Wednesday 30 April 2014

မိုးစက်ဝိုင်ကို သံတမန်အဖြစ် ခန့်အပ်လိုက်သည့် ဘန်ကောက်အဲဝေးစ် လေကြောင်းလိုင်း

ဘန်ကောက်လေကြောင်းလိုင်းကနေပြီးတော့ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် သံတမန်အဖြစ် မိုးစက်ဝိုင် 
Miss Universe Myanmar 2013 ကို ခန့်အပ်တဲ့ပွဲကို ဧပြီလ(၂၈)ရက်နေ့က ပါ့ခ်ရွိုင်ရယ် ဟိုတယ် မှာ ပြုလုပ်ခဲ့ပါတယ်။ ဘန်ကောက် လေကြောင်းလိုင်းများထဲက လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Bangkok Airways လေကြောင်းလိုင်းဟာ ၂၀၀၄ ခုနှစ်က မြန်မာပြည် The Golden Land ကို ပျံသန်းပြေး ဆွဲမှု စတင် ခဲ့ပြီးတော့ ၂၀၁၃ ခုနှစ်တွင် ဘန်ကောက် Airways လေကြောင်းလိုင်းက ဘန်ကောက်မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကို တိုက်ရိုက်ပျံသန်းပြေးဆွဲမှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဘန်ကောက်လေကြောင်းလိုင်းအနေနဲ့ ရန်ကုန်မြို့ကို တစ်နေ့မှာ ခရီးစဉ် (၃)ကြိမ်မှ (၄)ကြိမ် အထိပြေး ဆွဲနေပြီးတော့ နေပြည်တော်၊ မန္တလေးမြို့တွေကိုတော့ တစ်ပတ်ကို (၅)ကြိမ်အထိ ပြေးဆွဲပျံသန်းနေ တယ်လို့ သိရပါတယ်။မိုးစက်ဝိုင်အနေနဲ့ လက်ရှိမှာ ဘန်ကောက်လေကြောင်းလိုင်းနဲ့ ရိုက်ကူးထားတဲ့ TV ကြော်ငြာတွေကို ၂၀၁၄ခုနှစ်၊ မေလတွင် မြန်မာပြည်ရှိ TV Channel များမှာ ထုတ်လွှင့်ကြေငြာသွား မှာဖြစ် တယ်လို့ သိရပါတယ်။

Bangkok Airways လေကြောင်းလိုင်းအနေနဲ့ လက်ရှိအချိန်မှာ လေယာဉ်(၂၅)စီး ရှိပြီး ထိုင်းနိုင်ငံနဲ့ အာရှတိုက်ရဲ့ ထူးခြားဆန်းပြားတဲ့ နေရာ(၂၀)ကျော်ကို ပျံသန်းပြေးဆွဲပေးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Skytrax မှ ပေးအပ်တဲ့ Best Regional Airline အကောင်းဆုံး ဒေသတွင်းလေကြောင်းအဖြစ် ငါးနှစ်ဆက်တိုက်ဆုရရှိခဲ့တဲ့ လေကြောင်းလိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

MRTV-4

No comments:

Post a Comment