Wednesday 30 April 2014

ကမ္ဘာ့ အရှည်ဆုံးငြိမ်းချမ်းရေး အရိပ်အရောင်

နှစ်ပေါင်း (၆၀) ကျော်ကြာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ စစ်မီးလျှံကြီး ငြိမ်းသတ်တော့ မှာလား။ ဒီအတိုင်း တစ်ကယ်ဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ တစ်ခု နိဂုံးချုပ်နိုင်တော့မယ်လို့ ကြိုတင်မြင်ယောင်မိလေသောအခါ လက်တွေ့မှာ ဘယ်လိုအခက် အခဲတွေ ရှိနေကြအုံးမှာလဲ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူမူကြမ်းတွေလဲ ထုတ်ပြန် ပြီးပါပြီ။ မကြာမီ မေလ တတိယအပတ်မှာ ကျင်းပပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲလဲ ပြုလုပ်မှာဖြစ်ပါတယ်။ ဒါ့ပြင် မြန်မာ့နိုင်ငံရေးသမားတွေ အပါ အဝင် နိုင်ငံတကာ အသိုင်းအဝိုင်းတွေက မြန်မာရဲ့နိုင်ငံရေးကို စောင့်ကြည့်ပြီး သုံးသပ်နေတာထက် ပိုပြီး ဝင်ရောက်ပူးပေါင်းလာတာမျိုး မတွေ့ရသေးဘူး။ ဒါကို အားမလိုအားမရ ဖြစ်ရမှာလား၊ ဝမ်းသာ ရမှာလား။ အချို့ကတော့ မြန်မာ့ပြည်တွင်းရေး ပြသနာဟာ နိုင်ငံတကာ အစိုးရက ဖိအားပေး ဖြေရှင်း စေခြင်းကို လက်မခံနိုင်ကြသလို၊ အချို့ကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ့နိုင်ငံရေး ဒုက္ခ တွေကို စာနာမှုမဲ့ကြောင်း ဝေဖန်ကြပါတယ်။
သမိုင်း တစ်လျှောက်ကို ပြန်ကြည့်မယ် ဆိုရင်မြန်မာနိုင်ငံရဲ့ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ဟာ တိုင်း ရင်း သား လက်နက်ကိုင် အဖွဲ့တွေနဲ့တပ်မတော် စစ်တပ်တွေကြားမှာ နှစ်ပေါင်းရှည်ကြာစွာ (ဆယ် စုနှစ်ခြော က်ခု)တိုင်အောင် ဖြစ်ပွားခဲ့ကြပါတယ်။ ပြဿနာ အရင်းခံကို ဆန်းစစ်ကြည့်မယ်ဆိုရင် တိုင်းရင်း သားတွေတောင်းဆိုကြတဲ့ “ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်” ပြသနာကစခဲ့တာပဲ။ ဒီလို တောင်း ဆို မှုတွေကြောင့်ဘဲ ဆယ်စုနှစ်ခြောက်ခုတိုင်အောင် တိုင်းရင်းသားဒေသတွေ မှာ သေနတ် သံ တွေဝေလို့ ယမ်းငွေ့တွေ စွေခဲ့ရတယ်။အပြစ်မဲ့ တိုင်းရင်းသားပြည်သူတွေ အိုးအိမ်မဲ့တွေဖြစ်ခဲ့ရတယ်။ စစ်ဘေး ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရတယ်။ ဒါ့ထက်ကို တိုင်းရင်းသားတွေက တပ်မတော်အပေါ် မျက်လုံး စိမ်းတွေနဲ့ သံသယတွေထားပြီးကြည့်ခဲ့ကြတယ်။

ယခုလက်ရှိ ပြည်တွင်းစစ်ကြောင့် ကျွန်တော်တို့နိုင်ငံဟာ တခြားနိုင်ငံတွေထက် နိုင်ငံရေး၊ စီးပွားရေး၊ လူ မှုရေး၊ ပညာရေး အစစအရာရာ နောက်ကောက်ကျနေပြီ။တစ်ဖက်ကလည်း ကျေးလက် နဲ့ နယ်စပ် ဒေသနေ တိုင်းရင်းသားတွေအနေနဲ့ စစ်ဘေး ဒုက္ခသည်၊ ဖွံ့ဖြိုးရေး နောက်ကျမှု၊ ပညာ သင်ကြား နိုင်ခွင့်၊ စီးပွားရှာဖွေနိုင်ခွင့်တွေ ယမ်းငွေ့တွေနဲ့အတူ မျှော်လင့်ချက်မဲ့ခဲ့ရတယ်။ ဒါ့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များအနေဖြင့် မိမိတို့ရဲ့”ဆန္ဒ“ ကိုဘဲ ကြည့်ကြ မလား တိုင်း ရင်းသား တွေရဲ့ အခက်အခဲတွေကိုဘဲ ရှု့မြင်ကြမလား။ နှစ်ပေါင်းခြောက်ဆယ်နီးပါး ကြာမြှင့်လာပြီဖြစ် တဲ့ မြန်မာနိုင်ငံ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးကို မျှော်တွေးပြီး ဒီနိုင်ငံရေး ပြဿနာကို အပြစ်မဲ့ တိုင်းရင်းသားပြည်သူတို့အတွက် ကြိုးပမ်းအကောင်ထည်ဖော် သွားပေးရန် ရေးသားတင်ပြအပ်ပါသည်။

ဇော်ဆိုင်း
Credit To:Daily News

No comments:

Post a Comment