Tuesday 29 April 2014

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလက်ခံသော ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်ရေး လူ ၅၀၀ ကျော်က ဆန္ဒပြနေစဉ်

Photo: တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလက်ခံသော ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်ရေး လူ ၅၀၀ ကျော်က ဆန္ဒပြနေစဉ်
Tuesday, April 29, 2014

ဧပြီ ၂၈ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လက်ခံသော ဖွဲ့ စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ရေး လူ ၅၀၀ ကျော် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူများသည် ဧပြီ ၂၈ ရက် နံနက် ၈ နာရီမှစတင်ကာ လက်ရှိကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်မှုများ ပြုလုပ်ခဲ့ကြပြီး ညောင်လေးပင်မြို့ရှိ ကိုးန၀င်းဘုရားလမ်း၊ မဒေါက်လမ်းဆုံ၊ ဘုရားကြီးလမ်း၊ ကျောင်းကြီးလမ်း၊ စာတိုက်လမ်း၊ ဗိုလ်ချုပ်လမ်းတို့ကို ဖြတ်သန်းသွားကြပြီး နှစ်ကျိပ်ရှစ်ဆူဘုရားရှေ့တွင် ပြီးဆုံးခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတအရည်အချင်း သတ်မှတ်ချက် ပုဒ်မ  ၅၉ (စ)၊ ၅၉ (ဃ)၊ ပြင်ဆင်ရန်ခက်ခဲအောင် ပြု လုပ်ထားသည့် ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၆ (ခ) တို့ကို လုံးဝအလိုမရှိကြောင်း၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လက်ခံသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်စေရေးနှင့်  ပြည်သူလူထု ရွေးကောက်တင်မြှောက်သော ခေါင်းဆောင်အစိုးရသာလျှင် အုပ်ချုပ်ခွင့်ရစေရေးတို့အတွက် ရည်ရွယ်ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်မှ ဒီမိုကရေစီအစစ်အမှန်ဆိုတာကို ပြည်သူတွေရမှာဗျ။ တိုင်းပြည်ကြီး ဆင်းရဲတွင်းနက်နေတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာ မူတည်တယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက လူတစ်စုကောင်းစားရေးလောက်ကိုပဲကြည့်ပြီး ပြည်သူလူထုအတွက် ကြည့်ထားတာ ဘာမှမရှိတာကိုး" ဟု ဆန္ဒပြခေါင်းဆောင် ကိုအောင်ကျော်မိုးကဆိုသည်။      

Eleven Media Group  

ညောင်လေးပင်မြို့တွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးလက်ခံသော ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး လူ ၅၀၀ ကျော် ဆန္ဒပြ

ညောင်လေးပင်မြို့တွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးလက်ခံသော ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး လူ ၅၀၀ ကျော် ဆန္ဒပြ

ဧပြီ ၂၈ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လက် ခံသော ဖွဲ့ စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ရေး လူ ၅၀၀ ကျော် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ဆန္ဒပြသူများသည် ဧပြီ ၂၈ ရက် နံနက် ၈ နာရီမှစတင်ကာ လက်ရှိကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်မှု များ ပြုလုပ် ခဲ့ကြပြီး ညောင်လေးပင်မြို့ရှိ ကိုးန၀င်းဘုရားလမ်း၊ မဒေါက်လမ်းဆုံ၊ ဘုရားကြီးလမ်း၊ ကျောင်းကြီးလမ်း၊ စာတိုက်လမ်း၊ ဗိုလ်ချုပ်လမ်းတို့ကို ဖြတ်သန်းသွားကြပြီး နှစ်ကျိပ်ရှစ်ဆူဘုရားရှေ့တွင် ပြီးဆုံးခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတအရည်အချင်း သတ်မှတ်ချက် ပုဒ်မ  ၅၉ (စ)၊ ၅၉ (ဃ)၊ ပြင်ဆင်ရန် ခက်ခဲအောင် ပြု လုပ်ထားသည့် ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၆ (ခ) တို့ကို လုံးဝအလိုမရှိကြောင်း၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး လက်ခံသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်စေရေးနှင့်  ပြည်သူ လူထု ရွေးကောက်တင်မြှောက်သော ခေါင်းဆောင်အစိုးရသာလျှင် အုပ်ချုပ်ခွင့်ရစေရေးတို့အတွက် ရည်ရွယ်ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်မှ ဒီမိုကရေစီအစစ်အမှန်ဆိုတာကို ပြည်သူတွေရမှာဗျ။ တိုင်းပြည် ကြီး ဆင်းရဲတွင်းနက်နေတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာ မူတည်တယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက လူတစ်စုကောင်းစားရေးလောက်ကိုပဲကြည့်ပြီး ပြည်သူလူထုအတွက် ကြည့်ထားတာ ဘာမှမရှိတာကိုး" ဟု ဆန္ဒပြခေါင်းဆောင် ကိုအောင်ကျော်မိုးကဆိုသည်။     

Eleven Media Group

No comments:

Post a Comment