Wednesday 30 April 2014

အဝေးပြေးကားဝင်းတွင် ခရီးသည်တစ်ဦးထံမှ စိတ်ကြွဆေးနှင့် သေနတ်ဖမ်းမိ

ဒဂုံဧရာ အဝေးပြေးကားဝင်းအတွင်း ခရီးသည်တစ်ဦးထံမှ ပစ္စတိုလေသေနတ်တစ်လက်နှင့် စိတ်ကြွဆေြး ပား များ ဖမ်းမိကြောင်း သတင်းရရှိသည်။
အဝေးပြေးကားဝင်း ဧရာ ရွှေစင်ကားဂိတ်ရှေ့ရှိ ပုသိမ်-ရန်ကုန်ခရီးသည်တင်ယာဉ်ပေါ်တွင် ကရင်ပြည် နယ်၊ မြ၀တီမြို့နေ အမျိုးသားတစ်ဦးကို ဧပြီ ၂၇ ရက် ညအချိန်က မူးယစ်နှိမ်နင်းရေး ရဲများက ခရီးသည် များနားနေဆောင်သို့ခေါ် ယူစစ်ဆေးရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေခဲ့ရာ ၎င်းဝတ် ထားသည့် အတွင်းခံဘောင်းဘီ တိုအတွင်းထည့်ထားသော အနက်ရောင် သား ရေဇစ်ဆွဲပိုက်ဆံအိတ်ထဲမှ ပလတ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် စုစုပေါင်းငွေကျပ် ၁၉၀,၀၀၀ တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၃၈ ပြားကိုတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြ ထားသည်။

အဆိုပါအမျိုးသားကို စစ်ဆေးရှာဖွေစဉ်က ၎င်းလွယ်ထားသော ကျောပိုးအိတ်အတွင်းမှ Tactical စာတန်းပါ အနက်ရောင်ပစ္စတို လေသေနတ်တစ် လက်နှင့် စတီးဘောစေ့ လေးလုံးထည့်ထားသော ကျည်အိတ်တစ် ခုကို တွေ့ရှိ ခဲ့သည်။

ထို့ကြောင့် ယင်းလေသေနတ်ကို မှုခင်းရဲတပ်ဖွဲ့ထံသို့ပို့ဆောင် စစ်ဆေးနေကြောင်း သောင်ကြီး နယ်မြေ ရဲစခန်းမှ အမှုစစ်ရဲအရာရှိတစ်ဦးကပြောသည်။

၎င်းကို သောင်ကြီးမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားပြီး အင်းစိန်မြို့နယ်တွင်းဖြစ်ပွားသော မူးယစ်မှုတစ်မှု၏ ကွင်းဆက်ဖြစ်ကြောင်း သတင်းရရှိသည်။

7 Days

No comments:

Post a Comment