Wednesday 30 April 2014

မြိတ်-ရန်ကုန် လမ်းပိုင်းရှိ မြိတ်မှ ပုလော ရှောင်ကွင်းလမ်းမှာ အသုံးပြုသူများ၍ လမ်းကြောင်း ချဲ့ထွင်ရန်လိုအပ်

Photo: မြိတ်-ရန်ကုန် လမ်းပိုင်းရှိ မြိတ်မှ ပုလော ရှောင်ကွင်းလမ်းမှာ အသုံးပြုသူများ၍ လမ်းကြောင်း ချဲ့ထွင်ရန်လိုအပ်
Wednesday, April 30, 2014

တနင်္သာရီတိုင်း ဒေသကြီး မြိတ်-ရန်ကုန်လမ်းပိုင်းရှိ မြိတ်မြို့မှ ပုလောမြို့သို့ သွားရာလမ်းတွင် ရှိသော ရှောင်ကွင်းလမ်းမှာ ရှည်လျားကွေ့ဝိုက်၍ သွားရသော်လည်း အသုံးပြုသွားလာမှု များပြားလာကြောင်း သိရသည်။

''ယခု လက်ရှိမှာတော့ သမုတ်မြစ်ကူး ကူးတို့ကို အမြန်လို အရေးကြီးတဲ့ ခရီးသည်တွေနဲ့ အနီးနားက ဒေသခံ အနည်းအကျဉ်းလောက်ပဲ အသုံးပြု သွားနေကြပါတယ်။ သာမန်အားဖြင့်တော့ ခရီးဝေးပေမယ့် ရှောင်ကွင်း လမ်းကိုပဲ အသုံးပြုကြတယ်။ ခရီးသည်တင် မှန်လုံကားကြီးတွေနဲ့ အခြား ကုန်တင်ကားကြီး၊ ကားလေး တွေလည်း လက်ရှိမှာ ရှောင်ကွင်းလမ်းကိုပဲ အဓိကထား သွားလာ နေကြပါတယ်။ သမုတ်မှ လော့လော့ကို သမုတ်မြစ်ကူးဖို့ ဇက်နှင့်ကူးရင်တော့ ဇက်ကူးခ သောင်းချီပြီး ကုန်ကျပါတယ်။ တံတား ထိုးလိုက်ရင်တော့ ခရီး အနေအထားရော၊ အချိန်ရော အများကြီး သက်သာသွားမှာ ဖြစ်ပေမယ့် ရှောင်ကွင်းလမ်းတွင် ကျေးရွာ တော်တော်များများ ရှိနေပါတယ်။ ရှောင်ကွင်းလမ်းတွင် ဘုတ်-ပပြင်း-ဒေါ အပိုင်း ၁၃ မိုင် ၄ ဖာလုံနှင့် ဒေါ-ပင်းအို-ကဘင်းအပိုင်း ၁၁ မိုင် ၄ ဖာလုံကို ကွေ့ဝိုက်၍ သွားရပြီး လမ်းကောင်းသော်လည်း ကျဉ်းမြောင်းသည့် အတွက် ကားနှစ်စီးဆုံရာ နေရာများတွင် သွားလာရန် အခက်တွေ့ နေပါတယ်'' ဟု ခရီးသွား ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ရှောင်ကွင်းလမ်းမကြီးကို တိုးချဲ့ဖောက်လုပ် ပေး ပါက ဒေသခံ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာ မည် ဖြစ်ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

မြ၀တီ
တနင်္သာရီတိုင်း ဒေသကြီး မြိတ်-ရန်ကုန်လမ်းပိုင်းရှိ မြိတ်မြို့မှ ပုလောမြို့သို့ သွားရာလမ်းတွင် ရှိသော ရှောင် ကွင်းလမ်းမှာ ရှည်လျားကွေ့ဝိုက်၍ သွားရသော်လည်း အသုံးပြုသွားလာမှု များပြား လာကြောင်း သိရသည်။
''ယခု လက်ရှိမှာတော့ သမုတ်မြစ်ကူး ကူးတို့ကို အမြန်လို အရေးကြီးတဲ့ ခရီးသည်တွေနဲ့ အနီး နားက ဒေသခံ အနည်းအကျဉ်းလောက်ပဲ အသုံးပြု သွားနေကြပါတယ်။ သာမန်အားဖြင့်တော့ ခရီးဝေးပေ မယ့် ရှောင်ကွင်း လမ်းကိုပဲ အသုံးပြုကြတယ်။ ခရီးသည်တင် မှန်လုံကားကြီးတွေနဲ့ အခြား ကုန်တင် ကားကြီး၊ ကားလေး တွေလည်း လက်ရှိမှာ ရှောင်ကွင်းလမ်းကိုပဲ အဓိကထား သွားလာ နေကြပါတယ်။ သမုတ်မှ လော့လော့ကို သမုတ်မြစ်ကူးဖို့ ဇက်နှင့်ကူးရင်တော့ ဇက်ကူးခ သောင်းချီပြီး ကုန်ကျပါတယ်။ တံတား ထိုးလိုက်ရင်တော့ ခရီး အနေအထားရော၊ အချိန်ရော အများကြီး သက်သာ သွားမှာ ဖြစ်ပေ မယ့် ရှောင်ကွင်းလမ်းတွင် ကျေးရွာ တော်တော်များများ ရှိနေပါတယ်။ ရှောင်ကွင်းလမ်းတွင် ဘုတ်-ပပြင်း -ဒေါ အပိုင်း ၁၃ မိုင် ၄ ဖာလုံနှင့် ဒေါ-ပင်းအို-ကဘင်းအပိုင်း ၁၁ မိုင် ၄ ဖာလုံကို ကွေ့ဝိုက်၍ သွားရပြီး လမ်းကောင်းသော်လည်း ကျဉ်းမြောင်းသည့် အတွက် ကားနှစ်စီးဆုံရာ နေရာများတွင် သွားလာရန် အခက်တွေ့ နေပါတယ်'' ဟု ခရီးသွား ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ရှောင် ကွင်းလမ်းမကြီးကို တိုးချဲ့ဖောက်လုပ် ပေး ပါက ဒေသခံ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာ မည် ဖြစ်ကြောင်း ဒေသ ခံ ပြည်သူများထံမှ သိရသည်။

မြ၀တီ

No comments:

Post a Comment