Wednesday 30 April 2014

ဘိုင်ယန်မြူးနစ်နဲ့ ပွဲမှာ ပြန်လည်ပါဝင်လာမည့် " ဘေးလ် "

Photo: ဘိုင်ယန်မြူးနစ်နဲ့ ပွဲမှာ ပြန်လည်ပါဝင်လာမည့် " ဘေးလ် "
Wednesday, April 30, 2014

စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်း တောင်ပံကစားသမား " ဘေးလ် " ဟာ အဖျား ဝေဒနာမှ ပြန်လည်သက်သာလာတာကြောင့်
လာမယ့်ကြားရက်မှာ ယှဉ်ပြိုင်ကစားမယ့် ဘိုင်ယန် မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အသက် ၂၄ နှစ်အရွယ် ဝေးလ်လက်ရွေးစင် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့တစ်ပတ်ခန့်က အဖျားဝေဒနာ စတင်ခံစားခဲ့ရတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ပွဲချိန်ပြည့်ပါဝင်မကစားနိုင်ပဲ ဒုတိယပိုင်းမှ လူစားဝင်ရောက် ကစားခဲ့တာ ဖြစ်ပါတယ်။
 
ဒါ့အပြင် ယခုတစ်ပတ်က အိုဆာဆူနာအသင်းကို (၄)ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာလည်း အသင်းအတွက် ပါဝင်ကစားနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ " ဘေးလ် " ဟာ အဖျားဝေဒနာမှ ပြန်လည်သက်သာ လာတာကြောင့် ဘိုင်ယန် မြူးနစ်အသင်းနဲ့ ချန်ပိယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ပြန်ပါဝင်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ " ဘေးလ် " ဟာ ယခုနှစ် ရာသီရီးရဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၄၀) ပါဝင်ကစားထားပြီး ဂိုး(၂၀)ထိ သွင်းယူထားတာဖြစ်သလို ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လည်း (၅)ဂိုးထိ သွင်းယူထားတာဖြစ်ကြောင်း သိရပါတယ်။
 
ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခုနှစ် အပါအ၀င် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို နောက်ဆုံး(၄)နှစ်မှာ (၄) ကြိမ်စလုံး တက်ရောက်နိုင်ခဲ့တာ ဖြစ်သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၉)ကြိမ်ထိ စံချိန်တင်ဗိုလ်စွဲကာ ပြိုင်ပွဲ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ယခုနှစ် ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပထမအကျော့မှာလည်း(၁)ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ (၁၀)ကြိမ်မြောက် ချန်ပီယံဆုကို ရရှိဖို့ မျှော်လင့်နေတာဖြစ်ကြောင်း သတင်းရရှိပါသည်။

MRTV-4
စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်း တောင်ပံကစားသမား " ဘေးလ် " ဟာ အဖျား ဝေဒနာ မှ ပြန်လည်သက်သာလာတာကြောင့် လာမယ့်ကြားရက်မှာ ယှဉ်ပြိုင်ကစားမယ့် ဘိုင်ယန် မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အသက် ၂၄ နှစ် အရွယ် ဝေးလ် လက်ရွေးစင် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့တစ်ပတ်ခန့်က အဖျားဝေဒနာ စတင်ခံစား ခဲ့ ရ တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ပွဲချိန်ပြည့်ပါဝင် မကစားနိုင်ပဲ ဒုတိယပိုင်းမှ လူစားဝင်ရောက် ကစားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ယခုတစ်ပတ်က အိုဆာဆူနာအသင်းကို (၄)ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ စပိန်လာလီဂါပွဲစဉ် မှာလည်း အသင်းအတွက် ပါဝင်ကစားနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ " ဘေးလ် " ဟာ အဖျားဝေဒနာမှ ပြန်လည်သက်သာ လာတာကြောင့် ဘိုင်ယန် မြူးနစ်အသင်းနဲ့ ချန်ပိယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ပြန်ပါဝင်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ " ဘေးလ် " ဟာ ယခုနှစ် ရာသီရီးရဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၄၀) ပါဝင်ကစားထားပြီး ဂိုး(၂၀)ထိ သွင်းယူထားတာဖြစ်သလို ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လည်း (၅)ဂိုးထိ သွင်းယူထားတာဖြစ်ကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခုနှစ် အပါအ၀င် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို နောက်ဆုံး(၄)နှစ်မှာ (၄) ကြိမ်စလုံး တက်ရောက်နိုင်ခဲ့တာ ဖြစ်သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၉)ကြိမ်ထိ စံချိန်တင်ဗိုလ်စွဲကာ ပြိုင်ပွဲ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ယခုနှစ် ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပထမအကျော့မှာလည်း(၁)ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ (၁၀)ကြိမ်မြောက် ချန်ပီယံဆုကို ရရှိဖို့ မျှော်လင့်နေ တာဖြစ်ကြော င်း သတင်းရရှိပါသည်။

MRTV-4

No comments:

Post a Comment