Wednesday 30 April 2014

အမျိုးသားဝတ်စုံဖြင့်ဗိုလ်ချုပ်ကြေးရုပ်သွန်းလုပ်မည်

ဗိုလ်ချုပ်အောင်ဆန်းပညာသင် ကြားခဲ့သော မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် အခြားဒေသ များ ၌တွေ့ ရသော ဗိုလ်ချုပ်ရုပ်တု များနှင့်မတူသည့် အမျိုးသားဝတ်စုံ ဖြင့် ဗိုလ်ချုပ်ကြေးသွန်းရုပ်တုကို ထုလုပ် ရန် စီစဉ်လျက်ရှိကြောင်း ဗိုလ်ချုပ်ကြေးရုပ်သွန်းလုပ်မည့် ကော်မတီဝင်တစ်ဦးကပြောသည်။
လက်ရှိတွင် ရေနံချောင်းရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တစ် ရုပ်ကို အိုးဘိုရပ်ကွက်ရှိ အောင် ချမ်းသာရပ် ပန်းခြံတွင် မြင်တွေ့နိုင် ပြီး မြို့နယ်စည်ပင်သာယာရေး အဖွဲ့ကစောင့်ရှောက်ထားသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ်က ရေနံချောင်းမြို့ ရွှေကြာ ငုံရပ်ကွက် အ.မ.က(၈) ဗိုလ်ချုပ် ကျောင်း၌ စတုတ္ထတန်းမှ ဒသမ တန်းအထိ ပညာသင်ခဲ့ပြီး ပါဠိ ဘာသာဖြင့် ရေးသားထားသည့် ဗိုလ်ချုပ်အောင်ဆန်း ကိုယ် တိုင်ရေး သည့် လက်ရေးမူစာအုပ်ကို အ.ထ.က(၁)တွင်ထားရှိသည်။

''ကျွန်တော်တို့ ဖေဖော်ဝါရီ ၁၁ ရက်ကဆုံးဖြတ်ခဲ့ကြတာပါ။ တချို့လဲကြေးရုပ်သွန်းလုပ်ဖို့ အလှူ ရှင်များ လှူဒါန်းနေကြပြီ။ကျွန်တော် တို့ ဗိုလ်ချုပ်ကြေးရုပ်ကို အမျိုးသား ဝတ်စုံနဲ့သွန်းလုပ်မှာပါ''ဟုလုပ်ငန်း ရှင်တစ်ဦး ကပြောသည်။

တည်ဆောက်မည့်ကြေးရုပ်ကို ကြေးဖြင့်သွန်းလုပ်မည်ဖြစ်ပြီး အပွ (အခေါင်းပွ)ဖြစ်ကြောင်း ၄င်းက ဆို သည်။

The Union Daily

No comments:

Post a Comment