပြည်တွင်း သီးနှံပေါ် ချိန် ဈေးနှိမ်လို့ ကုန်သည်ကလည်း ကားခမပေးနိုင်ရတဲ့အထဲ ၁၂ ဘီးအတွက် ၂၅ တန် ပဲတင်ရလို့ ကား မထွက်တော့ ဘဲ နားထားတာ။ အခု ဒီဇင်ဘာလ ၁ ရက် ကစပြီး ၂၇ တန် ခွင့်ပြုပေးလိုက်လို့ ပြန်ပြေးဆွဲဖို့ ကားပြန်ပြင်နေတယ်'' ဟု မန္တလေး-မူဆယ်ကားမောင်းသူ ဦးထွန်းအောင်ကဆိုသည်။

ကုန်တန်ချိန် တိုး၍ တင်ခွင့်ပြုလိုက်ခြင်းကြောင့် ကုန်တင်ပို့သည့် ကားခများလည်း ကျသွားကြောင့် ကုန် စည်ပို့ ဆောင်ရေးဂိတ်များမှစုံစမ်း သိရှိရပါသည်။

ကုန်တန်ချိန်တင်ပို့ မှုနှင့် ပတ်သက်၍ နွေကာလတွင် တင်ဆောင်ရန် တန်ချိန်နှင့် မိုးကာလတွင် တင်ဆောင်ရန်တန်ချိန် သတ်မှတ်ထားကြောင်း သတ်မှတ်တန်ချိန်ထက် ပိုတင်ဆောင်ပါက ဒဏ်ကြေး ၁၀ဆပေးဆောင်ရမည်ဖြစ်ကြောင်း သိရပါသည်။

Eleven Media Group

No comments:

Post a Comment