Tuesday 29 April 2014

သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ဒေသများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်း

Photo: သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ဒေသများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်း
Tuesday, April 29, 2014

သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ပြည်နယ်၊ တိုင်းဒေသကြီး အချို့ရှိ ရပ်ကွက်၊ ကျေးရွာများသို့ တပ်မတော်သားများက သောက် သုံးရေများ ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ဇေယျာသီရိမြို့နယ် တဲကုန်းကျေးရွာသို့ သောက်သုံးရေ ၁၆ဝဝ ဂါလန် အားလည်းကောင်း၊ ဒိုးပင်ခုံကျေးရွာသို့ သောက်သုံးရေ ၄၂၃၅ ဂါလန်အား လည်းကောင်း၊ ရွှေတွင်းကုန်း ကျေးရွာသို့ သောက်သုံးရေ ၁၇ဝဝ ဂါလန်အား လည်းကောင်း၊

အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော် သားများက ဧပြီ ၂၇ ရက်တွင် ကော့ထော်ကျေးရွာသို့ သောက်သုံးရေ ၁၂၈ဝဝ ဂါလန်နှင့် ၅ ဂါလန်ဝင် ရေသန့်ဘူးကြီး ၃၅ဝ ဘူးအားလည်းကောင်း၊ ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ အောင်သာယာ ရပ်ကွက်သို့ သောက်သုံးရေ ၁၅၂ဝဝ ဂါလန်အား လည်းကောင်း၊ မုဒုံမြို့နယ် ကတုံးပေါ် ကျေးရွာနှင့် ဘလောက်-ညောင်ဝိုင်း ကျေးရွာများသို့ သောက်သုံးရေ ၆၄ဝဝ ဂါလန်နှင့် ၅ ဂါလန်ဝင် ရေသန့် ဘူးကြီး ၃ဝဝ ဘူးတို့အား လည်းကောင်း သွားရောက်ဖြန့်ဝေ လှူဒါန်းပေးသည်။

ထို့အတူ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ယနေ့နံနက်ပိုင်းတွင် ကျောက်ဖြူမြို့နယ် ရေနံတောင် ကျေးရွာသို့ သောက်သုံးရေ ၁၅ဝဝ ဂါလန်၊ ဘူးသီးတောင်မြို့နယ် ဒုံးသိမ်ကျေးရွာသို့ သောက်သုံးရေ ၁၁ဝဝ ဂါလန်နှင့် မြောက်ဦးမြို့နယ် အောင်မင်္ဂလာရပ်ကွက်သို့ သောက်သုံးရေ ၁၅ဝဝ ဂါလန်၊ ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာသို့ သောက်သုံးရေ ၇၄ဝ ဂါလန်၊ အမ်းမြို့နယ် ကြောင်ဖြူကွင်း ကျေးရွာသို့ သောက်သုံးရေ ၂၁ဝဝ ဂါလန် စုစုပေါင်း သောက်သုံးရေ ၆၉၄ဝ ဂါလန်အား လည်းကောင်း၊

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့နယ် ဘောင်းကြီးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ နေပူကုန်းကျေးရွာ၊ ရေတာရှည်မြို့နယ် စိမ့်ဝိုင်း ကျေးရွာ၊ အုတ်တွင်းမြို့နယ် တောက်တဲ့ကျေးရွာများသို့ သောက်သုံးရေ ၆၅ဝဝ ဂါလန်အား လည်းကောင်း သွားရောက်ဖြန့်ဝေ လှူဒါန်းပေးသည်။

အဆိုပါ သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ရပ်ကွက်၊ ကျေးရွာများသို့ သောက်သုံးရေ လိုအပ်ချက် အပေါ် မူတည်၍ တပ်မတော်သားများက ဆက်လက်ပေးပို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ
သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ပြည်နယ်၊ တိုင်းဒေသကြီး အချို့ရှိ ရပ်ကွက်၊ ကျေးရွာများသို့ တပ်မတော်သားများက သောက် သုံးရေများ ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ဇေယျာသီရိမြို့နယ် တဲကုန်းကျေးရွာသို့ သောက်သုံးရေ ၁၆ဝဝ ဂါလန် အားလည်းကောင်း၊ ဒိုးပင်ခုံကျေးရွာသို့ သောက်သုံးရေ ၄၂၃၅ ဂါလန်အား လည်းကောင်း၊ ရွှေတွင်း ကုန်း ကျေးရွာသို့ သောက်သုံးရေ ၁၇ဝဝ ဂါလန်အား လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော် သားများက ဧပြီ ၂၇ ရက်တွင် ကော့ထော်ကျေးရွာသို့ သောက်သုံးရေ ၁၂၈ဝဝ ဂါလန်နှင့် ၅ ဂါလန်ဝင် ရေသန့်ဘူးကြီး ၃၅ဝ ဘူးအားလည်းကောင်း၊ ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ အောင်သာယာ ရပ်ကွက်သို့ သောက်သုံးရေ ၁၅၂ဝဝ ဂါလန်အား လည်းကောင်း၊ မုဒုံမြို့နယ် ကတုံးပေါ် ကျေးရွာနှင့် ဘလောက်-ညောင်ဝိုင်း ကျေးရွာများသို့ သောက်သုံးရေ ၆၄ဝဝ ဂါလန်နှင့် ၅ ဂါလန်ဝင် ရေသန့် ဘူးကြီး ၃ဝဝ ဘူးတို့အား လည်းကောင်း သွားရောက်ဖြန့်ဝေ လှူဒါန်းပေးသည်။
ထို့အတူ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ယနေ့နံနက်ပိုင်း တွင် ကျောက်ဖြူမြို့ နယ် ရေနံတောင် ကျေးရွာသို့ သောက်သုံးရေ ၁၅ဝဝ ဂါလန်၊ ဘူးသီးတောင်မြို့နယ် ဒုံးသိမ်ကျေးရွာသို့ သောက်သုံးရေ ၁၁ဝဝ ဂါလန်နှင့် မြောက်ဦးမြို့နယ် အောင်မင်္ဂလာရပ်ကွက် သို့ သောက်သုံးရေ ၁၅ဝဝ ဂါလန်၊ ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာသို့ သောက်သုံးရေ ၇၄ဝ ဂါလန်၊ အမ်းမြို့နယ် ကြောင်ဖြူကွင်း ကျေးရွာသို့ သောက်သုံးရေ ၂၁ဝဝ ဂါလန် စုစုပေါင်း သောက်သုံးရေ ၆၉၄ဝ ဂါလန်အား လည်းကောင်း၊

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်း ဒေသ ကြီး၊ တောင်ငူမြို့နယ် ဘောင်းကြီးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ နေပူကုန်းကျေးရွာ၊ ရေတာရှည်မြို့နယ် စိမ့်ဝိုင်း ကျေးရွာ၊ အုတ်တွင်းမြို့နယ် တောက်တဲ့ကျေးရွာများသို့ သောက်သုံးရေ ၆၅ဝဝ ဂါလန်အား လည်းကောင်း သွားရောက်ဖြန့်ဝေ လှူဒါန်းပေးသည်။

အဆိုပါ သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ရပ်ကွက်၊ ကျေးရွာများသို့ သောက်သုံးရေ လိုအပ်ချက် အပေါ် မူတည်၍ တပ်မတော်သားများက ဆက်လက်ပေးပို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်း ရရှိ သည်။

မြ၀တီ

No comments:

Post a Comment