Tuesday 29 April 2014

သီလ၀ါအထူးစီးပွားရေးဇုန် ရှယ်ယာလက်မှတ်များ မေလအတွင်း ထုတ်ပေးမည်ဖြစ်ကာ ရှယ်ယာဝယ်ယူခွင့် ရ၊ မရကို နိုင်ငံပိုင် သတင်းစာများတွင် ယနေ့ကြေညာမည်

သီလ၀ါအထူးစီးပွားရေးဇုန် ရှယ်ယာလက်မှတ်များကို မေလအတွင်း ထုတ်ပေးမည်ဖြစ်ကာ ရှယ်ယာ ၀ယ်ယူခွင့် ရ၊ မရကို ဧပြီ ၂၉ ရက် (ယနေ့) ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာမည်ဖြစ်ကြောင်း သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီလီမိတက်မှ သိရသည်။
သီလ၀ါအထူးစီးပွားရေးဇုန် ရှယ်ယာများသည် ရောင်းချရန်လျာထားသည့် အရေအတွက် ၂ ဒသမ ၁၄၅ သန်းထက် ကျော်လွန်ကာ ၀ယ်ယူရန်အဆိုပြုသည့် ရှယ်ယာစုစုပေါင်း လေးသန်းကျော် ရှိခဲ့ကြောင်း သိရသည်။
   
ယင်းအဆိုပြုသူများအနက် ရှယ်ယာအစုတစ်စု (ကျပ်တစ်သောင်း) မှ အစုငါးရာ (ကျပ်သိန်းငါးဆယ်) အထိဝယ်ယူရန် အဆိုပြုသူအားလုံးမှာ မိမိဝယ်ယူရန် အဆိုပြုသည့် ပမာဏအတိုင်း ရရှိမည်ဖြစ်ပြီး ရှယ်ယာအစု ငါးရာ (ကျပ်သိန်းငါးရာ) အထက် ၀ယ်ယူရန် အဆိုပြုသူများမှာ အချိုးကျစနစ်ဖြင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
   
"ရှယ်ယာ certificate က မေလ စတုတ္ထပတ်လောက်မှာ ထုတ်ပေးမှာဖြစ်ပါတယ်။ ရှယ်ယာဝယ်ယူတဲ့ အခါမှာ ရှယ်ယာ certificate ကိုလာယူမယ်လို့ ဖြည့်ထားရင်တော့ ရုံးမှာကိုယ်တိုင်လာယူရမှာပါ။ လိပ်စာ အတိုင်း ပို့ပေးရမယ်လို့ ဖြည့်ထားရင်တော့ လာယူစရာမလိုပါဘူး။ အကယ်လို့ ဇွန်လဆန်း အထိမှ ရောက် မလာဘူးဆိုရင် ရုံးမှာ စုံစမ်းလို့ရပါတယ်။ အဆိုပြုသူတွေက မိမိဝယ်ယူခွင့်ရမရကို မနက်ဖြန်သတင်း စာတွေမှာ ကြည့်လို့ရပါတယ်" ဟု ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
   
သီလ၀ါအထူးစီးပွားရေးဇုန် ရှယ်ယာများကို ၂၀၁၄ ခုနှစ် မတ် ၃ ရက်တွင် စတင်ရောင်းချခဲ့ကာ ဧပြီ ၉ ရက်တွင် အဆိုပြုလျှောက်လွှာများ နောက်ဆုံးထား လက်ခံခဲ့ကြောင်း သိရသည်။
   
မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေသည့် အထူးစီးပွားရေးဇုန်သုံးခုတွင် သီလ၀ါအထူးစီးပွားရေး ဇုန်မှာ တစ်ခု အပါအ၀င်ဖြစ်ကာ ယင်းအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန်အတွက် ရှယ်ယာဝယ်ယူ သူမှာ ရောင်းချရန်သတ်မှတ်ထားသည့် ပမာဏထက် နှစ်ဆကျော် စိတ်ဝင်စားမှုများပြားခဲ့သည့် အထူး စီးပွားရေးဇုန်တစ်ခုဖြစ်ကြောင်း သိရသည်။ သီလ၀ါအထူးစီးပွားရေးဇုန်သည် မြန်မာဘက်မှ ၅၁ ရာခိုင်နှု န်းနှင့် ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်း ရင်းနှီးတည်ဆောက်မည့် စီမံကိန်းဖြစ်ကာ ၂၀၁၅ နှစ်လယ်ပိုင်းတွင် စီး ပွားဖြစ် လည်ပတ်နိုင်မည်ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment